သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဂ်ပန္အစိုးရအေနနဲ႔ ျမန္မာစစ္ေကာင္စီကို ဖိအားေပးဖို႔ ျပန္လြတ္လာတဲ့ Toru Kubota ေတာင္းဆို


ဂ်ပန္မွတ္တမ္း႐ုပ္ရွင္႐ိုက္ကူးသူ Toru Kubota

[[Zawgyi/Unicode]]

ဂ်ပန္အစိုးရအေနနဲ႔ ျမန္မာစစ္ေကာင္စီရဲ႕ လူ႔အခြင့္အေရးခ်ဳိးေဖာက္ေနမႈေတြအေပၚ ပိုမို ျပင္းထန္စြာ ရပ္တည္ေဆာင္ရြက္ဖို႔ ျမန္မာႏိုင္ငံမွာ ဖမ္းဆီးထိန္းသိမ္းခံရၿပီး မၾကာေသးခင္က ျပန္လည္ လြတ္ေျမာက္လာတဲ့ ဂ်ပန္မွတ္တမ္း႐ုပ္ရွင္႐ိုက္ကူးသူ Toru Kubota က တိုက္တြန္းလိုက္ပါတယ္။

ဒါ့အျပင္ ျမန္မာႏိ္ုင္ငံအက်ဥ္းေထာင္အတြင္း ထိန္းသိမ္းခံထားရတဲ့ အခ်ိန္ေတြဟာ ငရဲျပည္လိုပဲလို႔ သူက တင္စား ေျပာၾကားလိုက္ၿပီး ျမန္မာျပည္သူေတြခံစားေနရတာကို သူ ေတြ႔ႀကံဳခဲ့ရတဲ့အေျခအေနေတြအရ ပိုမို နားလည္သိရွိလာရတဲ့အတြက္ ျမန္မာႏိုင္ငံက ထြက္ေျပးလာၾကတဲ့ဒုကၡသည္ေတြကို လက္ခံေပးဖို႔အတြက္လည္း ဂ်ပန္အစိုးရကို ေတာင္းဆိုလိုက္ပါတယ္။

ျမန္မာနဲ႔ဂ်ပန္ၾကား စီးပြားေရးအရ သိသာတဲ့ထိေရာက္မႈေတြျဖစ္ေပၚေစတဲ့ ဆက္ဆံေရးရွိေနတာေၾကာင့္ ဂ်ပန္ဘက္က ရင္းႏွီးျမွဳပ္ႏွံမႈေတြ ဘယ္ကိုသြားတယ္ဆိုတာနဲ႔ အဲဒီ ေငြေတြဟာ ကိုယ့္ျပည္သူေတြအေပၚ ဖိႏွိပ္ဖို႔အတြက္ အသုံးခ်ေနတာ ဟုတ္မဟုတ္ဆိုတာကို အေသးစိတ္ စုံစမ္းသင့္ေၾကာင္း Toru Kubota က ေျပာပါတယ္။

အသက္ ၂၆ ႏွစ္ရွိၿပီျဖစ္တဲ့ Toru Kubota ဟာ ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းမႈဆန္႔က်င္တဲ့ ဆႏၵျပပြဲတခုမွာ တျခား ျမန္မာႏိုင္ငံသား ၂ ဦးနဲ႔အတူ ဖမ္းဆီးခံရၿပီး ေထာင္ဒဏ္ ၇ ႏွစ္ အျပစ္ေပးခံခဲ့ရေပမယ့္ အက်ဥ္းေထာင္မွာ ၃ လခြဲေလာက္ပဲ ေနရၿပီး ႏိုဝင္ဘာ ၁၇ ရက္ေန႔မွာ လြတ္ၿငိမ္းခ်မ္းသာခြင့္နဲ႔ အက်ဥ္းသားေတြ ျပန္လႊတ္ေပးလိုက္တဲ့အထဲ ပါလာခဲ့တာပါ။

ဒါေပမဲ့ အက်ဥ္းသားေတြကို လႊတ္ေပးလိုက္တာဟာ စစ္ေကာင္စီက ဝါဒျဖန္႔ခ်ိေရးအတြက္ သက္သက္လုပ္ေဆာင္ျခင္းျဖစ္တယ္လို႔ Toru Kubota က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

ဂျပန်အစိုးရအနေနဲ့ မြန်မာစစ်ကောင်စီကို ဖိအားပေးဖို့ ပြန်လွတ်လာတဲ့ Toru Kubota တောင်းဆို

ဂျပန်အစိုးရအနေနဲ့ မြန်မာစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်နေမှုတွေအပေါ် ပိုမို ပြင်းထန်စွာ ရပ်တည်ဆောင်ရွက်ဖို့ မြန်မာနိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းခံရပြီး မကြာသေးခင်က ပြန်လည် လွတ်မြောက်လာတဲ့ ဂျပန်မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ Toru Kubota က တိုက်တွန်းလိုက်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအကျဉ်းထောင်အတွင်း ထိန်းသိမ်းခံထားရတဲ့ အချိန်တွေဟာ ငရဲပြည်လိုပဲလို့ သူက တင်စား ပြောကြားလိုက်ပြီး မြန်မာပြည်သူတွေခံစားနေရတာကို သူ တွေ့ကြုံခဲ့ရတဲ့အခြေအနေတွေအရ ပိုမို နားလည်သိရှိလာရတဲ့အတွက် မြန်မာနိုင်ငံက ထွက်ပြေးလာကြတဲ့ဒုက္ခသည်တွေကို လက်ခံပေးဖို့အတွက်လည်း ဂျပန်အစိုးရကို တောင်းဆိုလိုက်ပါတယ်။

မြန်မာနဲ့ဂျပန်ကြား စီးပွားရေးအရ သိသာတဲ့ထိရောက်မှုတွေဖြစ်ပေါ်စေတဲ့ ဆက်ဆံရေးရှိနေတာကြောင့် ဂျပန်ဘက်က ရင်းနှီးမြှုပ်နှံမှုတွေ ဘယ်ကိုသွားတယ်ဆိုတာနဲ့ အဲဒီ ငွေတွေဟာ ကိုယ့်ပြည်သူတွေအပေါ် ဖိနှိပ်ဖို့အတွက် အသုံးချနေတာ ဟုတ်မဟုတ်ဆိုတာကို အသေးစိတ် စုံစမ်းသင့်ကြောင်း Toru Kubota က ပြောပါတယ်။

အသက် ၂၆ နှစ်ရှိပြီဖြစ်တဲ့ Toru Kubota ဟာ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ ဆန္ဒပြပွဲတခုမှာ တခြား မြန်မာနိုင်ငံသား ၂ ဦးနဲ့အတူ ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၇ နှစ် အပြစ်ပေးခံခဲ့ရပေမယ့် အကျဉ်းထောင်မှာ ၃ လခွဲလောက်ပဲ နေရပြီး နိုဝင်ဘာ ၁၇ ရက်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းသားတွေ ပြန်လွှတ်ပေးလိုက်တဲ့အထဲ ပါလာခဲ့တာပါ။

ဒါပေမဲ့ အကျဉ်းသားတွေကို လွှတ်ပေးလိုက်တာဟာ စစ်ကောင်စီက ဝါဒဖြန့်ချိရေးအတွက် သက်သက်လုပ်ဆောင်ခြင်းဖြစ်တယ်လို့ Toru Kubota က ပြောပါတယ်။

XS
SM
MD
LG