သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သြစတြေးလျ ဝန်ကြီးချုပ်သစ်အဖြစ် Tony Abbot စတင်တာဝန်ထမ်း


သြစတြေးလျဝန်ကြီးချုပ်သစ် Tony Abbott။
သြစတြေးလျဝန်ကြီးချုပ်သစ် Tony Abbott။
Conservative သမရိုးကျဝါဒီ လွှတ်တော်အမတ် Tony Abbot ဟာ သြစတြေးလျနိုင်ငံရဲ့ ဝန်ကြီးချုပ်သစ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုလိုက်ပြီး သက်တမ်း ၆ နှစ်ကြာ လေဘာပါတီ ဦးဆောင်တဲ့အစိုးရ အုပ်ချုပ်ရေး အဆုံးသတ်စေခဲ့တာ ဖြစ်ပါတယ်။

စက်တင်ဘာလ ၇ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် Kevin Rudd ရဲ့ လေဘာပါတီကို Mr. Abbot အနိုင်ရလိုက်ပြီး ကင်ဘာရာမြို့တော်ရှိ ဘုရင်ခံချုပ်အိမ်တော်မှာ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ အခမ်းအနားနဲ့ ကျမ်းသစ္စာ ကျိန်ဆိုလိုက်တာပါ။

အသက် ၅၅ နှစ်အရွယ် Liberal အမျိုးသားညွန့်ပေါင်းအဖွဲ့ အကြီးအကဲ Tony Abbot က သူ ဝန်ကြီးချုပ် တာဝန်စတင်တဲ့ ဒီနေ့ကစပြီး ရာထူး အဆောင်အယောင် ဟန်ပြသက်သက် မဟုတ်ဘဲ တကယ်လက်တွေ့ လှုပ်ရှားသွားမှာဖြစ်သလို လုပ်စရာရှိတာတွေကို ချက်ချင်းကိုင်တွယ် သွားမယ်လို့ ကတိပြုလိုက်ပါတယ်။

သြစတြေးလျနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး နိုင်ငံခြားရေး ဝန်ကြီးဖြစ်လာတဲ့ Julie Bishop အပါအဝင် အစိုးရဝန်ကြီးအဖွဲ့ဝင် ၁၉ ဦးလည်း ဝန်ကြီးချုပ် Tony Abbot နဲ့အတူ ဒီနေ့ ကျမ်းသစ္စာ ကျိန်ဆိုကြပါတယ်။ Mr. Abbot ရဲ့ အစိုးရအဖွဲ့ထဲမှာ အမျိုးသမီးဆိုလို့ Ms. Bishop တယောက်ပဲ ပါဝင်တာကြောင့် သူ့ကို အတော်လေး ဝေဖန်နေကြပါတယ်။

သြစတြေးလျနိုင်ငံမှာ လေထုညစ်ညမ်းမှု အဆိုးရွားဆုံး ဖန်တီးနေကြသူတွေအပေါ် ကောက်တဲ့အခွန်ကိစ္စကို ဖျက်သိမ်းပစ်မယ်။ အီရန်၊ အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်နိုင်ငံက လာကြတဲ့ ခိုလှုံခွင့် လျှောက်ထားသူတွေ အဝင် နဲသွားအောင်လည်း လုပ်သွားမယ်လို့ ကတိတွေပေးလိုက်ပါတယ်။
XS
SM
MD
LG