သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဂျင်ပြဿနာ ထိန်ချန်ထားတဲ့ တိုယိုတာကားကုမ္ပဏီ ဒေါ်လာ သန်းထောင်ကျော် ပေးလျော်ရ


တိုယိုတာကားတွေမှာ ဘေးအန္တရာယ်ဆိုင်ရာ ပြဿနာတွေ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ရှိနေတာနဲ့ပတ်သက်ပြီး လူထု နားလည်မှု လွဲမှားအောင် လုပ်ခဲ့တယ်ဆိုတာကို ကမ္ဘာ့အကြီးဆုံး ကားကုမ္ပဏီဖြစ်တဲ့ ဂျပန်နိုင်ငံ တိုယိုတာ မော်တော် ကော်ပိုရေးရှင်းက ဝန်ခံလိုက်ပါတယ်။

တချိန်ထဲမှာပဲ ပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတစ်ခုကို ကျေအေးဖို့အတွက် ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၁ ဒဿမ ၂ ဘီလီယံ အမေရိကန် ပြည်ထောင်စု ကို ပေးဆောင်ဖို့ သဘောတူလိုက်ပါတယ်။

၄ နှစ်ကြာ အမှု ဖြေရှင်းလိုက်တာနဲ့ ပတ်သက်ပြီး ဗုဒ္ဓဟူးနေ့က ဝါရှင်တန်ဒီစီမြို့တော်မှာ ကြေညာချိန်အတွင်း ရှေ့နေချုပ် အဲရစ်က် ဟိုလ်ဒါ (Eric Holder) က ကုမ္ပဏီဟာ ရှက်ဖွယ်ရာ ပြုမူလုပ်ဆောင်ခဲ့တယ်လို့
ပြောခဲ့ပါတယ်။

တိုယိုတာကုမ္ပဏီဟာ ကားတွေ ဘေးကင်းလုံခြုံဖို့ထက် ကုမ္ပဏီ သိက္ခာမကျဖို့ကို ပိုပြီး စိုးရိမ်ခဲ့တယ်လို့ မစ္စတာဟိုလ်ဒါက ပြောပါတယ်။ "သူတို့ကားကို ဝယ်ယူသူတွေထက် သူတို့အမှတ်တံဆိပ်ကို ဦးစားပေး ကာကွယ်ခဲ့တယ်ဆိုတာ ကုမ္ပဏီ ကိုယ်တိုင်က ဝန်ခံခဲ့ပါတယ်။ ဒါဟာ အများပြည်သူရဲ့ ယုံကြည်မှုကို ရှင်းရှင်းလင်းလင်းနဲ့ သိက္ခာမဲ့စွာ မတရား ပြုကျင့်လိုက်ရာ မြောက်ပါတယ်။" လို့ ရှေ့နေချုပ် အဲရစ်က် ဟိုလ်ဒါက ပြောပါတယ်။

တိုယိုတာနဲ့ လက်က်စ်ဆပ်စ်ကားတွေရဲ့ ၂၀၀၉ ခုနှစ်နဲ့ ၂၀၁၀ ပြည့်နှစ် မော်ဒယ်လ်တချို့မှာ မရည်ရွယ်ဘဲ ကားအရှိန် တက်သွားတတ်တဲ့ ပြဿနာတွေ ရှိတာကို တိုယိုတာကုမ္ပဏီက ဖုံးကွယ်ဖို့ ကြိုးစားခဲ့တယ်ဆိုတဲ့အပေါ် အဓိက စုံစမ်းစစ်ဆေးခဲ့တာပါ။ အဲဒီလို ချို့ယွင်းမှုကနေ ကားမောင်းသူတွေက ရုတ်တရက် အရှိန် အရမ်းတင်လိုက်တဲ့အခါ ကားကို မထိန်းနိုင်တော့တာကြောင့် လူသေဆုံးတဲ့အထိ ယာဉ်တိုက်မှုတွေ ဖြစ်ခဲ့ရပါတယ်။
XS
SM
MD
LG