လူကုန်ကူးမှုပြဿနာမှာ အဓိကအားဖြင့် အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေဟာ လိင်လုပ်ငန်းမှာ အသုံးချခံရဖို့ ရောင်းစားခြင်းခံခဲံရတာများပါတယ်။ မြန်မာနိုင်ငံမှာ တိုင်းရင်းအမျိုးသမီးနဲ့ မိန်းကလေးငယ်တွေဟာ နယ်စပ်ဒေသတွေမှာ အထူးသဖြင့် ရောင်းစားခံနေကြရတယ်လို့ အစီရင်ခံစာတွေ မကြာခဏ ထွက်ပေါ်ခဲ့ပြီး တရုတ်-မြန်မာနယ်စပ်ဒေသမှာ အမျိုးသမီးတွေ ရောင်းစားခံခဲ့ရတဲ့အခြေအနေအကြောင်းကို ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်းက တင်ဆက်ထားပါတယ်။
တရုတ်ပြည်ဘက်မှာ ရောင်းစားခံရတဲ့ မြန်မာမိန်းကလေးတွေရဲ့ဘဝ
