သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရအပြောင်းအလဲကာလ ကမ္ဘာလှည့်ခရီးသည် အလာနဲ


ပုဂံဘုရားများမြင်ကွင်း
ပုဂံဘုရားများမြင်ကွင်း

မြန်မာနိုင်ငံမှာ နိုဝင်ဘာလအတွင်းက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲနောက်ပိုင်း အစိုးရအပြောင်းအလဲကာလမှာ ဘာတွေဖြစ်လာမလဲဆိုတဲ့ စိုးရိမ်မှုတွေ ထွက်ပေါ်နေတာကြောင့် မြန်မာနိုင်ငံကို လာကြတဲ့ ကမ္ဘာလှည့်ခရီးသည်အရေအတွက် ပြီးခဲ့တဲ့ လအနဲငယ်အတွင်း လျော့ကျသွားခဲ့တယ်လို့ ဧည့်လမ်းညွန်တွေက ပြောပါတယ်။ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်အတွင်း ပြောင်းလဲမှုတွေ စတင် ဖော်ဆောင်ပြီးနောက်ပိုင်း မြန်မာနိုင်ငံအပေါ် နိုင်ငံတကာရဲ့ စိတ်ဝင်စားမှုတွေ တိုးလာသလို လာလည်လိုကြတဲ့ ကမ္ဘလှည့် ခရီးသည်အရေအတွက်ဟာလည်း တနှစ်ထက် တနှစ် ပိုများလာနေရာက ရွေးကောက်ပွဲ နောက်ပိုင်းမှာ အလာကျဲသွားတာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်း ကမ္ဘာလှည့် ခရီးသည်တွေအပေါ် စွဲဆောင်မှုအရှိဆုံး ဒေသတခုဖြစ်တဲ့ ပုဂံမြို့က ဝါရင့်ဧည့်လမ်းညွန် ကိုနိုင်ထွန်းကို ဆက်သွယ်ပြီး ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း အခြေအနေတွေအကြောင်း အခုသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG