သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ႏိုင္ငံတကာ မူးယစ္ဂိုဏ္း ၾသစေၾတးလ်နဲ႔ အေမရိကန္ ပူးေပါင္းႏွိမ္နင္း


FILE - Packages of cocaine sit at a facility in Sydney, Australia, in this undated photo provided by Australian Federal Police.

ၾသစေၾတးလ်ႏိုင္ငံဆီသြားမယ့္ သေဘၤာတစင္းေပၚမွာ ကိုကင္းမူးယစ္ေဆးဝါး ၂.၄ တန္ကို ေတာင္အေမရိကတိုက္ ကမ္းလြန္မွာ ၾကားျဖတ္ဖမ္းမိခဲ့ၿပီးေနာက္ ၾသစေၾတးလ်နဲ႔ အေမရိကန္ ရဲတပ္ဖြဲ႔ေတြ ပူးေပါင္းၿပီး ႏိုင္ငံတကာ မူးယစ္ဂိုဏ္းတခုကို ဖမ္းဆီးႏိုင္ခဲ့တယ္လို႔ တာဝန္႐ွိသူေတြက ဒီေန႔ စေနေန႔မွာ ေျပာၾကားခဲ့ပါတယ္။

မကၠဆီကို မူးယစ္ဂိုဏ္းတခုနဲ႔ ဆက္ႏြယ္ေနတဲ့ အေမရိကန္ေဒၚလာ သန္း ၆၇၀ ေက်ာ္ တန္ဖိုး႐ွိတဲ့ မူးယစ္ေဆးေတြဟာ ၾသစေၾတးလ် တႏိုင္ငံလုံးမွာ တႏွစ္စာေလာက္ မူယစ္ေဆးသုံးစြဲၾကတဲ့ ပမာဏရဲ႕ ထက္ဝက္ေလာက္ ႐ိွပါတယ္။ ဒီအမႈနဲ႔ဆက္စပ္ၿပီး မသကၤာသူ ၁၂ ေယာက္ကို ဖမ္းဆီးခဲ့တယ္လို႔ Western Australian ျပည္နယ္ရဲတပ္ဖြဲ႔က ဒီေန႔မွာ ေၾကညာခ်က္ ထုတ္ျပန္ပါတယ္။

ရဲတပ္ဖြဲ႔က အမႈဖြင့္ထားတဲ့ ၁၂ ေယာက္ထဲမွာ အေမရိကန္ႏိုင္ငံသားတေယာက္ ပါပါတယ္။ ကိုကင္းမူးယစ္ေဆးေတြ တင္လာတဲ့သေဘၤာကို အေမရိကန္ မူးယစ္ေဆးဝါးႏွိမ္ႏွင္းေရး ရဲတပ္ဖြဲ႔ DEA က ၂၀၂၂ ခုႏွစ္ ႏိုဝင္ဘာလမွာ ဖမ္းဆီးမိခဲ့ၿပီးေနာက္မွာ ၾသစေၾတးလ် ရဲတပ္ဖြဲ႔ေတြနဲ႔ ပူးေပါင္းၿပီး စုံစမ္းေဖာ္ထုတ္ ဖမ္းဆီးခဲ့တာပါ။

ၾသစေၾတးလ် ရဲတပ္ဖြဲ႔ပါဝင္တဲ့ မူးယစ္ေဆးႏွိမ္ႏွင္းတဲ့ စီမံခ်က္ေတြထဲမွာ အႀကီးက်ယ္ဆုံး တခုလည္းျဖစ္ပါတယ္။ Western Australian ျပည္နယ္ရဲတပ္ဖြဲ႔က မူးယစ္ေဆးဝါးထုတ္အတုေတြ ဆင္တူလုပ္ၿပီး Perth ၿမိဳ႕အေနာက္ဘက္ ေရမိုင္ ၄၀ ေလာက္အကြာ ပင္လယ္ထဲကို လႊင့္ပစ္ခဲ့ပါတယ္။ အဲဒီမူးေဆးထုတ္ အတုေတြကို ျပန္ဆယ္ယူခဲ့တဲ့ ၾသစေၾတးလ် လက္နက္နဲ႔ မူးယစ္ေဆးဝါး ဂိုဏ္းဝင္ေတြအျဖစ္ မသကၤာသူ ၃ ေယာက္ကို မူးယစ္ေဆးတန္ ၁.၂ တန္နဲ႔အတူ ရဲက ဖမ္းဆီးခဲ့ပါတယ္။

အခုလို မူးယစ္ေဆးဝါးႏွိမ္ႏွင္းေရး စီမံခ်က္နဲ႔ ပတ္သက္တဲ့အေသးစိတ္ကို ရဲတပ္ဖြဲ႔က အခုမွ ပထမဆုံး လူသိ႐ွင္ၾကား အသိေပးတာ ျဖစ္ပါတယ္။

==== Unicode ====

သြစတြေးလျနိုင်ငံဆီသွားမယ့် သင်္ဘောတစင်းပေါ်မှာ ကိုကင်းမူးယစ်ဆေးဝါး ၂.၄ တန်ကို တောင်အမေရိကတိုက် ကမ်းလွန်မှာ ကြားဖြတ်ဖမ်းမိခဲ့ပြီးနောက် သြစတြေးလျနဲ့ အမေရိကန် ရဲတပ်ဖွဲ့တွေ ပူးပေါင်းပြီး နိုင်ငံတကာ မူးယစ်ဂိုဏ်းတခုကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ဒီနေ့ စနေနေ့မှာ ပြောကြားခဲ့ပါတယ်။

မက္ကဆီကို မူးယစ်ဂိုဏ်းတခုနဲ့ ဆက်နွယ်နေတဲ့ အမေရိကန်ဒေါ်လာ သန်း ၆၇၀ ကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးတွေဟာ သြစတြေးလျ တနိုင်ငံလုံးမှာ တနှစ်စာလောက် မူယစ်ဆေးသုံးစွဲကြတဲ့ ပမာဏရဲ့ ထက်ဝက်လောက် ရှိပါတယ်။ ဒီအမှုနဲ့ဆက်စပ်ပြီး မသင်္ကာသူ ၁၂ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ Western Australian ပြည်နယ်ရဲတပ်ဖွဲ့က ဒီနေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။

ရဲတပ်ဖွဲ့က အမှုဖွင့်ထားတဲ့ ၁၂ ယောက်ထဲမှာ အမေရိကန်နိုင်ငံသားတယောက် ပါပါတယ်။ ကိုကင်းမူးယစ်ဆေးတွေ တင်လာတဲ့သင်္ဘောကို အမေရိကန် မူးယစ်ဆေးဝါးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ DEA က ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှာ ဖမ်းဆီးမိခဲ့ပြီးနောက်မှာ သြစတြေးလျ ရဲတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး စုံစမ်းဖော်ထုတ် ဖမ်းဆီးခဲ့တာပါ။

သြစတြေးလျ ရဲတပ်ဖွဲ့ပါဝင်တဲ့ မူးယစ်ဆေးနှိမ်နှင်းတဲ့ စီမံချက်တွေထဲမှာ အကြီးကျယ်ဆုံး တခုလည်းဖြစ်ပါတယ်။ Western Australian ပြည်နယ်ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးထုတ်အတုတွေ ဆင်တူလုပ်ပြီး Perth မြို့အနောက်ဘက် ရေမိုင် ၄၀ လောက်အကွာ ပင်လယ်ထဲကို လွှင့်ပစ်ခဲ့ပါတယ်။ အဲဒီမူးဆေးထုတ် အတုတွေကို ပြန်ဆယ်ယူခဲ့တဲ့ သြစတြေးလျ လက်နက်နဲ့ မူးယစ်ဆေးဝါး ဂိုဏ်းဝင်တွေအဖြစ် မသင်္ကာသူ ၃ ယောက်ကို မူးယစ်ဆေးတန် ၁.၂ တန်နဲ့အတူ ရဲက ဖမ်းဆီးခဲ့ပါတယ်။

အခုလို မူးယစ်ဆေးဝါးနှိမ်နှင်းရေး စီမံချက်နဲ့ ပတ်သက်တဲ့အသေးစိတ်ကို ရဲတပ်ဖွဲ့က အခုမှ ပထမဆုံး လူသိရှင်ကြား အသိပေးတာ ဖြစ်ပါတယ်။

XS
SM
MD
LG