သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးကိုနီလုပ်ကြံခံရမှုမှာ လက်နက်ကိုင်ဆောင်မှု စွဲချက် စတင်စစ်ဆေး


ဦးကိုနီကို လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ဆက်စပ်ပြီး စွပ်စွဲ ဖမ်းဆီးခံ ထားရသူတွေကို ဒီကနေ့ ဒုတိယအကြိမ်မြောက် ရုံးထုတ် စစ်ဆေး။ (ဗွီအိုအေမြန်မာပိုင်း-ထက်အောင်ခန့်)
ဦးကိုနီကို လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ဆက်စပ်ပြီး စွပ်စွဲ ဖမ်းဆီးခံ ထားရသူတွေကို ဒီကနေ့ ဒုတိယအကြိမ်မြောက် ရုံးထုတ် စစ်ဆေး။ (ဗွီအိုအေမြန်မာပိုင်း-ထက်အောင်ခန့်)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဗဟို ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေကြီး ဦးကိုနီကို လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ဆက်စပ်ပြီး စွပ်စွဲဖမ်းဆီးခံထားရသူတွေကို ဒီကနေ့ ဒုတိယအကြိမ်မြောက် ရုံးထုတ်စစ်ဆေးပါတယ်။ ဒီကနေ့တရားခွင်မှာတော့ တရားမဝင် လက်နက်ကိုင်ဆောင်မှုစွဲချက်ကို စပြီး စစ်ဆေးတာပါ။ တရားရုံးမှာ ကိုယ်တိုင် သတင်းသွား ယူခဲ့တဲ့ ဗွီအိုအေသတင်းထောက် မမေခက အပြည့်အစုံ ပြောပြပါမယ်။

ရှေ့နေကြီး ဦးကိုနီကို လုပ်ကြံသတ်ဖြတ်မှုနဲ့ စွပ်စွဲခံထားရတဲ့သူတွေဖြစ်ကြတဲ့ ဦးကြည်လင်း၊ ဦးအောင်ဝင်းဇော်၊ ဦးအောင်ဇော် ထွန်းနဲ့ ဦးဇေယျာဖြိုးတို့ကို ဖမ်းဆီးခဲ့ပြီးကတည်းကဆိုရင် ဒီကနေ့ တရားစစ်ဆေးတာဟာ အမှုနဲ့ဆက်စပ်ပြီး ပထမဆုံး ကြားနာ စစ်ဆေးတာပါ။ စွဲဆိုထားတဲ့ ပုဒ်မတွေထဲကမှ တရားမဝင် လက်နက်ကိုင်ဆောင်မှုပုဒ်နဲ့ ပတ်သက်ပြီးတော့ စ စစ်ဆေးတာလဲ ဖြစ်ပါတယ်။

အခုဖမ်းဆီးထားသူလေးဦးထဲမှာ ဦးကြည်လင်းနဲ့ ဦးအောင်ဝင်းဇော်တို့နှစ်ဦးကိုပဲ လက်နက်ပုဒ်မ တပ်ထားပြီး ဦးအောင်ဇော်ထွန်းနဲ့ ဦးဇေယျာဖြိုးတို့ မပါပါဘူး။ အဲဒီထဲကမှ ဦးအောင်ဝင်းဇော်ကို ဒီလက်နက်ပုဒ်မတပ်ပြီး မစွဲသင့်တဲ့အကြောင်း တရားခွင်အပြီးမှာ ဦးအောင်ဝင်းဇော်နဲ့ ဦးအောင်ဇော်ထွန်းတို့ရဲ့ရှေ့နေ ဦးအောင်ခိုင်က သတင်းထောက်တွေကိုပြောပါတယ်။

"လောလောဆယ်က စာရွက်စာတမ်းအရရော ရဲစွဲတာက သိမ်းတာက သေနတ်ရော ကျည်ဆန်ရော ကြည်လင်းဆီက သိမ်းတာလေ။ မင်္ဂလာဒုံမှာ မိတာက အောင်ဝင်းဇော်ကို အဲ့မှာ မိတာမဟုတ်ဘူး။ အောင်ဝင်းဇော်ကို မိတာက သတင်းစာရှင်းလင်းပွဲမှာ ပါသလို သံလွင်တံတားမှာ မိတာ။ အဝေးကြီးလေ။ ဒီသေနတ်နဲ့ကျည်ဆန်က အောင်ဝင်းဇော်နဲ့ ပတ်သက်ကြောင်း ရဲတပ်ဖွဲ့က တင်ပြထားတဲ့အချက်အလက်က ဘာမှ မရှိဘူး။ ဒီမိတဲ့သေနတ်နဲ့ ကျည်ဆန်ဟာ အောင်ဝင်းဇော်နဲ့ပတ်သက်ကြောင်း သက်သေထူရမှာက တရားစွဲအဖွဲ့အစည်း ရဲတပ်ဖွဲ့က ထူရမှာနော် အဲ့တော့ အခု လက်ရှိ တရားလိုဖြစ်တဲ့ ဒုရဲမှူးက ထွက်တာကတော့ အောင်ဝင်းဇော်ဆီက သိမ်းထားတာမဟုတ်ဘူး။ အမှန်လည်း ဟုတ်တယ်လေ ကြည်လင်းဆီက မင်္ဂလာဒုံမှာ တွေ့တဲ့နေရာက ကောက်သိမ်း လိုက်တာကိုး ကျည်ဆန်ရော သေနတ်ရော။ အောင်ဝင်းဇော်က ခိုင်းထားတယ်။ အောင်ဝင်းဇော်နဲ့ပတ်သက်တယ်ဆိုတာ အထောက်အထား စာရွက်စာတမ်း မတွေ့ဘူး ဒါပဲလေ။ ဆရာတို့ ဒါပဲပြောရမှာ။"

အခုဖမ်းဆီးထားသူလေးဦးအပြင် နောက်ထပ်သံသယရှိထားသူ ဦးအောင်ဝင်းခိုင်ကို သူနေထိုင်ရာ သာကေတမြို့နယ်မှာ ဖမ်းဆီး ခွင့်ဝရမ်းအပြင် တနိုင်ငံလုံး ဘယ်နေရာမှာ မဆို ဖမ်းဆီးခွင့်ပြုတဲ့ ဝရမ်းထုတ်ပေးဖို့ တရားလိုရှေ့နေ ဦးနေလက လေ ျှာက်ထား တာကို မလိုအပ်ဘူးဆိုပြီး ဒီ ခရိုင်အထူးတရားရုံးက ပယ်ချထားပါတယ်။ ဒါကြောင့် တိုင်းတရားရုံးမှာ ဆက်ပြီး တင်ပြ လေ ျှာက်ထားသွားမယ်လို့ ရှေ့နေကြီးဦးနေလက သတင်းထောက်တွေကိုပြောပါတယ်။

"သေခဲ့တဲ့ကိစ္စကို တင်ခဲ့တာကို ဒီနေ့ကတော့ ရုံးချိန်းက မမှီလို့ မတင်တော့ဘူး။ မနေ့က စာရွက်စာတမ်းတွေ ရတယ်။ ဒါပေမဲ့ ခန့်မှန်းခြေအားဖြင့် လာမယ့်ရုံးချိန်း မနက် အင်္ဂါနေ့မှာ အဲ့ဒီ့ဟာကို ရန်ကုန်တိုင်း ဒေသကြီး တရားလွှတ်တော်ကို ရာဇဝတ်ဆိုင်ရာပြင်ဆင်မှု တင်သွားမှာဖြစ်ပါတယ်။"

ဒီကနေ့အမှုစစ်ဆေးတာကို လာလေ့လာတဲ့ အရပ်သားတဦးဖြစ်သူ ဦးမြင့်လွင်ခိုင်ကတော့ ဒီအမှုနဲ့ပတ်သက်ပြီး သူ့ရဲ့အမြင်ကို အခုလိုပြောပြပါတယ်။

" တရားခံတွေက ကွင်းဆက်တွေ ပြတ်နေတဲ့သဘောတရားရှိနေတာပေါ့နော်။ အဲ့တော့ တချို့ တရားခံတွေ လွတ်နေတဲ့အတွက်ကြောင့် အမှုတည်ဆောက်တဲ့နေရာမှာတော့ အခက်အခဲရှိလိမ့်မယ်လို့ထင်တယ်။ အဲ့ဒီ့အတွက်တွေလည်း သိပ်တော့ အားမရဘူး။"

လက်ရှိဖမ်းဆီးထားတဲ့ ဦးကြည်လင်း (ခ) ဖိုးထူးကို ကြိုတင်ကြံစည်လူသတ်မှု ဥပဒေပုဒ်မ ၃၀၂ (၁)၊ လက်နက်ဥပဒေပုဒ်မ ၁၉ (စ)၊ လူဝင်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၁၃ (၁)၊ ဦးအောင်ဝင်းဇော်ကို ကြိုတင်ကြံစည်လူသတ်မှု ဥပဒေပုဒ်မ ၃၀၂ (၁)၊ လက်နက်ဥပဒေ ပုဒ်မ ၁၉ (စ)၊ ဦးဇေယျာဖြိုးကို လူသတ်မှု ပုဒ်မ ၃၀၂၊ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇၊ လိမ်လည်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၂၀/၄၆၈၊ ထွက်ပြေးနေတဲ့ ဦးအောင်ဝင်းခိုင်ကို လူသတ်မှု ပုဒ်မ ၃၀၂ စတဲ့ ပုဒ်မအသီးသီးတွေနဲ့ မှုခင်းရဲတပ်ဖွဲ့က တရားစွဲဆို တင်ပို့ထားတာပါ။ အမှုကိုတော့ အခုလာမယ့် သောကြာ မတ်လ ၃၁ ရက်နေ့မှာ ဆက်ပြီး စစ်ဆေးသွားမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG