သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင် ဒုညွှန်ချုပ် ပစ်သတ်ခံရ


Myanmar Elections
Myanmar Elections

မြန်မာစစ်ကောင်စီရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဒုတိယ ညွှန်ကြားရေးမှူးချုပ် တာဝန်ယူထားတဲ့၊ အငြိမ်းစား ဒုဗိုလ်မှူးကြီး စိုင်းကျော်သူဟာ ဒီကနေ့ ရန်ကုန်မြို့မှာ ပစ်ခတ်ခံရပြီး သေဆုံးသွားပါတယ်။ အောင်ရတနာ ဆေးရုံအနီး ဝေဇယန္တာ လမ်းမပေါ်မှာ ဒီကနေ့ နေ့လည်ပိုင်းက သူမောင်းလာတဲ့ ကားထဲကို သေနတ်နဲ့ အနီးကပ် ပစ်ခတ်နေတာလို့ဆိုတဲ့ ဗွီဒီယိုဖိုင်တခုနဲ့ သေဆုံးသွားတဲ့ ရုပ်ပုံတွေလည်း လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။

အငြိမ်းစား ဒုဗိုလ်မှူးကြီး စိုင်းကျော်သူဟာ စစ်ကောင်စီ ရွေးကောက်ပွဲ ဖြစ်မြောက်ရေး အဓိက ဆောင်ရွက်နေသူဖြစ်ပြီး စစ်ကောင်စီရဲ့ ပြည်သူတွေအပေါ် ဖိနှိပ်အကြမ်းဖက်မှုကိစ္စတွေမှာ ပါဝင်နေတာကြောင့် ရှင်းလင်းခဲ့တာ ဖြစ်တဲ့အကြောင်း ရန်ကုန် မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ အောင်ရတနာဆေးရုံအနီး ရှိနေသူတဦးကလည်း ပစ်ခတ်မှုဖြစ်ပြီး လူတယောက် သေဆုံးသွားတာ မှန်တဲ့အကြောင်း၊ ရွေးကောက်ပွဲကော်မရှင် ဒုညွှန်ချုပ် ဦးစိုင်းကျော်သူ ဟုတ်မဟုတ် ဆိုတာသာ သူ သေချာမသိတဲ့အကြောင်း ဗွီအိုအေကို ပြောပါတယ်။

အငြိမ်းစား ဒုဗိုလ်မှူးကြီး စိုင်းကျော်သူ ဟာ NLD သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ရွေးကောက်ပွဲ မလျော်သြဇာသုံးမှုနဲ့ တရားစွဲဆိုရာမှာ ပါဝင်သူတဦးအဖြစ် နာမည်ထွက်ထားသူ ဖြစ်ပါတယ်။ ပြီးခဲ့တဲ နှစ်တုန်းကလည်း အငြိမ်းစား ဗိုလ်ချုပ်အုန်းသွင် အပါအဝင် သတ်ဖြတ်ခံရတဲ့ စစ်တပ်အရာရှိဟောင်းတချို့ ရှိခဲ့ပါတယ်။ စစ်ကောင်စီက ရာထူးကြီး ဗိုလ်ချုပ်တွေ၊ ဗိုလ်မှူးတွေကစလို့ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ပြည်သူကို နှိပ်စက်တဲ့သူ အားလုံးကို သုတ်သင် ရှင်းလင်းသွားမယ်လို့ ရန်ကုန် မြို့ပြပြောက်ကျားတပ်ဖွဲ့က ပြောဆိုထားပါတယ်။

XS
SM
MD
LG