သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိပ်သီးအစည်းအဝေး ကျင်းပနိုင်ရေး ဂျပန်၊ တရုတ်နဲ့ တောင်ကိုရီးယားဆွေးနွေး


Delegates from South Korea (C), China (R) and Japan (L) attend the 10th trilateral foreign ministers' meeting in Busan on November 26, 2023.
Delegates from South Korea (C), China (R) and Japan (L) attend the 10th trilateral foreign ministers' meeting in Busan on November 26, 2023.

ဂျပန်၊ တရုတ်နဲ့ တောင်ကိုရီးယားနိုင်ငံတို့ကြား ၄ နှစ်ကြာ ရပ်ဆိုင်းထားတဲ့ ထိပ်သီးဆွေးနွေးပွဲ ပြန်စနိုင်ရေး ၃ နိုင်ငံက ထိပ်တန်းသံတမန်တွေ တောင်ကိုရီးယားနိုင်ငံ Busan မြို့မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးကြပါတယ်။ ၃ နိုင်ငံ ထိပ်သီးဆွေးနွေးပွဲ ပြန်လည်စတင်နိုင်ရေး၊ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်နိုင်ရေးတို့အပြင် တခြားဒေသတွင်းနဲ့ နိုင်ငံတကာ ကိစ္စတွေမှာ သဘောထားအမြင်ချင်း ဖလှယ်ဖို့ ရည်ရွယ်တဲ့အနေနဲ့ တွေ့ဆုံတာလို့လည်း တောင်ကိုရီးယားနိုင်ငံက ပြောထားတာပါ။ ၃ နိုင်ငံ ထိပ်သီးဆွေးနွေးပွဲတွေကိုတော့ ၂၀၁၉ ခုနှစ် ကတည်းက ရပ်ဆိုင်းထားတာ ဖြစ်ပါတယ်။ စီးပွားရေးနဲ့ ယဉ်ကျေးမှုချင်း ဆက်နွယ်နေတဲ့ အာရှ ၃ နိုင်ငံပေါင်းရင် ကမ္ဘာကုန်ထုတ်လုပ်မှုရဲ့ ၂၅ ရာခိုင်နှုန်းရှိပါတယ်။

ဒါပေမဲ့လဲ စစ်ကာလ ဂျပန်နိုင်ငံက ကျုးလွန်ခဲ့တဲ့ကိစ္စတွေ၊ တရုတ်နဲ့ အမေရိကန်ကြား မဟာဗျုဟာမြောက် ယှဉ်ပြိုင်မှုတွေကြောင့် ၃ နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုတွေမှာ အဟန့်အတားတွေ ကြုံနေရတာပါ။ ၃ နိုင်ငံကြား ကြီးမားတဲ့ ပူးပေါင်းဆောင်ရွက်မှု အလားအလာတွေ ရှိနေကြောင်းနဲ့ အိမ်နီးချင်း ၃ နိုင်ငံကြား ခွဲခြားလို့ မရနိုင်ကြောင်း ဒီကနေ့ အစည်းအဝေးပွဲ အစမှာပဲ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Park Jin က ပြောဆိုခဲ့ပါတယ်။ ၃ နိုင်ငံ ထိပ်သီးဆွေးနွေးပွဲကိုလည်း အမြန်ဆုံးကျင်းပနိုင်ဖို့ မျှော်လင့်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG