သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ့အေရးေဆြးေႏြးဖို႔ ကုလ အထူးကိုယ္စားလွယ္ ေတာင္ကိုရီးယား သြားမည္


ဆြန္ဇာလန္ႏိုင္ငံ ဂ်နီဗာၿမိဳ႕မွာက်င္းပတဲ့ ၅၁ႀကိမ္ေျမာက္ လူ႔အခြင့္အေရးေကာင္စီအတြင္းေတြ႔ရတဲ့ ကုလျမန္မာအထူးကိုယ္စားလွယ္ Tom Andrews

[[Zawgyi/Unicode]]

ျမန္မာႏိုင္ငံတြင္း ဒီမိုကေရစီေရးနဲ႔ လူ႔အခြင့္အေရးကို ပြင့္ပြင့္လင္းလင္း ေထာက္ခံကူညီၿပီး စစ္ေကာင္စီရဲ႕လုပ္ရပ္ေတြကို ျပင္းျပင္းထန္ထန္ေဝဖန္ရာမွာ ေတာင္ကိုရီးယားႏိုင္ငံဟာ ေဒသတြင္း ဦးေဆာင္မႈ ယူထားတယ္လို႔ ျမန္မာ့လူ႔အခြင့္အေရးဆိုင္ရာကုလအထူးကိုယ္စားလွယ္ Tom Andrews က ေျပာပါတယ္။

ကုလအထူးကိုယ္စားလွယ္ Tom Andrew ေတာင္ကိုရီးယားႏိုင္ငံကို ငါးရက္ၾကာခရီးစဥ္လာေရာက္မယ္ဆိုတာကို ေတာင္ကိုရီးယားႏိုင္ငံျခားေရးဌာနက ထုတ္ျပန္ပါတယ္။ ေတာင္ကိုရီးယားဟာ အာရွ ပစိဖိတ္ေဒသ ဒီမိုကေရစီေရး ဦးေဆာင္မႈ အခန္းက႑အရ ျမန္မာ့အက်ပ္အတည္းကို ေျဖရွင္းေပးႏိုင္ဖို႔ သူ႔အေနနဲ႔ ေဆြးေႏြးဖို႔ရွိတယ္လို႔လည္း ကုလအထူးကိုယ္စားလွယ္က သူ႔ ထုတ္ျပန္ခ်က္မွာေဖာ္ျပပါတယ္။

အခုလာမယ့္ ႏိုဝင္ဘာ ၁၆ ရက္ေန႔က ၂၁ ရက္ေန႔အထိ ေတာင္ကိုရီးယားႏိုင္ငံကို သြားေရာက္မွာျဖစ္တယ္လို႔ ဆိုပါတယ္။ အဲဒီမွာေတာ့ အစိုးရတာဝန္ရွိသူေတြ၊ ကုလအရာရွိေတြ၊ ႏိုင္ငံျခားေရးမူဝါဒဆိုင္ရာကြၽမ္းက်င္သူေတြ၊ အရပ္ဖက္အဖြဲ႔ အစည္းေတြအျပင္ ေတာင္ကိုရီးယားေရာက္ ျမန္မာလူမ်ိဳးေတြနဲ႔ ျမန္မာျပည္တြင္းရင္းႏွီးျမႇဳပ္ႏွံၾကတဲ့ ေတာင္ကိုရီးယားလုပ္ငန္းကိုယ္စားလွယ္ေတြကိုလည္း ေတြ႕ဆုံမယ္လို႔ ထုတ္ျပန္ပါတယ္။

ေတာင္ကိုရီးယားဟာ ၂၀၂၁ ခုႏွစ္မတိုင္မီ ျမန္မာႏိုင္ငံတြင္း ရင္းႏွီးျမႇဳပ္ႏွံမႈေတြကို တိုးျမႇင့္လုပ္ကိုင္ခဲ့တာပါ။ ျမန္မာႏိုင္ငံမွာ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ စစ္တပ္က အာဏာသိမ္းၿပီးတဲ့ေနာက္မွာေတာ့ အာဏာသိမ္းစစ္ေကာင္စီကို ေတာင္ကိုရီးယားအစိုးရက ျပင္းျပင္းထန္ထန္ေဝဖန္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

==============

[[Unicode]]

မြန်မာ့အရေးဆွေးနွေးဖို့ ကုလ အထူးကိုယ်စားလှယ် တောင်ကိုရီးယား သွားမည်

မြန်မာနိုင်ငံတွင်း ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးကို ပွင့်ပွင့်လင်းလင်း ထောက်ခံကူညီပြီး စစ်ကောင်စီရဲ့လုပ်ရပ်တွေကို ပြင်းပြင်းထန်ထန်ဝေဖန်ရာမှာ တောင်ကိုရီးယားနိုင်ငံဟာ ဒေသတွင်း ဦးဆောင်မှု ယူထားတယ်လို့ မြန်မာ့လူ့အခွင့်အရေးဆိုင်ရာကုလအထူးကိုယ်စားလှယ် Tom Andrews က ပြောပါတယ်။

ကုလအထူးကိုယ်စားလှယ် Tom Andrew တောင်ကိုရီးယားနိုင်ငံကို ငါးရက်ကြာခရီးစဉ်လာရောက်မယ်ဆိုတာကို တောင်ကိုရီးယားနိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။ တောင်ကိုရီးယားဟာ အာရှ ပစိဖိတ်ဒေသ ဒီမိုကရေစီရေး ဦးဆောင်မှု အခန်းကဏ္ဍအရ မြန်မာ့အကျပ်အတည်းကို ဖြေရှင်းပေးနိုင်ဖို့ သူ့အနေနဲ့ ဆွေးနွေးဖို့ရှိတယ်လို့လည်း ကုလအထူးကိုယ်စားလှယ်က သူ့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

အခုလာမယ့် နိုဝင်ဘာ ၁၆ ရက်နေ့က ၂၁ ရက်နေ့အထိ တောင်ကိုရီးယားနိုင်ငံကို သွားရောက်မှာဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီမှာတော့ အစိုးရတာဝန်ရှိသူတွေ၊ ကုလအရာရှိတွေ၊ နိုင်ငံခြားရေးမူဝါဒဆိုင်ရာကျွမ်းကျင်သူတွေ၊ အရပ်ဖက်အဖွဲ့ အစည်းတွေအပြင် တောင်ကိုရီးယားရောက် မြန်မာလူမျိုးတွေနဲ့ မြန်မာပြည်တွင်းရင်းနှီးမြှုပ်နှံကြတဲ့ တောင်ကိုရီးယားလုပ်ငန်းကိုယ်စားလှယ်တွေကိုလည်း တွေ့ဆုံမယ်လို့ ထုတ်ပြန်ပါတယ်။

တောင်ကိုရီးယားဟာ ၂၀၂၁ ခုနှစ်မတိုင်မီ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုတွေကို တိုးမြှင့်လုပ်ကိုင်ခဲ့တာပါ။ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်မှာတော့ အာဏာသိမ်းစစ်ကောင်စီကို တောင်ကိုရီးယားအစိုးရက ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။

XS
SM
MD
LG