သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယဆင် ၇ ကောင် ရထားတိုက်လို့ သေကြရ


ရထားတိုက်ခံရတဲ့ ဆင်၊ အနောက်ဘန်ဂေါပြည်နယ်၊ အိန္ဒိယ။ (နိုဝင်ဘာလ ၁၄၊ ၂၀၁၃)
ရထားတိုက်ခံရတဲ့ ဆင်၊ အနောက်ဘန်ဂေါပြည်နယ်၊ အိန္ဒိယ။ (နိုဝင်ဘာလ ၁၄၊ ၂၀၁၃)
အိန္ဒိယနိုင်ငံ အရှေ့ခြမ်းက အနောက်ဘန်ဂေါ ပြည်နယ်က တောအုပ်တခုမှာ လမ်းဖြတ်ကူးနေတဲ့ ဆင်တအုပ်ကို ခရီးသည်တင် ရထားတစင်းက ဝင်တိုက်မိလို့ ဆင် ၇ ကောင်ထက်မနည်း သေဆုံးခဲ့ရတယ်လို့ အိန္ဒိယအစိုးရအရာရှိတွေက ပြောပါတယ်။ ဗုဒ္ဓဟူးနေ့ကဖြစ်ခဲ့တဲ့ ဒီဖြစ်ရပ်ဟာ သူ မကြာခင်က တွေ့မြင်ခဲ့ရတဲ့ အဖြစ်အပျက်တွေထဲမှာတော့ အဆိုးရွာ ဆုံးပဲလို့ ပြည်နယ် သစ်တောရေးရာ ဝန်ကြီးက ပြောပါတယ်။

နောက်ထပ် ဆင် ၁၀ ကောင်လောက်လည်း အပြင်းအထန် ဒဏ်ရာ ရရှိထားပြီး တချို့ ထပ်ပြီး သေသွားနိုင်သေးတယ်လို့လည်း သူက ပြောပါတယ်။ ကောင်ရေ ၄၀ ပါတဲ့ ဆင်အုပ်ကို ဖြတ်ကူးနေတဲ့ တိုက်မိတဲ့ရထားဟာ ချာပရာမရီ တော်အုပ်ကို ဖြတ်ပြီး တမီတာကို မိုင် ၅၀ နှုန်းလောက် နဲ့ မောင်းနှင်နေတာဖြစ်တယ်လို့ အစိုးရအရာရှိတွေက ပြောပါတယ်။

ဆင်တွေသွားလာတဲ့ လမ်းကြောင်းလို့ သိထားတဲ့ ဒီနေရာမှာ ရထားကို အရှိန်လျှော့မောင်းနှင်ဖို့ မီးရထား အာဏာပိုင်တွေကို ပြောခဲ့ပေမဲ့ သူတို့က လစ်လျူရှုခဲ့တဲ့အကြောင်း အစိုးရအရာရှိတွေက အေပီ သတင်းဌာနကို ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေအတွင်း ခုလို ရထားတိုက်ခံရတဲ့ ဖြစ်ရပ်တွေကြောင့် အိန္ဒိယ တောအုပ်တွေတွင်းမှာ ဆင်တွေ ဒါဇင်နဲ့ချီ သေဆုံးခဲ့ရပြီးဖြစ်ပါတယ်။
XS
SM
MD
LG