သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်ဆီက ကနေဒါဂုဏ်ထူးဆောင်နိုင်ငံသားဘွဲ့ ရုပ်သိမ်းဖွယ်ရှိ


ကနေဒါဝန်ကြီးချုပ် Justin Trudeau
ကနေဒါဝန်ကြီးချုပ် Justin Trudeau

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ကနေဒါလွှတ်တော်က ဂုဏ်ထူးဆောင်နိုင်ငံသားအဖြစ် အသိအမှတ် ပြုထားတာ ပြန်ရုပ်သိမ်းရေး စပြီး ဆွေးနွေးနိုင်မယ့် အလားအလာကို ကနေဒါဝန်ကြီးချုပ် Justin Trudeau က ပြောလိုက်ပါ တယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ကနေဒါ ဂုဏ်ထူးဆောင်နိုင်ငံသားအဖြစ် အသိအမှတ်ပြုထားတာ ပြန်ရုပ်သိမ်းဖို့ ကနေဒါအစိုးရအပေါ် ဖိအားပေးနေကြတာပါ။

နယူးယောက်မြို့မှာ ကုလသမဂ္ဂအထွေထွေညီလာခံတက်နေတဲ့ ဝန်ကြီးချုပ် Trudeau ကို ဒီကိစ္စနဲ့ပတ်သက်ပြီး ဗုဒ္ဓဟူးနေ့မှာ သတင်းထောက်တွေက မေးတဲ့အခါ မစ္စတာ Trudeau က “ဒါဟာ လွှတ်တော်က သေချာပေါက် ပြန်ပြီး သုံးသပ်စဉ်းစားနိုင်တဲ့ မေးခွန်းတွေထဲက တခုဖြစ်ပါတယ်၊ ဂုဏ်ထူးဆောင်နိုင်ငံသားအဖြစ် လွှတ်တော်က သူ့ကို ချီးမြှင့်ထားတာပါ၊ ဒါဟာ ကျနော်တို့ သေချာပေါက် ပြောဆိုဆွေးနွေးနိုင်တဲ့ကိစ္စ ဖြစ်ပါတယ်” လို့ ပြန်ဖြေသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင် နိုင်ငံသားအဖြစ် ဂုဏ်ပြုချီးမြှင့်ရေး ၂၀၀၇ ခုနှစ်က အဲဒီအချိန် ကနေဒါဝန်ကြီးချုပ် Stephen Harper က တင်သွင်းအဆိုပြုတဲ့အပေါ် ကနေဒါ အောက်လွှတ်တော်က တညီတညွတ်ထဲ ဆုံးဖြတ် အတည်ပြုပေးခဲ့ တာပါ။ ဒါကို ပြန်ရုပ်သိမ်းမယ်ဆိုရင်လည်း အလားတူ နည်းလမ်းအတိုင်း ပြန်ပြီးရုပ်သိမ်းရမှာဖြစ်ပါတယ်။

ဒါပေမဲ့လည်း အခုချိန်ထိတော့ ကနေဒါနိုင်ငံ အဓိကနိုင်ငံရေးပါတီကြီးတွေထဲက ဘယ်ပါတီကမှ ဂုဏ်ထူးဆောင်နိုင်ငံသားအဖြစ် အသိအမှတ်ပြုထားတာ ပြန်ရုပ်သိမ်းဖို့ ပြောဆို လုပ်ဆောင်တာ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG