သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူးလုစ် (Toulouse) သေနတ်သမား သေဆုံး


သေနတ်သမား ပုန်းအောင်းနေရာ တိုက်ခန်းအနီး ရဲ အရာရှိ နှင့် တူးလုစ် မြို့ခံ တဦး
သေနတ်သမား ပုန်းအောင်းနေရာ တိုက်ခန်းအနီး ရဲ အရာရှိ နှင့် တူးလုစ် မြို့ခံ တဦး

ပြင်သစ်နိုင်ငံ တူးလုစ် (Toulouse) မြို့မှာ လူ ၇ ယောက်ကို သတ်ပစ်ခဲ့တဲ့သူလို့ သံသယ ရှိရတဲ့ သေနတ်သမား နေအိမ်ကို ဝင်ရောက် စီးနင်းပြီးတဲ့ နောက်မှာ အဲဒီ သေနတ်သမား ဟာ သေဆုံးသွားပြီလို့ ပြင်သစ်အာဏာပိုင် တွေက ပြောလိုက်ပါတယ်။ ၃၂ နာရီကြာ ရှေ့မတိုး နောက်မဆုတ် ဖြစ်နေတာ ကနေ ပြင်သစ် ရဲတပ်ဖွဲ့ က သူနေတဲ့ နေရာကို ဝင်ရောက် စီးနင်းခဲ့ပါတယ်။ အဲဒီနောက် အပြန်အလှန် ပစ်ခတ် ကြပြီးတဲ့ နောက် ၂၄ နှစ် အရွယ် မိုဟာမက်မေရာ ဟာ ပြတင်းပေါက် က နေ ခုန်ချသွားတယ် လို့ ပြင်သစ် ပြည်ထဲရေး ဝန်ကြီး ပြောပါတယ်။ အဲဒီ လို ဝင်ရောက် စီးနင်းတဲ့ အတွက် ရဲ နှစ်ယောက် ဒဏ်ရာ ရသွားခဲ့ တယ်လို့ ပြောပါတယ်။

မနက် ကိုးနာရီခွဲမှာ ရဲ အထူးတပ်ဖွဲ့က အိမ်ထဲ ကို ဝင်ရောက် စီးနင်းခဲ့ပြီးတော့ မေရာ ဟာ ရေချိုးခန်းထဲက ထွက်လာပြီးတော့ အပြင်းအထန် ပြန်လှန် ပစ်ခတ်ခဲ့တယ်လို့ ပြင်သစ် ပြည်ထဲရေး ဝန်ကြီး က ပြောပါတယ်။ အဲဒါကြောင့် ရဲတပ်ဖွဲ့က သူတို့ ဟာ သူတို့ ကာကွယ်တဲ့ အနေနဲ့ ပြန်ပစ်ခတ် ခဲ့တာလို့ ပြောပါတယ်။ မေရာ ဟာ ပြတင်းပေါက် က ခုန်ချတဲ့ အချိန်မှာလည်း သေနတ်နဲ့ ဆက်ပြီး ဖြစ်ခတ်နေကြောင်း ဒါပေမဲ့ အောက် ကို ရောက်တဲ့ အချိန်မှာတော့ မေရာ ဟာ သေဆုံးနေပြီလို့ ပြောပါတယ်။

အစောပိုင်းမှာတုန်းကတော့ အဲဒီ သေနတ်သမားက သူဟာ အယ်လ်ကိုင်းဒါးနဲ့ ဆက်နွယ်သူဖြစ်တယ်လို့ ပြောခဲ့ပြီး၊ လက်နက်ကိုင်ပြီးတော့ သေဆုံးချင်တယ်လို့လည်း ပြောခဲ့ကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

အယ်လ်ဂျီးရီးယားနွယ်ဖွား ပြင်သစ်နိုင်ငံသားဟာ ပြင်သစ်နိုင်ငံ တူူးလုစ် (Toulouse) မြို့ကနေ မော်တော်ဆိုင်ကယ်နဲ့ ထွက်မပြေးခင်မှာ ကလေး သုံး ယောက်နဲ့ ဂျူးတရားဟောဆရာ တစ်ဦးတို့ကို သတ်ဖြတ်ခဲ့တယ်လို့ စွပ်စွဲခံနေရတာဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ ပြီးခဲ့တဲ့တပတ်ကလည်း အဲဒီသေနတ်နဲ့ပဲ ပြင်သစ်စစ်သား သုံး ဦးကို တူူးလုစ်နဲ့ အနီးနားက မြို့တခုမှာ သတ်ဖြတ်ခဲ့တယ်လို့ ပြင်သစ်ရဲက ပြောပါတယ်။

XS
SM
MD
LG