သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကင်တားနား ဂျနီဗာမှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana။
မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana။
မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Tomás Ojea
Quintana ဟာ မြန်မာနိုင်ငံအတွက် သူ ၆ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့စဉ်
လေ့လာသုံးသပ်ချက်တွေနဲ့ ပါတ်သက်လို့ Switzerland နိုင်ငံ ဂျနီဗာမြို့က
ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးမှာ သတင်းစာရှင်းလင်းပွဲ အခုပြုလုပ်နေပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိလုပ်နေတဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကိစ္စ၊
ရခိုင်ပြည်နယ်ဖက်က အခြေအနေ၊ နယ်စပ်တိုင်းရင်းသားဒေသတွေမှာ
ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်စရာရှိတဲ့ ကိစ္စတွေနဲ့ သတင်းထောက်တွေ၊
အခွင့်အရေး တောင်းဆိုနေတဲ့ သူတွေအပေါ်မှာ ဆက်လက်ဖမ်းဆီးမှုတွေနဲ့
ပတ်သက်လို့ အဓိကထားပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားနေပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် မြန်မာနိုင်ငံကို
ပြီးခဲ့တဲ့လက နောက်ဆုံးသွားခဲ့အပြီး တွေ့ရှိချက်တွေကိုတင်ပြထားတဲ့
အစီရင်ခံစာကို Mr. Quintana က လူ့အခွင့်အရေးကောင်စီရဲ့ ၂၅
ကြိမ်မြောက်စည်းဝေးပွဲမှာ ဗုဒ္ဓဟူးနေ့ကပဲ တင်ပြခဲ့ပါတယ်။
This item is part of
XS
SM
MD
LG