သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် ဂျပန် တောင်ကိုရီးယား သုံးနိုင်ငံဆွေးနွေးရေး တရုတ်သံတမန်အဆိုပြု


FILE PHOTO: Asean Plus Three Foreign Ministers' Meeting
FILE PHOTO: Asean Plus Three Foreign Ministers' Meeting

တရုတ်၊ ဂျပန် နဲ့ တောင်ကိုရီးယား သုံးနိုင်ငံ ထိပ်သီးအဆင့် ဆွေးနွေးပွဲတွေကျင်းပဖို့ တရုတ်ထိပ်တန်းသံတမန်ဝမ်ရီက ဂျပန်နိုင်ငံခြားရေးဝန်ကြီး နဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ဒီလအစောပိုင်းက တွေ့ဆုံစဉ်မှာကမ်းလှမ်းခဲ့တယ်လို့ ဂျပန် Kyodo သတင်းဌာနက ဒီနေ့မှာ ပြောလိုက်ပါတယ်။

ဒီကမ်းလှမ်းက ၃ နိုင်ငံကြား ဆွေးနွေးမှုတွေကို ပြန်လည်စတင်ဖို့ ဆန္ဒရှိတယ်ဆိုတာကို အချက်ပြလိုက်တာဖြစ်တယ်လို့ ရှုမြင်နေကြပြီး၊ ဂျပန်နိုင်ငံအနေနဲ့ ဒီနှစ်အကုန်မှာ ဆွေးနွေးပွဲ ဖြစ်လာအောင် ပြင်ဆင်မှုတွေကို အရှိန်မြှင့်ဆောင်ရွက်လာနိုင်တယ်လို့ အမည်မဖော်တဲ့ သံတမန် အသိုင်းအဝိုင်းကို ကိုးကားပြီး ကျိုဒိုသတင်းက ဖော်ပြပါတယ်။

တရုတ်နိုင်ငံက စစ်ရေးအရအတင်းအကျပ် တိုးမြှင့်လုပ်ဆောင်လာနေတာတွေနဲ့ အမေရိကန်နဲ့ တရုတ်ကြား ကုန်သွယ်ရေးနဲ့ ထိုင်ဝမ်အရေးကိစ္စတွေအပါအဝင် ကိစ္စရပ်အတော်များများနဲ့ ပတ်သက်ပြီး တင်းမာမှုတွေကြီးထွားလာနေတဲ့အပေါ် အမေရိကန်ရဲ့ မဟာမိတ်တွေဖြစ်တဲ့ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေက စိုးရိမ်လာနေကြပါတယ်။

၃ နိုင်ငံခေါင်းဆောင်တွေကြား နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့တာက ၂၀၁၉ ခုနှစ် ဒီဇင်ဘာလက ဖြစ်ပါတယ်။ တရုတ်နိုင်ငံဘက်က ဆွေးနွေးဖို့ ကမ်းလှမ်းချက်ကို ဂျပန်နိုင်ငံက တောင်ကိုရီးယားကိုပြောခဲ့တယ်လို့ Kyodo သတင်းက ဖော်ပြပါတယ်။

XS
SM
MD
LG