သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ့လူ႔အခြင့္အေရးေဆြးေႏြးမယ့္ Tom Andrews ရဲ႕ေတာင္ကိုရီးယားခရီး  


ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢအထူးကိုယ္စားလွယ္ Tom Andrews 

[[Zawgyi/Unicode]]

ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢအထူးကိုယ္စားလွယ္ Tom Andrews ဟာ ျမန္မာ့အေရးကိစၥအတြက္ ေတာင္ကိုရီးယားႏိုင္ငံခရီးစဥ္ကို ႏိုဝင္ဘာလ ၁၆ ရက္ေန႔ ဒီကေန႔မွာစတင္မွာျဖစ္ပါတယ္။ ႏိုဝင္ဘာလ ၂၁ ရက္ေန႔အထိ ၅ ရက္ၾကာခရီးစဥ္အတြင္း ေတာင္ကိုရီးယားေရာက္ျမန္မာႏိုင္ငံသားေတြအေရး အပါအဝင္ ျမန္မာႏိုင္ငံဒီမိုကေရစီလမ္းေၾကာင္းျပန္လည္ေရာက္ရွိေရးအတြက္ေတာင္ကိုရီးယားကိုတြန္း အားေပးဖို႔ စီအစဥ္ေတြလည္းပါဝင္ႏိုင္တယ္လို႔ ေတာင္ကိုရီးယားမွာရွိတဲ့ျမန္မာ့အေရးလႈပ္ရွားသူေတြက ေမွ်ာ္လင့္ထားပါတယ္။ အထူးကိုယ္စားလွယ္ Tom Andrew ဟာ ေတာင္ကိုရီးယား အစိုးရတာဝန္ရွိ သူေတြနဲ႔ေတြ႕ဆုံဖို႔ရွိသလို၊ NUG အမ်ိဳးသားညီၫြတ္ေရးအစိုးရကိုယ္စားလွယ္ေတြအပါအဝင္ လူ႔အခြင့္ အေရးလႈပ္ရွားသူေတြနဲ႔ လည္းေတြ႕ဆုံဖို႔ရွိပါတယ္။ Tom Andrew ရဲ႕ ခရီးစဥ္နဲ႔ပတ္သက္လို႔ ဘာေတြ သိရွိထားပါသလဲလို႔ ေတာင္ကိုရီးယားဆိုင္ရာ NUG အစိုးရကိုယ္စားလွယ္ ကိုရန္ႏိုင္ထြန္းကို ေမးၾကည့္တဲ့ အခါအခုလိုေျပာျပ ပါတယ္။

ကိုရန္ႏိုင္ထြန္း။ ။ ဟုတ္ကဲ့၊ အဓိက-ကေတာ့ က်ေနာ္တို႔ ေတာင္ကိုရီးယားႏိုင္ငံဟာဆိုလို႔ရွိရင္ ျမန္မာ့ဒီမိုကေရစီေရးရာနဲ႔ပတ္သက္ၿပီးေတာ့ တက္တက္ႂကြႂကြနဲ႔ အားေပးကူညီ ေထာက္ခံေပးတဲ့ ႏိုင္ငံတႏိုင္ငံျဖစ္တဲ့အတြက္ေၾကာင့္မို႔လို႔ သူ႔အေနနဲ႔ ကိုရီးယားႏိုင္ငံကို လာေရာက္ၿပီးေတာ့ ကိုရီးယားႏိုင္ငံမွာရွိတဲ့ အာဏာပိုင္ေတြနဲ႔အတူ လူ႔အခြင့္အေရး တက္ႂကြလႈပ္ရွားတဲ့သူေတြကိုလည္း ေတြ႕ဆုံဖို႔ အစီအစဥ္ေတြ ရွိပါတယ္။ ၿပီးေတာ့ ကိုရီးယားႏိုင္ငံမွာရွိေနတဲ့ အမ်ိဳးသားညီၫြတ္ေရးအစိုးရရဲ႕ ကိုရီးယားႏိုင္ငံဆိုင္ရာ ကိုယ္စားလွယ္႐ုံးကိုလည္း သူလာေရာက္ဖို႔အတြက္ appointment ယူထားတာရွိပါတယ္။ သူနဲ႔ေတြ႕ဆုံၿပီးေတာ့ စကားေျပာဖို႔ အစီအစဥ္ေတြလည္း ရွိပါတယ္။

ကိုေဇာ္မိုးေက်ာ္။ ။ သူက ေတာင္ကိုရီးယားကိုလာတယ္ဆိုေတာ့ ျမန္မာအေရးကိစၥကိုအဓိကေပါ့- ျမန္မာႏိုင္ငံ ဒီမိုကေရစီလမ္းေၾကာင္း ျပန္လည္ေရာက္ရွိေရးအတြက္ တြန္းအားေပးဖို႔ လာတယ္လို႔ ယူဆရပါသလား။ ...ဆိုေတာ့ အဓိက-ကေပါ့၊ ကိုရီးယားကေရာ ျမန္မာ့အေရးကိစၥနဲ႔ပတ္သက္ၿပီးေတာ့ ေလာေလာဆယ္ ဘာေတြလုပ္ေနတာရွိလဲ။

ကိုရန္ႏိုင္ထြန္း။ ။ ဟုတ္ပါတယ္။ ကိုရီးယားႏိုင္ငံမွာဆိုလို႔ရွိရင္ ျမန္မာ့ဒီမိုကေရစီအေရးအတြက္ကို စဥ္ဆက္မျပတ္ အားေပးကူညီ ေထာက္ခံမႈေတြ ေပးခဲ့တဲ့ႏိုင္ငံတႏိုင္ငံျဖစ္ပါတယ္။ ကိုရီးယားျပည္သူေတြေကာ ကိုရီးယားအစိုးရအဖြဲ႕ဝင္ထဲကေရာ၊ ေနာက္ၿပီးေတာ့ ကိုရီးယားမွာရွိေနတဲ့ အစိုးရမဟုတ္ေသာ NGO အဖြဲ႕အစည္းေတြကအစ အင္တိုက္အားတိုက္ အားေပးကူညီေနတဲ့ ႏိုင္ငံတႏိုင္ငံျဖစ္ပါတယ္။ မစၥတာ Tom Andrews အေနနဲ႔လည္း ကိုရီးယားႏိုင္ငံကို လာေရာက္ၿပီးေတာ့ ကိုရီးယားအာဏာပိုင္အစိုးရအဖြဲ႕အစည္းေတြနဲ႔ ေတြ႕ဆုံမယ္။ ၿပီးေတာ့ရင္ ဒီ ကိုရီးယားမွာရွိေနၾကတဲ့ အစိုးရမဟုတ္ေသာ NGO အဖြဲ႕အစည္းေတြနဲ႔ေတြ႕ဆုံၿပီးေတာ့ ျမန္မာ့ဒီမိုကေရစီအေရးအတြက္ကို ပို၍ ပို၍ တြန္းအားေပးႏိုင္ဖို႔နဲ႔ ပို၍ ပို၍ အားေပးကူညီေထာက္ပံ့မႈေတြေပးႏိုင္ဖို႔အတြက္ သူ လာေရာက္ေဆာင္႐ြက္သြားလိမ့္မယ္လို႔ က်ေနာ္တို႔ အၾကမ္းဖ်င္းအားျဖင့္ေတာ့ သိရွိ နားလည္ပါတယ္ခင္ဗ်။

ကိုေဇာ္မိုးေက်ာ္။ ။ ျမန္မာျပည္မွာ အာဏာသိမ္းၿပီးေနာက္ပိုင္း ဒီမိုကေရစီလမ္းေၾကာင္းကိုျပန္ေရာက္ဖို႔ ျမန္မာ့ဒီမိုကေရစီအေရးနဲ႔ပတ္သက္ၿပီးေတာ့ အာဆီယံအပါအဝင္ ကုလသမဂၢ-ႏိုင္ငံတကာကေနၿပီးေတာ့ တြန္းအားေပး လုပ္ေဆာင္ေနတာေတြဟာ ေအာင္ျမင္မႈမရွိဘူးေပါ့ေနာ္၊ အဲဒါကို ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ကိုယ္တိုင္လည္း ဝန္ခံထားတာ ရွိတယ္။ အဲဒီေတာ့ Tom Andrews က ေတာင္ကိုရီးယားကိုလာတယ္၊ စည္း႐ုံးမႈေတြလုပ္တယ္ဆိုေတာ့ ဒီကိစၥမွာေရာ ထိေရာက္မႈရွိလာမယ္၊ တိုးတက္မႈရွိလာမယ္လို႔ ေမွ်ာ္လင့္ႏိုင္ပါသလား။

ကိုရန္ႏိုင္ထြန္း။ ။ က်ေနာ့္အေနနဲ႔ ေျပာရမယ္ဆိုလို႔ရွိရင္ေတာ့ ေတာင္ကိုရီးယားႏိုင္ငံက ျမန္မာ့ဒီမိုကေရစီအေရးအတြက္ကို အင္တိုက္အားတိုက္နဲ႔ အားေပးတဲ့ ႏိုင္ငံတႏိုင္ငံျဖစ္တဲ့အတြက္ေၾကာင့္မို႔လို႔ သူကေတာ့ ဒီႏိုင္ငံကိုလာျခင္းအားျဖင့္ေတာ့ သူ႔အတြက္ ျဖစ္ခ်င္တဲ့ဆႏၵေတြ၊ သူလုပ္ခ်င္တဲ့ ျမန္မာ့ဒီမိုကေရစီအေရးအတြက္ကို တြန္းအားေပးမယ့္ ကိစၥရပ္ေတြကိုေတာ့ ကိုရီးယားႏိုင္ငံဘက္ကေနၿပီးေတာ့ သူနဲ႔အတူ ပူးေပါင္းလုပ္သြားမယ္ဆိုရင္ေတာ့ ဒါ ေျမႀကီးလက္ခတ္ မလြဲပါဘူးခင္ဗ်ာ။

ကိုေဇာ္မိုးေက်ာ္။ ။ ေနာက္တခုကေပါ့ေလ- ေတာင္ကိုရီးယားရဲ႕ ရင္းႏွီးျမႇဳပ္ႏွံမႈေတြက ျမန္မာျပည္မွာ တခ်ိဳ႕ရွိေနတယ္။ အဲဒီအထဲက ျပန္ၿပီး ထြက္သြားတာရွိလား။ အဲဒါေတြထုတ္ဖို႔ တြန္းအားေပးတာမ်ိဳးေရာ ရွိလား။

ကိုရန္ႏိုင္ထြန္း။ ။ ဟုတ္ကဲ့၊ အဲဒါကေတာ့ မႏွစ္ကဆိုလို႔ရွိရင္ ကိုရီးယားသမၼတေပါ့ေလ - အရင္သမၼတေဟာင္းကေတာ့ အိမ္ျပာေတာ္ကေနၿပီးေတာ့ တရားဝင္စာတေစာင္ ေၾကညာခ်က္အေနနဲ႔ ထုတ္ျပန္ေၾကညာထားပါတယ္။ ကိုရီးယားစီးပြါးေရးလုပ္ငန္းရွင္မ်ားအေနနဲ႔ ျမန္မာႏိုင္ငံအတြင္းမွာ စီးပြါးေရးဆိုင္ရာ ရင္းႏွီးျမႇဳပ္ႏွံမႈေတြကို မလုပ္ဖို႔၊ အကယ္၍ လုပ္ဖို႔စဥ္းစားထားရင္လည္း ေခတတၱ ခဏ ေစာင့္ဆိုင္းထားေပးဖို႔ဆိုတဲ့ ေၾကညာခ်က္ကို ထုတ္ျပန္ထားတာရွိပါတယ္ခင္ဗ်။

ကိုေဇာ္မိုးေက်ာ္။ ။ ဟုတ္ကဲ့ခင္ဗ်။ ေက်းဇူးအမ်ားႀကီးတင္ပါတယ္ ကိုရန္ႏိုင္ထြန္းခင္ဗ်။

တိုက္႐ိုက္ လင့္ခ္

===================

[[Unicode]]

မြန်မာ့လူ့အခွင့်အရေးဆွေးနွေးမယ့် Tom Andrews ရဲ့တောင်ကိုရီးယားခရီး

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Tom Andrews ဟာ မြန်မာ့အရေးကိစ္စအတွက် တောင်ကိုရီးယားနိုင်ငံခရီးစဉ်ကို နိုဝင်ဘာလ ၁၆ ရက်နေ့ ဒီကနေ့မှာစတင်မှာဖြစ်ပါတယ်။ နိုဝင်ဘာလ ၂၁ ရက်နေ့အထိ ၅ ရက်ကြာခရီးစဉ်အတွင်း တောင်ကိုရီးယားရောက်မြန်မာနိုင်ငံသားတွေအရေး အပါအဝင် မြန်မာနိုင်ငံဒီမိုကရေစီလမ်းကြောင်းပြန်လည်ရောက်ရှိရေးအတွက်တောင်ကိုရီးယားကိုတွန်း အားပေးဖို့ စီအစဉ်တွေလည်းပါဝင်နိုင်တယ်လို့ တောင်ကိုရီးယားမှာရှိတဲ့မြန်မာ့အရေးလှုပ်ရှားသူတွေက မျှော်လင့်ထားပါတယ်။ အထူးကိုယ်စားလှယ် Tom Andrew ဟာ တောင်ကိုရီးယား အစိုးရတာဝန်ရှိ သူတွေနဲ့တွေ့ဆုံဖို့ရှိသလို၊ NUG အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စားလှယ်တွေအပါအဝင် လူ့အခွင့် အရေးလှုပ်ရှားသူတွေနဲ့ လည်းတွေ့ဆုံဖို့ရှိပါတယ်။ Tom Andrew ရဲ့ ခရီးစဉ်နဲ့ပတ်သက်လို့ ဘာတွေ သိရှိထားပါသလဲလို့ တောင်ကိုရီးယားဆိုင်ရာ NUG အစိုးရကိုယ်စားလှယ် ကိုရန်နိုင်ထွန်းကို မေးကြည့်တဲ့ အခါအခုလိုပြောပြ ပါတယ်။

ကိုရန်နိုင်ထွန်း။ ။ ဟုတ်ကဲ့၊ အဓိက-ကတော့ ကျနော်တို့ တောင်ကိုရီးယားနိုင်ငံဟာဆိုလို့ရှိရင် မြန်မာ့ဒီမိုကရေစီရေးရာနဲ့ပတ်သက်ပြီးတော့ တက်တက်ကြွကြွနဲ့ အားပေးကူညီ ထောက်ခံပေးတဲ့ နိုင်ငံတနိုင်ငံဖြစ်တဲ့အတွက်ကြောင့်မို့လို့ သူ့အနေနဲ့ ကိုရီးယားနိုင်ငံကို လာရောက်ပြီးတော့ ကိုရီးယားနိုင်ငံမှာရှိတဲ့ အာဏာပိုင်တွေနဲ့အတူ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားတဲ့သူတွေကိုလည်း တွေ့ဆုံဖို့ အစီအစဉ်တွေ ရှိပါတယ်။ ပြီးတော့ ကိုရီးယားနိုင်ငံမှာရှိနေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကိုရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးကိုလည်း သူလာရောက်ဖို့အတွက် appointment ယူထားတာရှိပါတယ်။ သူနဲ့တွေ့ဆုံပြီးတော့ စကားပြောဖို့ အစီအစဉ်တွေလည်း ရှိပါတယ်။

ကိုဇော်မိုးကျော်။ ။ သူက တောင်ကိုရီးယားကိုလာတယ်ဆိုတော့ မြန်မာအရေးကိစ္စကိုအဓိကပေါ့- မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်း ပြန်လည်ရောက်ရှိရေးအတွက် တွန်းအားပေးဖို့ လာတယ်လို့ ယူဆရပါသလား။ ...ဆိုတော့ အဓိက-ကပေါ့၊ ကိုရီးယားကရော မြန်မာ့အရေးကိစ္စနဲ့ပတ်သက်ပြီးတော့ လောလောဆယ် ဘာတွေလုပ်နေတာရှိလဲ။

ကိုရန်နိုင်ထွန်း။ ။ ဟုတ်ပါတယ်။ ကိုရီးယားနိုင်ငံမှာဆိုလို့ရှိရင် မြန်မာ့ဒီမိုကရေစီအရေးအတွက်ကို စဉ်ဆက်မပြတ် အားပေးကူညီ ထောက်ခံမှုတွေ ပေးခဲ့တဲ့နိုင်ငံတနိုင်ငံဖြစ်ပါတယ်။ ကိုရီးယားပြည်သူတွေကော ကိုရီးယားအစိုးရအဖွဲ့ဝင်ထဲကရော၊ နောက်ပြီးတော့ ကိုရီးယားမှာရှိနေတဲ့ အစိုးရမဟုတ်သော NGO အဖွဲ့အစည်းတွေကအစ အင်တိုက်အားတိုက် အားပေးကူညီနေတဲ့ နိုင်ငံတနိုင်ငံဖြစ်ပါတယ်။ မစ္စတာ Tom Andrews အနေနဲ့လည်း ကိုရီးယားနိုင်ငံကို လာရောက်ပြီးတော့ ကိုရီးယားအာဏာပိုင်အစိုးရအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံမယ်။ ပြီးတော့ရင် ဒီ ကိုရီးယားမှာရှိနေကြတဲ့ အစိုးရမဟုတ်သော NGO အဖွဲ့အစည်းတွေနဲ့တွေ့ဆုံပြီးတော့ မြန်မာ့ဒီမိုကရေစီအရေးအတွက်ကို ပို၍ ပို၍ တွန်းအားပေးနိုင်ဖို့နဲ့ ပို၍ ပို၍ အားပေးကူညီထောက်ပံ့မှုတွေပေးနိုင်ဖို့အတွက် သူ လာရောက်ဆောင်ရွက်သွားလိမ့်မယ်လို့ ကျနော်တို့ အကြမ်းဖျင်းအားဖြင့်တော့ သိရှိ နားလည်ပါတယ်ခင်ဗျ။

ကိုဇော်မိုးကျော်။ ။ မြန်မာပြည်မှာ အာဏာသိမ်းပြီးနောက်ပိုင်း ဒီမိုကရေစီလမ်းကြောင်းကိုပြန်ရောက်ဖို့ မြန်မာ့ဒီမိုကရေစီအရေးနဲ့ပတ်သက်ပြီးတော့ အာဆီယံအပါအဝင် ကုလသမဂ္ဂ-နိုင်ငံတကာကနေပြီးတော့ တွန်းအားပေး လုပ်ဆောင်နေတာတွေဟာ အောင်မြင်မှုမရှိဘူးပေါ့နော်၊ အဲဒါကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကိုယ်တိုင်လည်း ဝန်ခံထားတာ ရှိတယ်။ အဲဒီတော့ Tom Andrews က တောင်ကိုရီးယားကိုလာတယ်၊ စည်းရုံးမှုတွေလုပ်တယ်ဆိုတော့ ဒီကိစ္စမှာရော ထိရောက်မှုရှိလာမယ်၊ တိုးတက်မှုရှိလာမယ်လို့ မျှော်လင့်နိုင်ပါသလား။

ကိုရန်နိုင်ထွန်း။ ။ ကျနော့်အနေနဲ့ ပြောရမယ်ဆိုလို့ရှိရင်တော့ တောင်ကိုရီးယားနိုင်ငံက မြန်မာ့ဒီမိုကရေစီအရေးအတွက်ကို အင်တိုက်အားတိုက်နဲ့ အားပေးတဲ့ နိုင်ငံတနိုင်ငံဖြစ်တဲ့အတွက်ကြောင့်မို့လို့ သူကတော့ ဒီနိုင်ငံကိုလာခြင်းအားဖြင့်တော့ သူ့အတွက် ဖြစ်ချင်တဲ့ဆန္ဒတွေ၊ သူလုပ်ချင်တဲ့ မြန်မာ့ဒီမိုကရေစီအရေးအတွက်ကို တွန်းအားပေးမယ့် ကိစ္စရပ်တွေကိုတော့ ကိုရီးယားနိုင်ငံဘက်ကနေပြီးတော့ သူနဲ့အတူ ပူးပေါင်းလုပ်သွားမယ်ဆိုရင်တော့ ဒါ မြေကြီးလက်ခတ် မလွဲပါဘူးခင်ဗျာ။

ကိုဇော်မိုးကျော်။ ။ နောက်တခုကပေါ့လေ- တောင်ကိုရီးယားရဲ့ ရင်းနှီးမြှုပ်နှံမှုတွေက မြန်မာပြည်မှာ တချို့ရှိနေတယ်။ အဲဒီအထဲက ပြန်ပြီး ထွက်သွားတာရှိလား။ အဲဒါတွေထုတ်ဖို့ တွန်းအားပေးတာမျိုးရော ရှိလား။

ကိုရန်နိုင်ထွန်း။ ။ ဟုတ်ကဲ့၊ အဲဒါကတော့ မနှစ်ကဆိုလို့ရှိရင် ကိုရီးယားသမ္မတပေါ့လေ - အရင်သမ္မတဟောင်းကတော့ အိမ်ပြာတော်ကနေပြီးတော့ တရားဝင်စာတစောင် ကြေညာချက်အနေနဲ့ ထုတ်ပြန်ကြေညာထားပါတယ်။ ကိုရီးယားစီးပွါးရေးလုပ်ငန်းရှင်များအနေနဲ့ မြန်မာနိုင်ငံအတွင်းမှာ စီးပွါးရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေကို မလုပ်ဖို့၊ အကယ်၍ လုပ်ဖို့စဉ်းစားထားရင်လည်း ခေတတ္တ ခဏ စောင့်ဆိုင်းထားပေးဖို့ဆိုတဲ့ ကြေညာချက်ကို ထုတ်ပြန်ထားတာရှိပါတယ်ခင်ဗျ။

ကိုဇော်မိုးကျော်။ ။ ဟုတ်ကဲ့ခင်ဗျ။ ကျေးဇူးအများကြီးတင်ပါတယ် ကိုရန်နိုင်ထွန်းခင်ဗျ။

XS
SM
MD
LG