သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဂ်ပန္ အာဏာရပါတီ ေအာက္လႊတ္ေတာ္အမတ္ စစ္ေကာင္စီအႀကီးအကဲ ေတြ႔ဆုံ


ဂ်ပန္အာဏာရပါတီ ေအာက္လႊတ္ေတာ္ အမတ္ Hiromichi Watanabe နဲ႔ ျမန္မာစစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္တို႔ ၾကာသပေတးေန႔က ေတြ႔ဆံုစဥ္။ (ဓါတ္ပံု-တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္႐ံုး)

[[Zawgyi/Unicode]]

ဂ်ပန္ႏိုင္ငံသား မွတ္တမ္း႐ုပ္ရွင္႐ိုက္ကူးသူ Toru Kubota ျမန္မာႏိုင္ငံမွာ ဆႏၵျပပြဲသတင္းယူရင္း အဖမ္းခံခဲ့ရၿပီး ရက္ပိုင္းအတြင္းမွာပဲ ျမန္မာႏိုင္ငံကိုေရာက္ေနတဲ့ ဂ်ပန္အာဏာရပါတီက ၾသဇာႀကီးတဲ့ ေအာက္လႊတ္ေတာ္ အမတ္ Hiromichi Watanabe ဟာ ျမန္မာစစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္နဲ႔ ၾကာသပေတးေန႔က ေတြ႕ဆံုခဲ့ပါတယ္။

ဒီေတြ႕ဆံုပြဲကို ဂ်ပန္- ျမန္မာ ယဥ္ေက်းမႈျမႇင့္တင္ေရး ဥကၠ႒ပါ တက္ေရာက္ခဲ့ၿပီး ၂ ႏိုင္ငံ ခ်စ္ၾကည္ေရး၊ စီးပြါးေရးဆိုင္ရာျမႇင့္တင္ဖို႔ ေတြ႔ဆံုေဆြးေႏြးတာျဖစ္ေၾကာင္း စစ္ေကာင္စီက သတင္းထုတ္ျပန္ပါတယ္။ ဂ်ပန္ လစ္ဘရယ္ဒီမိုကရက္တစ္ပါတီ အမတ္ Wantanabe ရံုးကေတာ့ သူဟာ ၾသဂုတ္လ ၇ ရက္ကေန ၁၂ ရက္အထိ ျမန္မာႏိုင္ငံကိုသြားေရာက္မွာ ျဖစ္ေၾကာင္း ေျပာေပမယ့္ ဘာေၾကာင့္ သြားတယ္ဆိုတာကိုေတာ့ ထုတ္မေျပာပါဘူး။

ျမန္မာႏိုင္ငံမွာ စစ္အာဏာရွင္ဆန္႔က်င္ေရး ဆႏၵျပလႈပ္ရွားမႈေတြကို အာဏာသိမ္းစစ္ေကာင္စီက ျပင္းျပင္းထန္ထန္ ႏွိမ္နင္းေနခ်ိန္မွာ ခရီးသြားဗီဇာနဲ႔ ျမန္မာႏိုင္ငံကို သြားေရာက္ခဲ့တဲ့ အသက္ ၂၆ ႏွစ္အရြယ္ Toru Kubota ဟာ ဇူလိုင္လ ၃၀ ရန္ကုန္ဆႏၵျပပြဲ တခုမွာ အဖမ္းခံခဲ့ရတာ ျဖစ္ၿပီး သူ႔ကိုျပန္လႊတ္ေပးဖို႔ ဂ်ပန္အစိုးရက ေတာင္းဆိုထားပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ ေဖေဖာ္ဝါရီလအတြင္းကလည္း ျမန္မာႏိုင္ငံအတြင္းက ဆႏၵျပပြဲေတြကို သတင္းယူခဲ့တဲ့ ဂ်ပန္သတင္းေထာက္ Yuki Kitazumi ကို ျမန္မာစစ္ေကာင္စီက ဖမ္းဆီးခဲ့ၿပီး ၄ လ အၾကာ ေမလမွာ ျပန္လႊတ္ေပးခဲ့ပါတယ္။ ျမန္မာႏိုင္ငံမွာ ၂၀၀၇ ခုႏွစ္ကေတာ့ ေရႊဝါေရာင္ သံဃာ့လႈပ္ရွားမႈေခၚ ဆႏၵျပပြဲအတြင္း သတင္းယူခဲ့တဲ့ ဂ်ပန္သတင္းေထာက္ Kenji Nagai ျမန္မာ လုံျခဳံေရးတပ္ဖြဲ႕ဝင္ေတြရဲ႕ လက္ခ်က္နဲ႔ ေသနတ္မွန္ ေသဆုံးခဲ့တာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

==========

[[Unicode]]

ဂျပန် အာဏာရပါတီ အောက်လွှတ်တော်အမတ် စစ်ကောင်စီအကြီးအကဲ တွေ့ဆုံ

ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ Toru Kubota မြန်မာနိုင်ငံမှာ ဆန္ဒပြပွဲသတင်းယူရင်း အဖမ်းခံခဲ့ရပြီး ရက်ပိုင်းအတွင်းမှာပဲ မြန်မာနိုင်ငံကိုရောက်နေတဲ့ ဂျပန်အာဏာရပါတီက သြဇာကြီးတဲ့ အောက်လွှတ်တော် အမတ် Hiromichi Watanabe ဟာ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ကြာသပတေးနေ့က တွေ့ဆုံခဲ့ပါတယ်။

ဒီတွေ့ဆုံပွဲကို ဂျပန်- မြန်မာ ယဉ်ကျေးမှုမြှင့်တင်ရေး ဥက္ကဋ္ဌပါ တက်ရောက်ခဲ့ပြီး ၂ နိုင်ငံ ချစ်ကြည်ရေး၊ စီးပွါးရေးဆိုင်ရာမြှင့်တင်ဖို့ တွေ့ဆုံဆွေးနွေးတာဖြစ်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။ ဂျပန် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ အမတ် Wantanabe ရုံးကတော့ သူဟာ သြဂုတ်လ ၇ ရက်ကနေ ၁၂ ရက်အထိ မြန်မာနိုင်ငံကိုသွားရောက်မှာ ဖြစ်ကြောင်း ပြောပေမယ့် ဘာကြောင့် သွားတယ်ဆိုတာကိုတော့ ထုတ်မပြောပါဘူး။

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေကို အာဏာသိမ်းစစ်ကောင်စီက ပြင်းပြင်းထန်ထန် နှိမ်နင်းနေချိန်မှာ ခရီးသွားဗီဇာနဲ့ မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ အသက် ၂၆ နှစ်အရွယ် Toru Kubota ဟာ ဇူလိုင်လ ၃၀ ရန်ကုန်ဆန္ဒပြပွဲ တခုမှာ အဖမ်းခံခဲ့ရတာ ဖြစ်ပြီး သူ့ကိုပြန်လွှတ်ပေးဖို့ ဂျပန်အစိုးရက တောင်းဆိုထားပါတယ်။

ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလအတွင်းကလည်း မြန်မာနိုင်ငံအတွင်းက ဆန္ဒပြပွဲတွေကို သတင်းယူခဲ့တဲ့ ဂျပန်သတင်းထောက် Yuki Kitazumi ကို မြန်မာစစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ၄ လ အကြာ မေလမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၀၇ ခုနှစ်ကတော့ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုခေါ် ဆန္ဒပြပွဲအတွင်း သတင်းယူခဲ့တဲ့ ဂျပန်သတင်းထောက် Kenji Nagai မြန်မာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ လက်ချက်နဲ့ သေနတ်မှန် သေဆုံးခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG