သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပူပိုင်းဇုန်လိပ်ပြာများ အာရှအရှေ့ခြမ်း နေရပ်ပြောင်း ရောက်ရှိနေ


ကယ်လီဖိုးနီးယားမှာတွေ့ရတဲ့ လိပ်ပြာအချို့။
ကယ်လီဖိုးနီးယားမှာတွေ့ရတဲ့ လိပ်ပြာအချို့။

(Zawgyi / Unicode)

ကမ္ဘာ့ပူနွေးမှုနဲ့ ဥတုရာသီ ပြောင်းလဲမှုကြောင့် အပူပိုင်းဇုန်မှာ ကျင်လည်ကျက်စားတဲ့ လိပ်ပြာတွေ ဟောင်ကောင်နဲ့ ထိုင်ဝမ်ကျွန်းဆီကို အုပ်စုလိုက် စတင်ရောက်လာပါတယ်။

သမပိုင်းဇုန်မျိုးစိတ် လိပ်ပြာကောင်ရေတွေ တဖြည်းဖြည်း ကျဆင်းလာတယ်လို့လည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ကိုင်နေသူတွေက ပြောပါတယ်။

၂၀၂၁ ခုနှစ်အတွင်း ဟောင်ကောင်မှာ ပထမဆုံးတွေ့ရတဲ့ လိပ်ပြာတွေထဲမှာ မလေးရှား၊ ထိုင်း၊ အိန္ဒိယ၊ မြန်မာနဲ့ ဘော်နီယိုကျွန်းက မျိုးရင်းတွေဖြစ်တဲ့ Neptis cartica နဲ့ Ancema blanka လိပ်ပြာမျိုးစိတ်တွေလည်း ပါတယ်လို့ ဟောင်ကောင် Fengyan လိပ်ပြာထိန်းသိမ်းရေးဌာန လုပ်ငန်းတာဝန်ခံ Gary Chan က RFA သတင်းဌာနကို ပြောပါတယ်။

ထိုင်ဝမ်ကျွန်းမှာတော့ ၁၉၈၅ နဲ့ ၂၀၀၈ ခုနှစ်ထဲမှာ အပူပိုင်းဇုန်က လိပ်ပြာမျိုးစိတ် ၇ ခုထက်မနည်း တွေ့ခဲ့ရတယ်လို့ ထိုင်ဝမ် Normal တက္ကသို်လ်က ပြောပါတယ်။

အာရှအရှေ့ပိုင်းနဲ့ အရှေ့တောင်ပိုင်းက အပူချိန်က အခြားကမ္ဘာ့ဒေသတွေထက် ပိုမြန်ဆန်လာတာကြောင့် ခုလို အပြောင်းအလဲတွေ ဖြစ်လာတာလို့လည်း ပြောပါတယ်။

နှစ်ပေါင်း ၄၀ အတွင်း မြောက်အမေရိကတိုက် အနောက်ပိုင်းက လိပ်ပြာမျိုးစိတ်အများစု ၅၀ ရာခိုင်နှုန်း ကျဆင်းသွားတာကို သိပ္ပံဂျာနယ်တခုမှာ မနှစ်က ဖော်ပြလိုက်အပြီးမှာပဲ အပူချိန်မြင့်တက်မှုကြောင့် အရှေ့အာရှဒေသတွင်း လိပ်ပြာတွေ နေရပ်ပြောင်းတဲ့သတင်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

--------------------------

(Unicode)








XS
SM
MD
LG