သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိမ်ရှင် ဘရာဇီးလ်နဲ့ မက္ကဆီကို တွေ့မည်


ကမ္ဘာ့ဖလားဘောလုံးပွဲ ဒီကနေ့ ပွဲစဉ်တွေမှာတော့ အိမ်ရှင် ဘရာဇီးလ်နဲ့ မက္ကဆီကို အသင်းတို့ဟာ ရံှုးထွက်အဆင့်မှာ အသာစီး ရဖို့အတွက် ယှဉ်ပြိုင်ကစားကြရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်က ဘရာဇီးလ်က ခရိုအေးရှားကို နိုင်ခဲ့ပြီး မက္ကဆီကို အသင်းက ကမ်မရွန်းအသင်းကို အနိုင်ကစားခဲ့တဲ့အတွက် အုပ်စု A မှာ အမှတ်တူနဲ့ ဦးဆောင်နေတာပါ။

အုပ်စု H က ဘယ်လ်ဂျီယံအသင်းနဲ့ အယ်ဂျီးရီးယား၊ ရုရှားနဲ့ တောင်ကိုရီးယား အသင်းတို့ ဒီကနေ့မှာ စတင်ကစားကြမှာ ဖြစ်ပါတယ်။

တနင်္လာနေ့ညမှာ ကစားသွားတဲ့ အုပ်စု G မှာ အမေရိကန်အသင်းက ဂါနာအသင်းကို ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ရရှိ သွားပါတယ်။
အမေရိကန် ရှေ့တန်းလူ ကလင့်ဒမ်စေကနေ ၃၄ စက္ကန့်အတွင်း ညာထောင့်အစွန်းကို သွင်းယူခဲ့တဲ့ အဖွင့်ဂိုးဟာ ကမ္ဘာ့ဖလား သမိုင်းတလျှောက် အချိန်အတိုဆုံး သွင်းယူခဲ့တဲ့ ဂိုးတွေထဲက ၆ ဂိုးမြောက်ဖြစ်ပြီး အမေရိကန် တယောက်အနေနဲ့တော့ အချိန် အတိုဆုံး သွင်းယူခဲ့တဲ့ ဂိုးတဂိုး ဖြစ်ပါတယ်။

ဂါနာအသင်းအတွက် အင်ဒရူးအိုင်ရော က ချေပဂိုး ပြန်မသွင်းခင် ၈၂ မိနစ်အထိ အမေရိကန်အသင်းက ၁ ဂိုး - ဂိုးမရှိနဲ့ ဦးဆောင်ခဲ့တာပါ။ သရေနဲ့ အဆုံးသတ်တော့မလို ဖြစ်ခဲ့ပြီးမှ အမေရိကန်အသင်းအတွက် အနိုင်ဂိုးကို ၈၆ မိနစ်မှာ သွင်းယူခဲ့ပါတယ်။
XS
SM
MD
LG