[[Zawgyi/Unicode]]
မြန်မာဆိုင်ရာ ကုလလူ့အခွင့်ရေး အထူးကိုယ်စားလှယ်အနေနဲ့ မလေးရှားသွားပြီး ဆိုးဝါးလာတဲ့ လူ့အခွင့်အရေး မှတ်တမ်းတင်ဖို့ ရှိပါတယ်။
မြန်မာနိုင်ငံအတွင်းက အခြေအနေတွေဟာ ဆိုးရွားလာနေပြီး စစ်အုပ်စုကလည်း အမှန်တရားကိုဖုံးကွယ်ဖို့ ကြိုးပမ်းနေတာကြောင့် စစ်အာဏာသိမ်းမှုနောက်ပိုင်း ထွက်လာသူတွေအပါအဝင် မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်ခံရသူတွေနဲ့ တွေ့ဖို့ရှိတယ်လို့ သောကြာနေ့စတင်မယ့် တပတ်ကြာခရီးစဉ်မစတင်ခင်မှာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews ကြေညာချက် ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံထဲ လူ့အခွင့်အရေးအခြေအနေတွေ ဆက်လက်ဆိုးဝါးနေပြီး စစ်အုပ်စုကလည်း ဒီသတင်းမှန်တွေကို ဖုံးကွယ်ဖို့ကြိုးပမ်းနေတာကြောင့် ဒီအခြေအနေမှန်တွေ ဖော်ထုတ်နိုင်ဖို့ အခုခရီးစဉ်မှာ ဆက် ကြိုးပမ်းသွားမှာပါလို့ Andrews က ဆိုပါတယ်။
ဒါ့အပြင် ကွာလာလမ်ပူမှာ မလေးရှားအစိုးရကိုယ်စားလှယ်တွေ၊ လွှတ်တော်အမတ်တွေ၊ မြန်မာနဲ့အာဆီယံအရေး ကျွမ်းကျင်သူတွေအပြင် အရပ်ဖက်အဖွဲ့နဲ့ ဒေသန္တရအခြေပြုအဖွဲ့တွေရဲ့ ကိုယ်စားလှယ်တွေနဲ့လည်းတွေ့ဆုံသွားမယ်လို့ Andrews က ဆက်ပြောပါတယ်။
လူ့အခွင့်အရေးကိုယ်စားလှယ် Andrews ဟာ အခု မလေးရှားခရီးစဉ်နောက်ဆုံးနေ့ ဇွန်လ ၂၃ ရက်မှာ သတင်းစာရှင်းလင်းပွဲလုပ်ဖို့ရှိပြီး အခုခရီးက မြန်မာ့အရေး အာဆီယံဒေသတွင်း တခြားနိုင်ငံတွေနဲ့ ပိုချိတ်ဆက်မယ့် လုပ်ငန်းစဉ် အစဖြစ်တယ်လို့လည်း ဆိုပါတယ်။
တကယ်တော့ Andrews အနေနဲ့ ပြတ်ပြတ်သားသားထုတ်ဖော်ဝေဖန်ရလေ့ရှိတဲ့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရာထူး ခန့်အပ်ခံပြီးကတည်းက မြန်မာနိုင်ငံကို ဝင်ရောက်ခွင့်မရခဲ့သေးဘဲ အပြင်ကသာ အချက်အလက်တွေ စုဆောင်းတင်ပြနေရတာပါ ခင်ဗျာ။
==============
[[Unicode]]
==============