သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခရီးသည်တင်ကား အလုံပိတ်ပစ္စည်းခန်းက မြန်မာ(၁၁)ဦး ထိုင်းရဲဖမ်းမိ


ဓါတ်ပုံ- Manger Online News Facebook
ဓါတ်ပုံ- Manger Online News Facebook

မတ်လ၁၃ရက်နေ့ညက ထိုင်းရဲ စစ်ဆေးရေးဂိတ်တခုမှာ တရားမဝင်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား (၁၁)ဦးဖမ်းဆီးခံခဲ့ရပါတယ်။ သူတို့တွေဟာ ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ကနေဘန်ကောက်ကို သွားမယ့် ခရီးသည်တင် ဘတ်စ်ကားတစီးရဲ့ ပစ္စည်းထားတဲ့အတွင်းပိုင်း အလုံပိတ်အခန်းတခုမှာ ပုန်းအောင်းလိုက်ပါလာခဲ့ကြတာဖြစ်ပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ်။

သူတိုကို မဲဆောက်မြို့အထွက်စစ်ဆေးရေးဂိတ်တခုမှာ ထိုင်းနယ်ခြားစောင့်တပ်က ရှာဖွေရှာဖွေရာမှာ တွေ့ှရှိခဲ့တာဖြစ်ပါတယ်။ မဲဆောက်မြိုကအလုပ်သမားရေးလုှပ်ှရှားသူတဦးကတော့ မြန်မာနိုင်ငံသားတွေကို လူကုန်ကူးသူတွေက ဘယ်လို့သယ်ဆောင်ခဲ့သလဲဆိုတာကို အခုလိုရှင်းပြပါတယ်။

“ဘန်ကောက်ကိုလူတွေသယ်တဲ့ပုံစံက ကားကြီးတွေရဲ့အောက်ထပ်မှာ ပစ္စည်းတွေထည့်တဲ့နေရာမှာ လူတွေကိုထိုင်ခိုင်းပြီးတော့ အလုံပိတ်ထားတာပေါ့နော်။”

ဒါဟာပထမဦးဆုံးအကြိမ်တော့မဟုတ်ပါဘူး။ အခုလိုမျိုး ပုံစံနဲ့အလာတူးပုံစံမျိုးတွေနဲ့ မြန်မာနိုင်ငံသားတွေဟာ အလုပ်အကိုင်ကောင်းမယ်လို့ယူဆရတဲ့ဘန်ကောက်မြို့ကို နည်းလမ်းပေါင်းစုံနဲ့ တက်နေကြတာဖြစ်တယ်လို့ လည်းဆိုပါတယ်။

“ဂိတ်တွေကိုကျော်ဖြတ်ပြီးသွားတာရှိတယ်။ ကားတွေနဲ့တိုက်ရိုက်သွားတာရှိတယ်။ ဒါကအမြဲဖြစ်နေကြပဲလေ။”

ထိုင်းနိုင်ငံအတွင်း အလုပ်အကိုင်ရှာဖွေဖိုလာကြတဲ့မြန်မာနိုင်ငံသားတွေထဲက တချို့ဟာ လူကုန်ကူးခံရပြီးများသောအာဖြင့် ငါးဖမ်းလှေတွေနဲ့ ရေထွက်ပစည်းတွေထုတ်လုပ်တဲ့ အလုပ်ရုံတွေမှာ ရောင်းစားခံရမူတွေ ရှိနေတယ်လို့လူအခွင်ရေးအဖွဲတွေကဆိုပါတယ် လူကုန်ကူးမှုနဲ့ပတ်သက်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက နှစ်စဉ် ထုတ်ပြန်တဲ့ နိုင်ငံတကာ လူကုန်ကူးမှု တိုက်ဖျက်ရေး အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံကို Tier -2 လို့ ခေါ်တဲ့ စောင့်ကြည့်စာရင်းထဲမှာထည့်ထားပေမယ့် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ဆက်စပ်နေတဲ့ ထိုင်းနိုင်ငံကတော့ Tier-3 အဆိုးဆုံးအဆင့်ကို သတ်မှတ်ခံထားရပါတယ်။

လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ ထိုင်းနိုင်ငံရဲ့ လုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီး အမေရိကန် စောင့်ကြည့်လေ့လာရေးအဖွဲ့ တဖွဲ့ ကပြီးခဲ့တဲ့လတွေကပဲ ကွင်းဆင်းပြီး ထိုင်းနိုင်ငံကို လာရောက်လေ့လာ့ခဲ့တာပါ ဒီနှစ်လည်ပိုင်းမှာထုတ်ပြန်မယ့် တကမ္ဘာလုံး ဆိုင်ရာ လူကုန်ကူးမှုတိုက်ဖျက် ရေးနဲ့ပတ်သက်တဲ့ အစီရင်ခံစာအတွက် ထိုင်းနိုင်ငံကိုလာရောက် လေ့လာခဲ့တာလည်းဖြစ်ပါတယ်။

XS
SM
MD
LG