သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လူမိ်ဳးေရးခဲြျခားမႈ အျမစ္ျဖတ္ေရး လူ႔အခြင္႔အေရး အႀကီးအကဲ တိိုက္တြန္း


တိုက္႐ိုက္ လင့္ခ္


[ Zawgyi ]

ကမာၻ႔ႏိုင္ငံေတြ အေနနဲ႔ စံနစ္တက် လူမ်ိဳးေရးခြဲဲျခားဆက္ဆံမႈကို အျမစ္ျဖတ္ ေျခမႈန္းႏိုင္ဖို႔အတြက္ ဦးေဆာင္မႈ၊ ပူးေပါင္းေဆာင္ရြက္မႈနဲ႔ တာဝန္ခံတာဝန္ယူမႈဆိုတဲ့ အခ်က္ ၃ ခ်က္ေပၚအေျခခံတဲ့ “transformative agenda” ေခၚ ေျပာင္းလဲမႈေတြ လုပ္ေဆာင္ၾကဖို႔ လူ႔အခြင့္ေရးဆိုင္ရာ ကုလသမဂၢ မဟာမင္းႀကီး Michelle Bachelet က တိုက္တြန္းလိုက္တယ္လို႔ ကုလအတြင္းေရးမႈးခ်ဳပ္ရံုး ေျပာခြင့္ရ Stephane Dujarric က တနလၤာေန႔မွာ ေျပာပါတယ္။

စံနစ္တက် လူမ်ိဳးေရးခြဲျခားဆက္ဆံမႈကို အျမစ္ကေနသုတ္သင္ႏိုင္ဖို႔အတြက္ ႏိုင္ငံအားလံုးက အေျပာင္းအလဲေတြ လုပ္ၾကဖို႔ ကုလမဟာမင္းႀကီး Michelle Bachelet က ဒီေန႔ပဲ အစီရင္ခံစာ ထုတ္ျပန္ ေတာင္းဆို လိုက္ပါတယ္ လို႔ေျပာသြားတာပါ။

ႏိုင္ငံေတြ အေနနဲ႔ အစိုးရတရပ္လံုးကေရာ၊ လူမႈ အသိုင္းဝိ္ုင္း တခုလံုးကပါ ျပဳျပင္ေျပာင္းလဲမႈေတြ လုပ္ၿပီး တုန္႔ျပန္ ၾကဖို႔ေတာင္းဆိုတာ ျဖစ္ပါတယ္။ ဒီလို ေျပာင္းလဲမႈေတြ လုပ္ႏိုင္ဖို႔ အတြက္ အာဖရိကႏိုင္ငံေတြက ဆင္းသက္လာသူေတြပါ ပါဝင္တဲ့ အဓိပၸါယ္ရွိတဲ့ ေဆြးေႏြးၫွိႏႈိင္းမႈေတြကို တႏိုင္ငံလံုး အတိုင္းအတာနဲ႔ က်င္းပၾကၿပီး ခိ္ုင္မာတဲ့ အေရးယူေဆာင္ရြက္ေတြ၊ ေဒသဆိုင္ရာ အစီအစဥ္ေတြနဲ႔ တႏိုင္ငံလံုး အျပည့္အဝ ပါဝင္ တုန္႔ျပန္ၾကဖို႔ နဲ႔ ျပဳျပင္ေျပာင္းလဲမႈေတြလုပါၾကဖို႔ ပန္ၾကားလိုက္တာပါ။

ကမာၻတလႊား စံနစ္တက် လူမ်ိဳးေရး ခြဲျခားဆက္ဆံမႈနဲ႔ ပတ္သက္ၿပီး တႏွစ္ၾကာ အခ်ိန္ယူေလ့လာမႈကေန ေတြ႕ရွိခ်က္ေတြကို ကုလသမဂၢလူ႔အခြင့္ေရးဆိုင္ရာရံုး က တနလၤာေန႔မွာ အစီရင္ခံစာ ထုတ္ျပန္ ေျပာဆိုလိုက္တာျဖစ္ပါတယ္။ မႏွစ္က ဇြန္လထဲ အေမရိကန္ႏိုင္ငံမွာ Minneapolis ရဲဖမ္းထားစဥ္ အာဖရိကႏြယ္ဖြား George Floyd ေသဆံုးခဲ့ရတဲ့ ေနာက္ စတင္ေလ့လာခဲ့တာ ျဖစ္ပါတယ္။

လူမ်ိဳးေရး ခြဲျခားဆက္ဆံမႈမလုပ္ဖို႔ ဆႏၵျပၾကသူေတြ အပၚ အစိုးရနဲ႔ ရဲက တုန္႔ျပန္ကိုင္တြယ္ရာမွာ အာဖရိက ႏြယ္ဖြားေတြ အေပၚ လူ႔အခြင့္ေရး ခ်ိဳးေဖါက္မႈေတြ၊ စံနစ္တက် ခြဲျခားဆက္ဆံမႈေတြနဲ႔ ပတ္သက္ၿပီး အစီရင္ခံတင္ျပဖို႔ အျပင္ က်ဴးလြန္သူကို ထိုက္သင့္တဲ့ အျပစ္ဒဏ္က်ခံရေစဖို႔ နစ္နာသူေတြ တရားသျဖင့္ျဖစ္ေစဖို႔ ပါရည္ရြယ္ၿပီး ဒီအစီရင္ခံစာကို ထုတ္ျပန္ခဲ့တာ ျဖစ္ပါတယ္။

[ Unicode ]

လူမျိုးရေးခွဲခြားမှု အမြစ်ဖြတ်ရေး လူ့အခွင့်အရေး အကြီးအကဲ တိုက်တွန်း

ကမ္ဘာ့နိုင်ငံတွေ အနေနဲ့ စံနစ်တကျ လူမျိုးရေးခွဲခြားဆက်ဆံမှုကို အမြစ်ဖြတ် ခြေမှုန်းနိုင်ဖို့အတွက် ဦးဆောင်မှု၊ ပူးပေါင်းဆောင်ရွက်မှုနဲ့ တာဝန်ခံတာဝန်ယူမှုဆိုတဲ့ အချက် ၃ ချက်ပေါ်အခြေခံတဲ့ “transformative agenda” ခေါ် ပြောင်းလဲမှုတွေ လုပ်ဆောင်ကြဖို့ လူ့အခွင့်ရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Michelle Bachelet က တိုက်တွန်းလိုက်တယ်လို့ ကုလအတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရ Stephane Dujarric က တနင်္လာနေ့မှာ ပြောပါတယ်။

စံနစ်တကျ လူမျိုးရေးခွဲခြားဆက်ဆံမှုကို အမြစ်ကနေသုတ်သင်နိုင်ဖို့အတွက် နိုင်ငံအားလုံးက အပြောင်းအလဲတွေ လုပ်ကြဖို့ ကုလမဟာမင်းကြီး Michelle Bachelet က ဒီနေ့ပဲ အစီရင်ခံစာ ထုတ်ပြန် တောင်းဆို လိုက်ပါတယ် လို့ပြောသွားတာပါ။

နိုင်ငံတွေ အနေနဲ့ အစိုးရတရပ်လုံးကရော၊ လူမှု အသိုင်းဝိုင်း တခုလုံးကပါ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပြီး တုန့်ပြန် ကြဖို့တောင်းဆိုတာ ဖြစ်ပါတယ်။ ဒီလို ပြောင်းလဲမှုတွေ လုပ်နိုင်ဖို့ အတွက် အာဖရိကနိုင်ငံတွေက ဆင်းသက်လာသူတွေပါ ပါဝင်တဲ့ အဓိပ္ပါယ်ရှိတဲ့ ဆွေးနွေးညှိနှိုင်းမှုတွေကို တနိုင်ငံလုံး အတိုင်းအတာနဲ့ ကျင်းပကြပြီး ခိုင်မာတဲ့ အရေးယူဆောင်ရွက်တွေ၊ ဒေသဆိုင်ရာ အစီအစဉ်တွေနဲ့ တနိုင်ငံလုံး အပြည့်အဝ ပါဝင် တုန့်ပြန်ကြဖို့ နဲ့ ပြုပြင်ပြောင်းလဲမှုတွေလုပါကြဖို့ ပန်ကြားလိုက်တာပါ။

ကမ္ဘာတလွှား စံနစ်တကျ လူမျိုးရေး ခွဲခြားဆက်ဆံမှုနဲ့ ပတ်သက်ပြီး တနှစ်ကြာ အချိန်ယူလေ့လာမှုကနေ တွေ့ရှိချက်တွေကို ကုလသမဂ္ဂလူ့အခွင့်ရေးဆိုင်ရာရုံး က တနင်္လာနေ့မှာ အစီရင်ခံစာ ထုတ်ပြန် ပြောဆိုလိုက်တာဖြစ်ပါတယ်။ မနှစ်က ဇွန်လထဲ အမေရိကန်နိုင်ငံမှာ Minneapolis ရဲဖမ်းထားစဉ် အာဖရိကနွယ်ဖွား George Floyd သေဆုံးခဲ့ရတဲ့ နောက် စတင်လေ့လာခဲ့တာ ဖြစ်ပါတယ်။

လူမျိုးရေး ခွဲခြားဆက်ဆံမှုမလုပ်ဖို့ ဆန္ဒပြကြသူတွေ အပါ် အစိုးရနဲ့ ရဲက တုန့်ပြန်ကိုင်တွယ်ရာမှာ အာဖရိက နွယ်ဖွားတွေ အပေါ် လူ့အခွင့်ရေး ချိုးဖေါက်မှုတွေ၊ စံနစ်တကျ ခွဲခြားဆက်ဆံမှုတွေနဲ့ ပတ်သက်ပြီး အစီရင်ခံတင်ပြဖို့ အပြင် ကျူးလွန်သူကို ထိုက်သင့်တဲ့ အပြစ်ဒဏ်ကျခံရစေဖို့ နစ်နာသူတွေ တရားသဖြင့်ဖြစ်စေဖို့ ပါရည်ရွယ်ပြီး ဒီအစီရင်ခံစာကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

တိုက္႐ိုက္ လင့္ခ္


၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG