သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကုလ လူ႔အခြင့္အေရးအထူးကိုယ္စားလွယ္နဲ႔ ေတာင္ကိုရီးယားေရာက္ ျမန္မာ့ ဒီမိုကေရစီ အင္အားစုေတြ ေတြ႕ဆုံ


ျမန္မာႏိုင္ငံဆိုင္ရာ လူအခြင့္အေရးကုလအထူးကိုယ္စားလွယ္ Tom Andrews နဲ႔အဖြဲ႔က ေတာင္ကိုရီးယားႏုိင္ငံအမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG ကိုယ္စားလွယ္႐ုံးမွာ NUG ကိုယ္စားလွယ္ ကိုရန္ႏိုင္ထြန္းနဲ႔အဖြဲ႔ကို သြားေရာက္ေတြ႔ဆံုစဥ္။ (ႏိုဝင္ဘာ၂၁၊ ၂၀၂၂)

[[Zawgyi/Unicode]]

ျမန္မာႏိုင္ငံဆိုင္ရာ လူအခြင့္အေရးကုလအထူးကိုယ္စားလွယ္အေနနဲ႔ ျမန္မာျပည္သူျပည္သားေတြနဲ႔ တသားတည္းရပ္တည္ၿပီး ျမန္မာႏိုင္ငံမွာ စစ္အာဏာရွင္စနစ္အၿပီးတိုင္ ခ်ဳပ္ၿငိမ္းႏိုင္ေရး သူအစြမ္းရွိသေလာက္ ႀကိဳးစားေဆာင္႐ြက္သြားမယ့္အေၾကာင္း ကတိျပဳေျပာဆိုလိုက္ပါတယ္။ ကုလအထူးကိုယ္စားလွယ့္ Tom Andrews နဲ႔ အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG ကိုယ္စားလွယ္႐ုံးမွာ ေတာင္ကိုရီးယားေရာက္ ျမန္မာ့ဒီမိုကေရစီေရး တက္ႂကြလႈပ္ရွားသူေတြနဲ႔ ေတြ႕ဆုံခ်ိန္ အခုလိုေျပာဆိုလိုက္တာပါ။ ျမန္မာ့လူအခြင့္အေရးဆိုင္ရာ ကုလအထူးကိုယ္စားလွယ္ဟာ ျမန္မာစစ္ေကာင္စီနဲ႔ ဆက္ႏြယ္ပတ္သက္သူေတြကို စီးပြားေရးအရ အေရးယူဒဏ္ခတ္ဖို႔ ေတာင္ကိုရီးယားႏိုင္ငံအစိုးရတာဝန္ရွိသူေတြကိုလည္း တိုက္တြန္းခဲ့ပါတယ္။ အထူးသျဖင့္ ျမန္မာႏိုင္ငံတြင္း လုပ္ကိုင္ေနတဲ့ ေတာင္ကိုရီးယား စီးပြားေရးလုပ္ငန္းေတြအေနနဲ႔ လူ႔အခြင့္အေရးနဲ႔ က်င့္ဝတ္စည္းကမ္းေတြကို ေလးစားလိုက္နာေစဖို႔ ေတာင္ကိုရီးယားအစိုးရအေနနဲ႔ ၾကပ္မတ္ေပးဖို႔ကိုလည္း အထူးကိုယ္စားလွယ္ က တိုက္တြန္းထားပါတယ္။ ကုလ အထူးကိုယ္စားလွယ္ Tom Andrews နဲ႔ ေတာင္ကိုရီးယားေရာက္ ျမန္မာ့ဒီမိုကေရစီေရး လႈပ္ရွားသူေတြနဲ႔အတူ ကိုယ္တိုင္ေတြ႕ဆုံေဆြးေႏြးခဲ့တဲ့ ေတာင္ကိုရီးယားႏိုင္ငံဆိုင္ရာ အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG ကိုယ္စားလွယ္ ကိုရန္ႏိုင္ထြန္းကို မဆုမြန္က ဆက္သြယ္ေမးျမန္းထားပါတယ္။

ကိုရန္ႏိုင္ထြန္း။ ။ အဓိက ကေတာ့ ကိုရီးယားႏိုင္ငံမွာ က်ေနာ္တို႔ အမ်ိဳးသားညီၫြတ္ေရးအစိုးရကိုယ္စားလွယ္႐ုံးကို ကိုရီးယားအစိုးရအေနနဲ႔ ဘယ္လို ပံ့ပိုးကူညီမႈေတြရွိသလဲ၊ ဘယ္လိုအားေပးမႈေတြရွိသလဲ၊ ၿပီးေတာ့ ကိုရီးယားႏိုင္ငံမွာရွိေနတဲ့ ႏိုင္ငံေရးတက္ႂကြလႈပ္ရွားသူေတြကို ကိုရီးယားအစိုးရအေနနဲ႔ ဘယ္လိုေထာက္ပံ့ကူညီမႈေတြ၊ ကာကြယ္ေစာင့္ေရွာက္မႈေတြရွိသလဲ-ဆိုတဲ့အေၾကာင္းေတြကို ေမးပါတယ္။ ၿပီးေတာ့ ကိုရီးယားႏိုင္ငံမွာ ေရာက္ရွိေနထိုင္ၾကတဲ့ တရားဝင္သည္ျဖစ္ေစ၊ တရားမဝင္သည္ျဖစ္ေစ - ျမန္မာႏိုင္ငံသားေတြကို ကိုရီးယားအစိုးရအေနနဲ႔က ဗီဇာသက္တမ္းကုန္တဲ့အခါမွာ တရားမဝင္ေနထိုင္တယ္ဆိုၿပီးေတာ့ အတင္းအဓမၼျပန္ပို႔တာေတြကို မျပဳလုပ္ဖို႔- အဲဒါေတြကို သူတို႔အေနနဲ႔ ကာကြယ္ေပးမယ္၊ ေစာင့္ေရွာက္ေပးမယ္၊ အစိုးရကိုလည္း တင္ျပေပးမယ္ဆိုတဲ့အေၾကာင္းေတြကိုလည္း ေျပာပါတယ္။

က်ေနာ္တို႔အေနနဲ႔ကေတာ့ ကိုရီးယားႏိုင္ငံမွာဆိုလို႔ရွိရင္ ႏိုင္ငံေရးအရ တက္ႂကြလႈပ္ရွားသူေတြကို ကိုရီးယားႏိုင္ငံမွာရွိတဲ့ လက္ရွိျမန္မာသံ႐ုံးက ပတ္စ္ပို႔သက္တမ္းေတြကို မတိုးေပးေတာ့ဘူးေပါ့ေလ။ အဲဒီေတာ့ ကိုရီးယား လဝကအေနနဲ႔ကလည္း ဒါကို ျပန္ၿပီးေတာ့ ေနထိုင္ခြင့္သက္တမ္းတိုးေပးတဲ့အခါမွာ ပတ္စ္ပို႔သက္တမ္းရွိသေလာက္ပဲ တိုးေပးေတာ့ တခ်ိဳ႕က ပတ္စ္ပို႔သက္တမ္း မရွိေတာ့တဲ့အခါက်ေတာ့ သူတို႔အေနနဲ႔က ဗီဇာသက္တမ္းတိုးဖို႔အတြက္က အရမ္းကိုခက္ခဲေနပါတယ္။ အဲဒီလိုအေျခအေနမ်ိဳးေတြ ရွိတဲ့အခါက်ရင္ ကိုရီးယားအစိုးရအေနနဲ႔ ဒီလိုမ်ိဳး လက္ရွိ စစ္အုပ္စုရဲ႕သံ႐ုံးကေနၿပီးေတာ့ ႏိုင္ငံေရး တက္ႂကြလႈပ္ရွားသူေတြ ဆိုၿပီးေတာ့ ပတ္စ္ပို႔သက္တမ္း မတိုးေပးတဲ့အတြက္ေၾကာင့္မို႔လို႔ သူတို႔ ဗီဇာ ေနထိုင္ခြင့္သက္တမ္းေတြ တိုးေပးဖို႔ကို ေမတၱာရပ္ခံခဲ့ပါတယ္။ အဲဒါေၾကာင့္ မစၥတာ တြမ္ ကေနၿပီးေတာ့ ဒီအစိုးရကို တင္ျပေပးမယ္၊ အဲဒီကိစၥေတြကိုလည္း ရရွိေအာင္ သူေတာင္းဆိုေပးမယ္လို႔ ေျပာပါတယ္ခင္ဗ်။

မဆုမြန္။ ။ ဟုတ္ကဲ့ရွင့္။ ေနာက္တခုက ဒါကေတာ့ ေတာင္ကိုရီးယားမွာေရာက္ေနတဲ့ ျမန္မာ့ဒီမိုကေရစီအေရး လႈပ္ရွားသူေတြအတြက္ ကိုရီးယားအစိုးရရဲ႕ လိုအပ္တဲ့ေစာင့္ေရွာက္မႈေပါ့ေနာ္၊ လက္ရွိ ျမန္မာႏိုင္ငံထဲမွာျဖစ္ေနတဲ့ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြ၊ ေနာက္ၿပီးေတာ့ ေတာင္ကိုရီးယားမွာရွိေနတဲ့ ျမန္မာ့ဒီမိုကေရစီအေရး လႈပ္ရွားသူေတြဘက္က ျမန္မာ့အေရးလႈပ္ရွားမႈေတြနဲ႔ပတ္သက္ၿပီးေတာ့ အခု လက္ရွိျဖစ္ေနတဲ့ အေနအထားေတြအေပၚမွာေရာ ဘယ္လို သုံးသပ္ေဆြးေႏြးတာေတြ ရွိပါသလဲရွင့္။

ကိုရန္ႏိုင္ထြန္း။ ။ မစၥတာတြမ္ အေနနဲ႔ကေတာ့ သူက ကိုယ္စားလွယ္႐ုံးမွာ တနာရီေလာက္ စကားေျပာတယ္။ ၿပီးေတာ့ ကိုရီးယားမွာရွိတဲ့ ျမန္မာႏိုင္ငံသား တိုင္းရင္းသားညီအကိုေမာင္ႏွမေတြ၊ ႏိုင္ငံေရးလႈပ္ရွားသူအဖြဲ႕အစည္းေတြနဲ႔ ေလးနာရီေလာက္ၾကာေအာင္ သူေတြ႕ပါတယ္။ ေတြ႕ၿပီးေတာ့ သူ႔အေနနဲ႔က လက္ရွိျမန္မာႏိုင္ငံမွာျဖစ္ပ်က္ေနတဲ့ အေျခအေနအရပ္ရပ္ကို သူ႔အေနနဲ႔ နားလည္တယ္၊ အစအဆုံး အေျခအေနအရပ္ရပ္ကို သူသိရွိပါတယ္၊ အဲဒီအတြက္ေၾကာင့္မို႔လို႔ ကိုရီးယားႏိုင္ငံမွာေရာက္ရွိေနတဲ့ ျမန္မာႏိုင္ငံသားေတြကို ကိုရီးယားအစိုးရအေနနဲ႔ ကာကြယ္မႈရေအာင္၊ ေစာင့္ေရွာက္မႈေတြရေအာင္ အတတ္ႏိုင္ဆုံး သူႀကိဳးစားၿပီးေတာ့ ေဆာင္႐ြက္ေပးသြားမယ္၊ လက္ရွိ ျမန္မာႏိုင္ငံအတြင္းမွာျဖစ္ေနတဲ့ စစ္အာဏာရွင္ေတြရဲ႕ မတရားဖိႏွိပ္ခ်ဳပ္ျခယ္မႈေတြကို နားလည္ စာနာေထာက္ထားေသာအားျဖင့္ ကိုရီးယားႏိုင္ငံမွာ ေ႐ႊ႕ေျပာင္းလာတဲ့၊ ခိုလႈံလာတဲ့သူေတြကို ကာကြယ္ေစာင့္ေရွာက္တဲ့ႏိုင္ငံတခုအေနနဲ႔ျပေပးေအာင္ သူႀကိဳးစားသြားမယ္ဆိုတဲ့အေၾကာင္း သူေျပာပါတယ္။ သူ တိုက္လည္း တိုက္တြန္းေပးသြားပါတယ္ခင္ဗ်။

မဆုမြန္။ ။ တြမ္ အင္ဒ႐ူးစ္အေနနဲ႔ လက္ရွိျမန္မာႏိုင္ငံမွာျဖစ္ေနတဲ့ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြ - ဒီဟာေတြနဲ႔ပတ္သက္ၿပီး သူ႔အေနနဲ႔ ေရွ႕ဆက္ၿပီးေတာ့ ဘာေတြေဆာင္႐ြက္သြားဖို႔ရွိတယ္-ဆိုတဲ့ဟာကိုေရာ ဒီမိုကေရစီလႈပ္ရွားတဲ့သူေတြကို ေျပာျပသြားတာမ်ိဳးေတြ ရွိပါသလားရွင့္။

ကိုရန္ႏိုင္ထြန္း။ ။ သူ႔အေနနဲ႔ကေတာ့ ျမန္မာႏိုင္ငံ ဒီမိုကေရစီလမ္းေၾကာင္းေပၚကို ျပန္လည္ေရာက္ရွိတဲ့အခ်ိန္အထိ အတတ္ႏိုင္ဆုံး သူတာဝန္ယူရတဲ့အခ်ိန္အတြင္းမွာ အေကာင္းဆုံးျဖစ္ေအာင္ သူေဆာင္႐ြက္သြားမယ္။ ျမန္မာျပည္သူျပည္သားေတြနဲ႔ တေသြးတည္း တသားတည္းရပ္တည္ၿပီးေတာ့ ျမန္မာႏိုင္ငံမွာ စစ္အာဏာရွင္စနစ္ အႂကြင္းမဲ့ပ်က္သုဥ္းသြားတဲ့အဆင့္ေရာက္ေအာင္ သူ႔အေနနဲ႔ တတ္ႏိုင္တဲ့ဘက္က ေဆာင္႐ြက္သြားဖို႔ဆိုၿပီးေတာ့ ေျပာပါတယ္။

မဆုမြန္။ ။ ဟုတ္ကဲ့ရွင့္။ ဟုတ္ကဲ့၊ အဲဒီေတာ့ သူ႔ရဲ႕အခု ေတာင္ကိုရီးယားကိုလာခဲ့တဲ့ ခရီးစဥ္နဲ႔ပတ္သက္ၿပီး အားရေက်နပ္မႈရွိလား၊ ဒီေန႔ဆို ေနာက္ဆုံးေပါ့ေနာ္-သူ ျပန္ေတာ့မယ္ဆိုေတာ့- သူ႔ခရီးစဥ္နဲ႔ပတသ္က္ၿပီးေတာ့ေရာ ဘယ္ေလာက္အထိ ေမွ်ာ္လင့္ထားပါလဲ။ ေတာင္ကိုရီးယားအစိုးရဘက္ကေရာ လက္ရွိ ျမန္မာ့အေရးနဲ႔ပတ္သက္ၿပီး ဒီခရီးစဥ္ကေနၿပီးေတာ့ေရာ သက္ေရာက္မႈေတြရွိမယ္လို႔ ေမွ်ာ္လင့္ပါသလားရွင့္။

ကိုရန္ႏိုင္ထြန္း။ ။ က်ေနာ့္အေနနဲ႔ကေတာ့ အားရေက်နပ္မႈအျပည့္ရွိပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ စိတ္ေကာ လူေကာေပါ့ေလ၊ ႏွစ္ျမဳပ္ၿပီးေတာ့ကို ကိုရီးယားႏိုင္ငံမွာဆိုလို႔ရွိရင္လည္း ကိုရီးယားႏိုင္ငံရဲ႕ ဒီမိုကေရစီျပယုဒ္ျဖစ္တဲ့ ဂြမ္ဂ်ဴးဆိုတဲ့ေဒသကို သြားတယ္။ ျမန္မာ့ဒီမိုကေရစီအေရးအတြကို တက္ႂကြစြာနဲ႔ အားေပးေထာက္ခံေနတဲ့ ၿမိဳ႕တၿမိဳ႕ျဖစ္တယ္ေပါ့ေလ၊ အဲဒီအတြက္ေၾကာင့္ အဲဒီၿမိဳ႕ကိုလည္းသြားတယ္။ သြားၿပီး ျမန္မာ့ဒီမိုကေရစီအေရးအတြက္ကို အားေပးဖို႔၊ ေထာက္ပံ့ဖို႔၊ ကူညီေပးဖို႔ တိုက္တြန္းခဲ့တယ္။ ကိုရီးယားႏိုင္ငံမွာရွိတဲ့ အစိုးရမဟုတ္ေသာ NGO အဖြဲ႕အစည္းေတြနဲ႔လည္း သူေတြ႕တယ္။ ၿပီးေတာ့ အစိုးရအဖြဲ႕အစည္းအသီးသီးနဲ႔လည္း သူေတြ႕တယ္။ ၿပီးေတာ့ ျမန္မာႏိုင္ငံသားေတြနဲ႔လည္း ေတြ႕တယ္။ တိုင္းရင္းသားညီအကိုေမာင္ႏွမေတြနဲ႔လည္း ေတြ႕တယ္။ တဦးခ်င္းတေယာက္ခ်င္းစီကို အေသးစိတ္ ေမးျမန္းတယ္။ သူက အေသးစိတ္ ေလ့လာတယ္၊ စုံစမ္းတယ္။ အေပၚယံရွပ္ၿပီး သူလုပ္သြားတာမဟုတ္ဘူး။ အေသးစိတ္ေမးျမန္းလုပ္ေပးသြားတဲ့အတြက္ေၾကာင့္မို႔လို႔ က်ေနာ္တို႔အေနနဲ႔ အားရေက်နပ္မႈရွိပါတယ္။ သူ႔အေနနဲ႔ အေကာင္းဆုံး ျမန္မာႏိုင္ငံအတြက္ကို၊ ဒီမိုကေရစီအေရးအတြက္ကို ေဆာင္႐ြက္သြားႏိုင္မယ့္ ပုဂၢိဳလ္တဦးျဖစ္လိမ့္မယ္ဆိုတာကို က်ေနာ္တို႔ယုံၾကည္ပါတယ္ခင္ဗ်။

မဆုမြန္။ ။ ဟုတ္ကဲ့ရွင့္၊ ဟုတ္ကဲ့၊ ကိုရန္ႏိုင္ထြန္းေရ ေျဖေပးတာ ေက်းဇူးအမ်ားႀကီးတင္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

===================

[[Unicode]]

ကုလ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်နဲ့ တောင်ကိုရီးယားရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစုတွေ တွေ့ဆုံ

မြန်မာနိုင်ငံဆိုင်ရာ လူအခွင့်အရေးကုလအထူးကိုယ်စားလှယ်အနေနဲ့ မြန်မာပြည်သူပြည်သားတွေနဲ့ တသားတည်းရပ်တည်ပြီး မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်အပြီးတိုင် ချုပ်ငြိမ်းနိုင်ရေး သူအစွမ်းရှိသလောက် ကြိုးစားဆောင်ရွက်သွားမယ့်အကြောင်း ကတိပြုပြောဆိုလိုက်ပါတယ်။ ကုလအထူးကိုယ်စားလှယ့် Tom Andrews နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုယ်စားလှယ်ရုံးမှာ တောင်ကိုရီးယားရောက် မြန်မာ့ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေနဲ့ တွေ့ဆုံချိန် အခုလိုပြောဆိုလိုက်တာပါ။ မြန်မာ့လူအခွင့်အရေးဆိုင်ရာ ကုလအထူးကိုယ်စားလှယ်ဟာ မြန်မာစစ်ကောင်စီနဲ့ ဆက်နွယ်ပတ်သက်သူတွေကို စီးပွားရေးအရ အရေးယူဒဏ်ခတ်ဖို့ တောင်ကိုရီးယားနိုင်ငံအစိုးရတာဝန်ရှိသူတွေကိုလည်း တိုက်တွန်းခဲ့ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံတွင်း လုပ်ကိုင်နေတဲ့ တောင်ကိုရီးယား စီးပွားရေးလုပ်ငန်းတွေအနေနဲ့ လူ့အခွင့်အရေးနဲ့ ကျင့်ဝတ်စည်းကမ်းတွေကို လေးစားလိုက်နာစေဖို့ တောင်ကိုရီးယားအစိုးရအနေနဲ့ ကြပ်မတ်ပေးဖို့ကိုလည်း အထူးကိုယ်စားလှယ် က တိုက်တွန်းထားပါတယ်။ ကုလ အထူးကိုယ်စားလှယ် Tom Andrews နဲ့ တောင်ကိုရီးယားရောက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့အတူ ကိုယ်တိုင်တွေ့ဆုံဆွေးနွေးခဲ့တဲ့ တောင်ကိုရီးယားနိုင်ငံဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုယ်စားလှယ် ကိုရန်နိုင်ထွန်းကို မဆုမွန်က ဆက်သွယ်မေးမြန်းထားပါတယ်။

ကိုရန်နိုင်ထွန်း။ ။ အဓိက ကတော့ ကိုရီးယားနိုင်ငံမှာ ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စားလှယ်ရုံးကို ကိုရီးယားအစိုးရအနေနဲ့ ဘယ်လို ပံ့ပိုးကူညီမှုတွေရှိသလဲ၊ ဘယ်လိုအားပေးမှုတွေရှိသလဲ၊ ပြီးတော့ ကိုရီးယားနိုင်ငံမှာရှိနေတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ကိုရီးယားအစိုးရအနေနဲ့ ဘယ်လိုထောက်ပံ့ကူညီမှုတွေ၊ ကာကွယ်စောင့်ရှောက်မှုတွေရှိသလဲ-ဆိုတဲ့အကြောင်းတွေကို မေးပါတယ်။ ပြီးတော့ ကိုရီးယားနိုင်ငံမှာ ရောက်ရှိနေထိုင်ကြတဲ့ တရားဝင်သည်ဖြစ်စေ၊ တရားမဝင်သည်ဖြစ်စေ - မြန်မာနိုင်ငံသားတွေကို ကိုရီးယားအစိုးရအနေနဲ့က ဗီဇာသက်တမ်းကုန်တဲ့အခါမှာ တရားမဝင်နေထိုင်တယ်ဆိုပြီးတော့ အတင်းအဓမ္မပြန်ပို့တာတွေကို မပြုလုပ်ဖို့- အဲဒါတွေကို သူတို့အနေနဲ့ ကာကွယ်ပေးမယ်၊ စောင့်ရှောက်ပေးမယ်၊ အစိုးရကိုလည်း တင်ပြပေးမယ်ဆိုတဲ့အကြောင်းတွေကိုလည်း ပြောပါတယ်။

ကျနော်တို့အနေနဲ့ကတော့ ကိုရီးယားနိုင်ငံမှာဆိုလို့ရှိရင် နိုင်ငံရေးအရ တက်ကြွလှုပ်ရှားသူတွေကို ကိုရီးယားနိုင်ငံမှာရှိတဲ့ လက်ရှိမြန်မာသံရုံးက ပတ်စ်ပို့သက်တမ်းတွေကို မတိုးပေးတော့ဘူးပေါ့လေ။ အဲဒီတော့ ကိုရီးယား လဝကအနေနဲ့ကလည်း ဒါကို ပြန်ပြီးတော့ နေထိုင်ခွင့်သက်တမ်းတိုးပေးတဲ့အခါမှာ ပတ်စ်ပို့သက်တမ်းရှိသလောက်ပဲ တိုးပေးတော့ တချို့က ပတ်စ်ပို့သက်တမ်း မရှိတော့တဲ့အခါကျတော့ သူတို့အနေနဲ့က ဗီဇာသက်တမ်းတိုးဖို့အတွက်က အရမ်းကိုခက်ခဲနေပါတယ်။ အဲဒီလိုအခြေအနေမျိုးတွေ ရှိတဲ့အခါကျရင် ကိုရီးယားအစိုးရအနေနဲ့ ဒီလိုမျိုး လက်ရှိ စစ်အုပ်စုရဲ့သံရုံးကနေပြီးတော့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ ဆိုပြီးတော့ ပတ်စ်ပို့သက်တမ်း မတိုးပေးတဲ့အတွက်ကြောင့်မို့လို့ သူတို့ ဗီဇာ နေထိုင်ခွင့်သက်တမ်းတွေ တိုးပေးဖို့ကို မေတ္တာရပ်ခံခဲ့ပါတယ်။ အဲဒါကြောင့် မစ္စတာ တွမ် ကနေပြီးတော့ ဒီအစိုးရကို တင်ပြပေးမယ်၊ အဲဒီကိစ္စတွေကိုလည်း ရရှိအောင် သူတောင်းဆိုပေးမယ်လို့ ပြောပါတယ်ခင်ဗျ။

မဆုမွန်။ ။ ဟုတ်ကဲ့ရှင့်။ နောက်တခုက ဒါကတော့ တောင်ကိုရီးယားမှာရောက်နေတဲ့ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူတွေအတွက် ကိုရီးယားအစိုးရရဲ့ လိုအပ်တဲ့စောင့်ရှောက်မှုပေါ့နော်၊ လက်ရှိ မြန်မာနိုင်ငံထဲမှာဖြစ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ နောက်ပြီးတော့ တောင်ကိုရီးယားမှာရှိနေတဲ့ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူတွေဘက်က မြန်မာ့အရေးလှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီးတော့ အခု လက်ရှိဖြစ်နေတဲ့ အနေအထားတွေအပေါ်မှာရော ဘယ်လို သုံးသပ်ဆွေးနွေးတာတွေ ရှိပါသလဲရှင့်။

ကိုရန်နိုင်ထွန်း။ ။ မစ္စတာတွမ် အနေနဲ့ကတော့ သူက ကိုယ်စားလှယ်ရုံးမှာ တနာရီလောက် စကားပြောတယ်။ ပြီးတော့ ကိုရီးယားမှာရှိတဲ့ မြန်မာနိုင်ငံသား တိုင်းရင်းသားညီအကိုမောင်နှမတွေ၊ နိုင်ငံရေးလှုပ်ရှားသူအဖွဲ့အစည်းတွေနဲ့ လေးနာရီလောက်ကြာအောင် သူတွေ့ပါတယ်။ တွေ့ပြီးတော့ သူ့အနေနဲ့က လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့ အခြေအနေအရပ်ရပ်ကို သူ့အနေနဲ့ နားလည်တယ်၊ အစအဆုံး အခြေအနေအရပ်ရပ်ကို သူသိရှိပါတယ်၊ အဲဒီအတွက်ကြောင့်မို့လို့ ကိုရီးယားနိုင်ငံမှာရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေကို ကိုရီးယားအစိုးရအနေနဲ့ ကာကွယ်မှုရအောင်၊ စောင့်ရှောက်မှုတွေရအောင် အတတ်နိုင်ဆုံး သူကြိုးစားပြီးတော့ ဆောင်ရွက်ပေးသွားမယ်၊ လက်ရှိ မြန်မာနိုင်ငံအတွင်းမှာဖြစ်နေတဲ့ စစ်အာဏာရှင်တွေရဲ့ မတရားဖိနှိပ်ချုပ်ခြယ်မှုတွေကို နားလည် စာနာထောက်ထားသောအားဖြင့် ကိုရီးယားနိုင်ငံမှာ ရွှေ့ပြောင်းလာတဲ့၊ ခိုလှုံလာတဲ့သူတွေကို ကာကွယ်စောင့်ရှောက်တဲ့နိုင်ငံတခုအနေနဲ့ပြပေးအောင် သူကြိုးစားသွားမယ်ဆိုတဲ့အကြောင်း သူပြောပါတယ်။ သူ တိုက်လည်း တိုက်တွန်းပေးသွားပါတယ်ခင်ဗျ။

မဆုမွန်။ ။ တွမ် အင်ဒရူးစ်အနေနဲ့ လက်ရှိမြန်မာနိုင်ငံမှာဖြစ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ - ဒီဟာတွေနဲ့ပတ်သက်ပြီး သူ့အနေနဲ့ ရှေ့ဆက်ပြီးတော့ ဘာတွေဆောင်ရွက်သွားဖို့ရှိတယ်-ဆိုတဲ့ဟာကိုရော ဒီမိုကရေစီလှုပ်ရှားတဲ့သူတွေကို ပြောပြသွားတာမျိုးတွေ ရှိပါသလားရှင့်။

ကိုရန်နိုင်ထွန်း။ ။ သူ့အနေနဲ့ကတော့ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ပြန်လည်ရောက်ရှိတဲ့အချိန်အထိ အတတ်နိုင်ဆုံး သူတာဝန်ယူရတဲ့အချိန်အတွင်းမှာ အကောင်းဆုံးဖြစ်အောင် သူဆောင်ရွက်သွားမယ်။ မြန်မာပြည်သူပြည်သားတွေနဲ့ တသွေးတည်း တသားတည်းရပ်တည်ပြီးတော့ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် အကြွင်းမဲ့ပျက်သုဉ်းသွားတဲ့အဆင့်ရောက်အောင် သူ့အနေနဲ့ တတ်နိုင်တဲ့ဘက်က ဆောင်ရွက်သွားဖို့ဆိုပြီးတော့ ပြောပါတယ်။

မဆုမွန်။ ။ ဟုတ်ကဲ့ရှင့်။ ဟုတ်ကဲ့၊ အဲဒီတော့ သူ့ရဲ့အခု တောင်ကိုရီးယားကိုလာခဲ့တဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး အားရကျေနပ်မှုရှိလား၊ ဒီနေ့ဆို နောက်ဆုံးပေါ့နော်-သူ ပြန်တော့မယ်ဆိုတော့- သူ့ခရီးစဉ်နဲ့ပတသ်က်ပြီးတော့ရော ဘယ်လောက်အထိ မျှော်လင့်ထားပါလဲ။ တောင်ကိုရီးယားအစိုးရဘက်ကရော လက်ရှိ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဒီခရီးစဉ်ကနေပြီးတော့ရော သက်ရောက်မှုတွေရှိမယ်လို့ မျှော်လင့်ပါသလားရှင့်။

ကိုရန်နိုင်ထွန်း။ ။ ကျနော့်အနေနဲ့ကတော့ အားရကျေနပ်မှုအပြည့်ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ စိတ်ကော လူကောပေါ့လေ၊ နှစ်မြုပ်ပြီးတော့ကို ကိုရီးယားနိုင်ငံမှာဆိုလို့ရှိရင်လည်း ကိုရီးယားနိုင်ငံရဲ့ ဒီမိုကရေစီပြယုဒ်ဖြစ်တဲ့ ဂွမ်ဂျူးဆိုတဲ့ဒေသကို သွားတယ်။ မြန်မာ့ဒီမိုကရေစီအရေးအတွကို တက်ကြွစွာနဲ့ အားပေးထောက်ခံနေတဲ့ မြို့တမြို့ဖြစ်တယ်ပေါ့လေ၊ အဲဒီအတွက်ကြောင့် အဲဒီမြို့ကိုလည်းသွားတယ်။ သွားပြီး မြန်မာ့ဒီမိုကရေစီအရေးအတွက်ကို အားပေးဖို့၊ ထောက်ပံ့ဖို့၊ ကူညီပေးဖို့ တိုက်တွန်းခဲ့တယ်။ ကိုရီးယားနိုင်ငံမှာရှိတဲ့ အစိုးရမဟုတ်သော NGO အဖွဲ့အစည်းတွေနဲ့လည်း သူတွေ့တယ်။ ပြီးတော့ အစိုးရအဖွဲ့အစည်းအသီးသီးနဲ့လည်း သူတွေ့တယ်။ ပြီးတော့ မြန်မာနိုင်ငံသားတွေနဲ့လည်း တွေ့တယ်။ တိုင်းရင်းသားညီအကိုမောင်နှမတွေနဲ့လည်း တွေ့တယ်။ တဦးချင်းတယောက်ချင်းစီကို အသေးစိတ် မေးမြန်းတယ်။ သူက အသေးစိတ် လေ့လာတယ်၊ စုံစမ်းတယ်။ အပေါ်ယံရှပ်ပြီး သူလုပ်သွားတာမဟုတ်ဘူး။ အသေးစိတ်မေးမြန်းလုပ်ပေးသွားတဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့အနေနဲ့ အားရကျေနပ်မှုရှိပါတယ်။ သူ့အနေနဲ့ အကောင်းဆုံး မြန်မာနိုင်ငံအတွက်ကို၊ ဒီမိုကရေစီအရေးအတွက်ကို ဆောင်ရွက်သွားနိုင်မယ့် ပုဂ္ဂိုလ်တဦးဖြစ်လိမ့်မယ်ဆိုတာကို ကျနော်တို့ယုံကြည်ပါတယ်ခင်ဗျ။

မဆုမွန်။ ။ ဟုတ်ကဲ့ရှင့်၊ ဟုတ်ကဲ့၊ ကိုရန်နိုင်ထွန်းရေ ဖြေပေးတာ ကျေးဇူးအများကြီးတင်ပါတယ်။

XS
SM
MD
LG