သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်ခေါင်းဆောင်သစ်တွေနဲ့ ဝန်ကြီးကယ်ရီတွေ့ဆုံ


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry နဲ့ အီဂျစ်သမ္မတ Abdel Fattah el-Sissi တို့ ကိုင်ရိုမြို့မှာ တွေ့ဆုံစဉ်။ (ဂျွန် ၂၂။ ၂၀၁၄)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry နဲ့ အီဂျစ်သမ္မတ Abdel Fattah el-Sissi တို့ ကိုင်ရိုမြို့မှာ တွေ့ဆုံစဉ်။ (ဂျွန် ၂၂။ ၂၀၁၄)
အီဂျစ်သမ္မတ Abdel Fattah el-Sissi နဲ့ တွေ့ဆုံဆွေးနွေးဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry ဟာ ကြိုတင်ကြေညာထားခြင်းမရှိဘဲ အီဂျစ်နိုင်ငံကို ရောက်ရှိနေပါတယ်။

မစ္စတာ el-Sissi အီဂျစ်သမ္မတအဖြစ် အရွေးခံရပြီးကတည်းက ၂ နိုင်ငံကြား အဆင့်အမြင့်ဆုံးအရာရှိတွေရဲ့ စည်းဝေးပွဲအတွက် မစ္စတာ Kerry ကိုင်ရိုမြို့တော်ကို တနင်္ဂနွေနေ့က ရောက်ရှိသွားတာ ဖြစ်ပါတယ်။ မစ္စတာ Kerry ဟာ အီဂျစ်နိုင်ငံခြားရေးဝန်ကြီး Sameh Shoukri နဲ့ အရင် တွေ့ဆုံဆွေးနွေးခဲ့တာပါ။

အခုကာလဟာ အီဂျစ်ရဲ့ အကူးအပြောင်းအတွက် သိပ်ကို အရေးကြီးတဲ့ကာလဖြစ်ပြီး အီဂျစ်ရဲ့ အသွင်ကူးပြောင်းမှုလုပ်ငန်းစဉ် အချောမွေ့ဆုံးဖြစ်စေဖို့ အမေရိကန်ပြည်ထောင်စုက အီဂျစ်အစိုးရနဲ့ နီးနီးကပ်ကပ် လက်တွဲဆောင်ရွတ်ဖို့ စိတ်ဝင်စားကြောင်း ပြောခဲ့တယ်လို့ မစ္စတာ Kerry က ပြောပါတယ်။

အီဂျစ်နိုင်ငံမှာ မူဆလင်ညီအကိုတော်များအဖွဲ့ကို ဖြုတ်ချပြီး နိုင်ငံရဲ့ စစ်တပ်အကြီးအကဲဖြစ်တဲ့ မစ္စတာ el-Sissi သမ္မတရာထူး ယူလိုက်ကတည်းက အတိုက်အခံတွေအပေါ် ပြင်းပြင်းထန်ထန်နှိမ်နင်းနေတာကို အမေရိကန်အစိုးရက စိုးရိမ်ပူပန်နေပါတယ်။
XS
SM
MD
LG