သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝေလငါး ၄၀၀ ကျော် နယူးဇီလန်မှာသောင်တင်


နယူးဇီလန်မှာ သောင်လာတင်နေတဲ့ ဝေလငါးတွေ။ (ဖေဖော်ဝါရီ ၁၀-၂၀၁၇)
နယူးဇီလန်မှာ သောင်လာတင်နေတဲ့ ဝေလငါးတွေ။ (ဖေဖော်ဝါရီ ၁၀-၂၀၁၇)

New Zealand နိုင်ငံက ဝေးလံတဲ့ ပင်လယ်ကမ်းခြေတခုဆီကို အမြောက်အများသောင်တင် လာတဲ့ ဝေလငါးတွေရေထဲပြန်သွားနိုင်အောင် လုပ်အားပေးအများအပြားက သောကြာနေ့က ကူညီကယ်ဆယ်ပေးခဲ့ကြပါတယ်။ South ကျွန်းရဲ့ မြောက်ဖက်စွန်းက Farewell Spit ဆိုတဲ့ ကမ်းခြေပေါ်မှာ ဝေလငါး အကောင် ၄၀၀ ကျော် သောင်တင်နေ တာကို တွေ့ခဲ့ကြပါတယ်။

သောကြာနေ့မနက်ကျမှ တွေ့ကြချိန်မှာ Pilot အမျိုးအစား ဝေလငါး ၇၅% လောက် သေဆုံးနေကြပါပြီ။ ဝေလငါးအကြီးတွေ၊ သားပေါက်လေးတွေရဲ့ အလောင်းတွေကိုလည်းကိုက်ရာချီအဝေးမှာ တေ့ွခဲ့ကြပါတယ်။

အသက်ရှင်နေသေးတဲ့ ဝေလငါး ၁၄၀ လောက်ကို ကယ်ဆယ်နိုင်ဖို့ ဒေသခံတွေ၊ ကမ္ဘာလှည့်ခရီးသွားတွေပါတဲ့ လုပ်အားပေး ရာနဲ့ချီက သောကြာနေ့က ဝိုင်းဝန်းကြိုးစားခဲ့ကြတာပါ။

New Zealand ကမ်းခြေပေါ် ဝေလငါးအမြောက်အများ သောင်တင်တာ အခုတခါ အရေအတွက် အများဆုံးဖြစ်တယ်လို့ Auckland တက္ကသိုလ်က အဏ္ဏဝါ ဇီဝဗေဒပညာရှင်တွေက ပြောပါတယ်

XS
SM
MD
LG