သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်ဝမ်လေယာဉ်မှူးတွေ စာမေးပွဲပြန်ဖြေရ


ဗုဒ္ဓဟူးနေ့က TransAsia ဂျက်လေယာဉ် ပျက်ကျခဲ့တာဟာ လေယာဉ်မှူးရဲ့ မှားယွင်းမှုကြောင့်ဖြစ်တယ်လို့ စုံစမ်းစစ်ဆေးသူတွေ တွေ့ရှိခဲ့တာမို့ အခု TransAsia လေယာဉ်မှူးတွေကို စနေနေ့က စတင်ပြီး အရည်အချင်း ပြည့်မှီမှု ရှိမရှိ စစ်ဆေးမှုတွေ လုပ်နေပြီဖြစ်ပါတယ်။

တိုင်ဝမ်နိုင်ငံရဲ့အရပ်ဘက်လေကြောင်းစီမံခန့်ခွဲရေးဌာန CAA ရဲ့ ညွှန်ကြားချက်အရ ATR ပိုင်းလော့ ၇၁ ယောက်ဟာ စာမေးပွဲပြန်ဖြေ ကြရမှာမို့TransAsia လေကြောင်းက လာမယ့် ၃ ရက်အတွက် သူ့ရဲ့ လေကြောင်းခရီးစဉ် ၉၀ ကျော်ကို ဖျက်သိမ်းထားပါတယ်။

အခုပျက်ကျသွားတဲ့ လေယာဉ်ကြောင့် လူပေါင်း ၄၀ ကျော်သေဆုံးခဲ့ရပြီး ၁၅ ဦးကိုတော့ အသက်မသေ ကယ်တင်နိုင်ခဲ့တာပါ။ လေယာဉ် ပျက်ကျသွားတဲ့ Keelung မြစ်ထဲမှာ ပျောက်ဆုံးနေသူ ၃ ဦးကို အခုထိ ဆက်လက်ရှာဖွေနေဆဲ ဖြစ်ပါတယ်။

အင်ဂျင်နှစ်လုံးတပ် လေယာဉ်စက်ချို့ယွင်းခဲ့တဲ့အတွက် လေယာဉ်ပျက်ကျရတယ်လို့ စုံစမ်း စစ်ဆေးရေးမှူးတွေက သောကြာနေ့မှာ ပြောပါတယ်။ ATR 72-600 အမျိုးအစား လေယာဉ်ဟာ ဗုဒ္ဓဟူးနေ့မနက်က တိုင်ပေက Songshan လေဆိပ်ကနေ စတက်ပြီး မကြာခင်မှာပဲ မြစ်ထဲကို ပျက်ကျခဲ့တာ ဖြစ်ပါတယ်။

လေယာဉ်မှာ ပါတဲ့အချက်အလက်နဲ့ အသံဖမ်း မှတ်တမ်းတင်စက်အရ ညာဘက်အင်ဂျင်ဟာ စတက်ပြီးပြီးချင်း ၃၇ စက္ကန့်မှာ အလုပ် မလုပ်တော့တာတွေ့ရတယ်လို့ တိုင်ဝမ်လေကြောင်း လုံခြုံရေးကောင်စီ အရာရှိတွေက သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ လေယာဉ်မှူးတယောက်က ညာဘက်စက်ကို ပိတ်ရမယ့်အစား ဘယ်ဘက်ကစက်ကို မှားပိတ်မိပြီး ပြန်ဖွင့်ဖို့ ကြိုးစားခဲ့ပေမယ့် လေယာဉ်မှူး စက်ပြန်မနှိုးနိုင်ခင်မှာပဲ လေယာဉ်ပျက်ကျသွားခဲ့တယ်လို့ ဆိုပါတယ်။ လေယာဉ်ပျက်မကျခင် လေယာဉ်မှူးက အကူအညီတောင်းတာကို နောက်ဆုံးကြားခဲ့ရတယ်လို့ လေကြောင်း ထိန်းချုပ်ရေးတွေက ပြောပါတယ်။

XS
SM
MD
LG