သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကပ်ဘေးကြားမှ ၂၀၂၀ တိုကျိုအိုလံပစ် အောင်မြင်စွာအဆုံးသတ်


Tokyo Olympics ပိတ်ပွဲအခမ်းအနား
Tokyo Olympics ပိတ်ပွဲအခမ်းအနား

Zawgyi/Unicode

ကပ်ရောဂါကြောင့် အချိန်ရွှေ့ဆိုင်းကျင်းပခဲ့တဲ့ ၂၀၂၀ တိုကျိုအိုလံပစ်အားကစားပွဲစဉ်တွေ အောင်မြင်တယ်လို့ နိုင်ငံတကာ အိုလံပစ် ကော်မတီ ဥက္ကဋ္ဌ Thomas Bach က မနေ့တုန်းက ပြောပါတယ်။
“အလွန်ကိုအောင်မြင်တဲ့ အိုလံပစ်အားကစားပွဲတခုကိုကျင်းပနိုင်ခဲ့တယ်ဆိုတာ ကျနော်တို့ အခုတော့ ခိုင်ခိုင်မာမာပြောနိုင်ပါပြီ။ ပြီးခဲ့တဲ့ ၂ နှစ် မရေရာတဲ့ အခြေအနေတွေကြားမှာ ဒီပွဲတွေကို ကျင်းပနိုင်ပါ့မလားတောင် ထင်ခဲ့ကြတာပါ။ လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်မှာ ဖွင့်ပွဲကျင်းပခဲ့ပြီးတဲ့နောက်လည်း ပွဲစဉ်တွေမှာ လာကြည့်တဲ့သူတွေကိုခွင့်မပြုဖို့ ဂျပန်အစိုးရရဲ့ဆုံးဖြတ်ချက်ကို လက်ခံခဲ့ပြီးတဲ့နောက် ပွဲကြည့်သူမရှိတဲ့ ဒီပွဲစဉ်တွေအောင်မြင်ပါ့မလား စိုးရိမ်စိတ်တွေရှိခဲ့ကြပါတယ်။ အခုတော့ ဒီပွဲတွေကို အောင်အောင်မြင်မြင်ကျင်းပနိုင်ခဲ့ပြီ”...လို့ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ Thomas Bach ကပြောပါတယ်။
ကပ်ရောဂါ အခြေအနေတွေကြား တိုကျိုမြို့ကို အရေးပေါ်အခြေအနေကြေညာထားတာပါ။ အခက်အခဲအမျိုးမျိုးကြားက နိုင်ငံတကာ အားကစားသမားတွေနဲ့ တာဝန်ရှိသူတွေအပါအဝင် လူ ၅ သောင်းလောက် စုဝေးပြီး ဒီ ၂၀၂၀ တိုကျိုအိုလံပစ်အားကစားပွဲတွေကို စီစဉ်ကျင်းပခဲ့ကြပါတယ်
ဂျပန်မှာ ကိုရိုနာမျိုးဗီဇကွဲ Delta variant ကူးစက်မှုတွေ မြင့်တက်နေတာနဲ့အတူ အခုလို အားကစားပွဲတွေကျင်းပဖို့ ဆုံးဖြတ်ချက်အပေါ် ဝေဖန်မှုတွေလည်း ရှိခဲ့တာပါ။ ဒီလို အခက်အခဲအမျိုးမျိုးကြား အခုတော့ အိုလံပစ်ပွဲစဉ်တွေကို အောင်အောင်မြင်မြင်ကျင်းပနိုင်ခဲ့တာကြောင့် အားလုံးကိုကျေးဇူးတင်ကြောင်းအိုလံပစ် ကော်မတီ ဥက္ကဌ Thomas Bach က မနေ့တုန်းက ပိတ်ပွဲမကျင်းပမီ နာရီပိုင်းအလိုမှာပဲ ပြောကြားခဲ့ပါတယ်။

ကပ်ဘေးကြားမှ ၂၀၂၀ တိုကျိုအိုလံပစ် အောင်မြင်စွာအဆုံးသတ်
please wait

No media source currently available

0:00 0:01:32 0:00
တိုက်ရိုက် လင့်ခ်


=======

Unicode



#TokyoOlympics #VOABurmese

XS
SM
MD
LG