သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင်မုန်တိုင်း ၄၅ ယောက်ထက်မနည်းသေဆုံး


rescue workers evacuating people from a flooded area due to heavy rain brought by Tropical Storm Nalgae in Parang, Maguindanao province. (AFP Photo/Philippine Coast Guard)
rescue workers evacuating people from a flooded area due to heavy rain brought by Tropical Storm Nalgae in Parang, Maguindanao province. (AFP Photo/Philippine Coast Guard)

ဖိလစ်ပိုင်ကို သောကြာနေ့က ဝင်ရောက်တိုက်ခတ်တဲ့ အပူပိုင်းမုန်တိုင်း Nalgae ကြောင့် သေဆုံးသူ ၄၅ ယောက်ထက်မနည်း ရှိသွားပါပြီ။

မုန်တိုင်းကြောင့် သေဆုံးသူ ၇၂ ယောက်ဖြစ်တယ်လို့ ကပ်ဘေးဆိုင်ရာဌာနက စနေနေ့အစောပိုင်းက ပြောခဲ့ပေမဲ့ နောက်ပိုင်း နိုင်ငံတောင်ပိုင်းနဲ့ အရှေ့ပိုင်းဒေသတွေမှာ ကယ်ဆယ်ရေးလုပ်သူတွေရဲ့ စာရင်းနဲ့ ပြန်တိုက်ပြီးနောက် သေဆုံးသူစာရင်းကို ပြန်လည်ပြင်ခဲ့ပါတယ်။ သောကြာနေ့က လေပြင်းတိုက်ခတ်နှုန်း တနာရီမိုင် ၈၀ နှုန်းနဲ့ နိုင်ငံအရှေ့ပိုင်းကို ဝင်ရောက်ခဲ့တဲ့ Nalgae မုန်တိုင်းဟာ နေရာကျယ်ကျယ်ပြန့်ပြန့်ကို တနာရီ မိုင် ၆၀ လောက်နဲ့ ရွှေ့လျားတိုက် တိုက်ခတ်နေတာဖြစ်ပါတယ်။

မုန်တိုင်းကြောင့် မိုးကြီး မြေပြိုမှုတွေဖြစ်နေတဲ့ တောင်ပိုင်းပြည်နယ်ဆီ အရေးပေါ် ကယ်ဆယ်ရေးတွေ ပို့ပေးဖို့ ဖိလစ်ပိုင်သမ္မတ Ferdinand Marcos Jr က ဒီနေ့ စနေနေ့မှာ အမိန့်ပေးခဲ့ပါတယ်။ မုန်တိုင်းအရှိန်ကြောင့် မနီလာမြို့တော်နဲ့ အနီးဝန်းကျင်ဒေသတွေမှာ ဒီနေ့လည်း မိုးသည်းထန်စွာပြီး လေပြင်းတိုက်ခတ်နေပါတယ်။ လူပေါင်းသောင်းနဲ့ချီလည်း မုန်တိုင်းဘေးလွတ်ရာကို ရွှေ့ပြောင်းနေကြရပါတယ်။

ဒီနှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံကို ဝင်တိုက်တဲ့ မုန်တိုင်းတွေထဲမှာ Nalgae မုန်တိုင်းကြောင့် သေဆုံးသူ ဒုတိယအများဆုံးဖြစ်နေပါတယ်။ မုန်တိုင်းဒဏ် အဆိုးဆုံးကို Maguindanao ပြည်နယ်မှာ ခံထားရပါတယ်။ မုန်တိုင်းကြောင့် ၃၃ ယောက်ထက်မနည်း ဒဏ်ရာရခဲ့ပြီး ၁၇ ယောက်ပျောက်ဆုံးနေပါတယ်။

==== Unicode ====





XS
SM
MD
LG