အေမရိကန္လုံျခဳံေရးဆိုင္ရာ ထိပ္တန္းတာဝန္႐ွိသူ သံုးေယာက္နဲ႔ ယူကရိန္း လုံျခံဳေရးတာဝန္႐ွိသူေတြ ဒီေန႔ အြန္လိုင္းကေန ေဆြးေႏြးခဲ့ၾကပါတယ္။ အေမရိကန္ကာကြယ္ေရးဝန္ႀကီး Lloyd Austin, ပူးတြဲစစ္ဦးစီးခ်ဳပ္မ်ားအဖြဲ႔ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီး Mark Milley နဲ႔ အိမ္ျဖဴေတာ္အမ်ိဳးသားအႀကံေပး Jake Sullivan တို႔က အေမရိကန္ဘက္ကေန ေဆြးေႏြးခဲ့ၾကပါတယ္။
ယူကရိန္း သမၼတ႐ုံးအရာ႐ွိခ်ဳပ္ရဲ႕ အေျပာအရ ယူကရိန္းႏိုင္ငံကို အေမရိကန္ရဲ႕ စစ္ေရးအကူအညီေတြေပးေရးကိစၥ ေဆြးေႏြးခဲ့ၾကတာျဖစ္ပါတယ္။ ယူကရိန္းႏိုင္ငံအတြက္ လိုအပ္တဲ့ ေမာ္ေတာ္ယာဥ္ေတြ၊ လက္နက္ေတြနဲ႔ ခဲယမ္းေတြ ေနာက္ထပ္ေပးေရးကိစၥေတြ ေဆြးေႏြးခဲ့ၾကပါတယ္လို႔ သမၼတ႐ုံး အရာ႐ွိခ်ဳပ္ Andriy Yermak က Telegram ေပၚမွာ ေရးသားခဲ့ပါတယ္။ အေမရိကန္ ထိပ္တန္းလုံျခံဳေရးတာဝန္႐ွိသူေတြနဲ႔ စည္းေဝးပြဲမွာ ယူကရိန္းကာကြယ္ေရးဝန္ႀကီး Oleksii Reznikov, ဗိုလ္ခ်ဳပ္ႀကီး Valeriy Zaluzhnyi အျပင္ တျခားထိပ္တန္း တပ္မႉးႀကီးေတြနဲ႔ အရာ႐ွိေတြ ပါဝင္ေဆြးေႏြးခဲ့ၾကတယ္လို႔လည္း ေျပာပါတယ္။
ယူကရိန္း တိုက္ပြဲအေျခအေနကေတာ့ ႏိုင္ငံအေ႐ွ႕ျခမ္းက Bakhmut ၿမိဳ႕ ႐ု႐ွားတို႔လက္ က်မသြားေအာင္ ယူကရိန္းတပ္ေတြ ဆက္လက္ခုခံတိုက္ေနၾကပါတယ္။ ၿမိဳ႕တခုလုံးကို ပတ္လည္ဝိုင္းထားႏိုင္ေအာင္ ႐ု႐ွားတို႔ဘက္က စစ္မ်က္ႏွာျပင္ ေတာ္ေတာ္မ်ားမ်ားကေန ထိုးစစ္ဆင္တိုက္ေနတယ္လို႔ ယူကရိန္းတို႔ဘက္က ေျပာပါတယ္။ တခ်ိန္ထဲမွာပဲ ႐ု႐ွားမွာ အမ်ိဳးသားေတြ စစ္မႈမထမ္းမေနရ အသက္ကို လက္႐ွိ ၁၈ ႏွစ္ကေန ၂၇ ႏွစ္ သတ္မွတ္ထားတာကို ၂၁ ႏွစ္ကေန အသက္ ၃၀ အထိ ေျပာင္းလဲသတ္မွတ္ဖို႔ ႐ု႐ွားအစိုးရက အခုသီတင္းပါတ္ထဲ လႊတ္ေတာ္မွာ အဆိုျပဳထားတာကိုၾကည့္ရင္ ႐ု႐ွားက စစ္အင္အား တိုးေအာင္ႀကိဳးစားေနပုံရတယ္လို႔ ၿဗိတိန္ကာကြယ္ေရးဌာနက သုံးသပ္ပါတယ္။
(ဒီဥပေဒၾကမ္းကို လႊတ္ေတာ္မွာ အတည္ျပဳဖို႔မ်ားၿပီး လာမယ့္ ဇန္နဝါရီလမွာ စတင္အသက္ဝင္မယ့္ပုံရတယ္လို႔ ၿဗိတိန္ေထာက္လွမ္းေရးအခ်က္အလက္ေတြအေပၚ မူတည္ၿပီး ကာကြယ္ေရးဌာနက ေျပာပါတယ္။ အသက္ ၁၈ ကေန ၂၁ ႏွစ္ၾကား အမ်ိဳးသားေတာ္ေတာ္မ်ားမ်ားက ပညာေရးအေၾကာင္းျပၿပီး စစ္မႈမထမ္းရေအာင္ ကင္းလြတ္ခြင့္ေတာင္းၾကတဲ့အတြက္ မျဖစ္မေန စစ္မႈထမ္းရမယ့္အသက္ကို ၂၁ ႏွစ္ကေန အသက္ ၃၀ အထိ ေျပာင္းလဲသတ္မွတ္ဖို႔ ႀကိဳးစားပုံရတယ္လို႔ သတင္းေတြမွာ ေဖာ္ျပပါတယ္။)
=== Unicode ====
အမေရိကန်လုံခြုံရေးဆိုင်ရာ ထိပ်တန်းတာဝန်ရှိသူ သုံးယောက်နဲ့ ယူကရိန်း လုံခြုံရေးတာဝန်ရှိသူတွေ ဒီနေ့ အွန်လိုင်းကနေ ဆွေးနွေးခဲ့ကြပါတယ်။ အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin, ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး Mark Milley နဲ့ အိမ်ဖြူတော်အမျိုးသားအကြံပေး Jake Sullivan တို့က အမေရိကန်ဘက်ကနေ ဆွေးနွေးခဲ့ကြပါတယ်။
ယူကရိန်း သမ္မတရုံးအရာရှိချုပ်ရဲ့ အပြောအရ ယူကရိန်းနိုင်ငံကို အမေရိကန်ရဲ့ စစ်ရေးအကူအညီတွေပေးရေးကိစ္စ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ ယူကရိန်းနိုင်ငံအတွက် လိုအပ်တဲ့ မော်တော်ယာဉ်တွေ၊ လက်နက်တွေနဲ့ ခဲယမ်းတွေ နောက်ထပ်ပေးရေးကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်လို့ သမ္မတရုံး အရာရှိချုပ် Andriy Yermak က Telegram ပေါ်မှာ ရေးသားခဲ့ပါတယ်။ အမေရိကန် ထိပ်တန်းလုံခြုံရေးတာဝန်ရှိသူတွေနဲ့ စည်းဝေးပွဲမှာ ယူကရိန်းကာကွယ်ရေးဝန်ကြီး Oleksii Reznikov, ဗိုလ်ချုပ်ကြီး Valeriy Zaluzhnyi အပြင် တခြားထိပ်တန်း တပ်မှူးကြီးတွေနဲ့ အရာရှိတွေ ပါဝင်ဆွေးနွေးခဲ့ကြတယ်လို့လည်း ပြောပါတယ်။
ယူကရိန်း တိုက်ပွဲအခြေအနေကတော့ နိုင်ငံအရှေ့ခြမ်းက Bakhmut မြို့ ရုရှားတို့လက် ကျမသွားအောင် ယူကရိန်းတပ်တွေ ဆက်လက်ခုခံတိုက်နေကြပါတယ်။ မြို့တခုလုံးကို ပတ်လည်ဝိုင်းထားနိုင်အောင် ရုရှားတို့ဘက်က စစ်မျက်နှာပြင် တော်တော်များများကနေ ထိုးစစ်ဆင်တိုက်နေတယ်လို့ ယူကရိန်းတို့ဘက်က ပြောပါတယ်။ တချိန်ထဲမှာပဲ ရုရှားမှာ အမျိုးသားတွေ စစ်မှုမထမ်းမနေရ အသက်ကို လက်ရှိ ၁၈ နှစ်ကနေ ၂၇ နှစ် သတ်မှတ်ထားတာကို ၂၁ နှစ်ကနေ အသက် ၃၀ အထိ ပြောင်းလဲသတ်မှတ်ဖို့ ရုရှားအစိုးရက အခုသီတင်းပါတ်ထဲ လွှတ်တော်မှာ အဆိုပြုထားတာကိုကြည့်ရင် ရုရှားက စစ်အင်အား တိုးအောင်ကြိုးစားနေပုံရတယ်လို့ ဗြိတိန်ကာကွယ်ရေးဌာနက သုံးသပ်ပါတယ်။
(ဒီဥပဒေကြမ်းကို လွှတ်တော်မှာ အတည်ပြုဖို့များပြီး လာမယ့် ဇန်နဝါရီလမှာ စတင်အသက်ဝင်မယ့်ပုံရတယ်လို့ ဗြိတိန်ထောက်လှမ်းရေးအချက်အလက်တွေအပေါ် မူတည်ပြီး ကာကွယ်ရေးဌာနက ပြောပါတယ်။ အသက် ၁၈ ကနေ ၂၁ နှစ်ကြား အမျိုးသားတော်တော်များများက ပညာရေးအကြောင်းပြပြီး စစ်မှုမထမ်းရအောင် ကင်းလွတ်ခွင့်တောင်းကြတဲ့အတွက် မဖြစ်မနေ စစ်မှုထမ်းရမယ့်အသက်ကို ၂၁ နှစ်ကနေ အသက် ၃၀ အထိ ပြောင်းလဲသတ်မှတ်ဖို့ ကြိုးစားပုံရတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။)