သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Trump ရဲ႕အခြန္ေဆာင္မွတ္တမ္းေတြ လႊတ္ေတာ္ေကာ္မတီ ၾကည့္ခြင့္ရ 


TRUMP-IMPUESTOS

[[Zawgyi/Unicode]]

အေမရိကန္သမၼတေဟာင္း Donald Trump ရဲ႕ အေကာက္ခြန္မွတ္တမ္းေတြကို ေအာက္လႊတ္ေတာ္ေကာ္မတီတခုက ၾကည့္႐ႈစစ္ေဆးႏိုင္ဖို႔ ျပည္ေထာင္စုတရားရံုးခ်ဳပ္က ခြင့္ျပဳလိုက္ပါတယ္။

ဒီမိုကရက္အမတ္ေတြဦးေဆာင္တဲ့ ေအာက္လႊတ္ေတာ္ေကာ္မတီဟာ ႏိုင္ငံေရးပေယာဂပါတယ္လို႔ ရီပတ္ပလကန္သမၼတေဟာင္း Trump က ေျပာဆိုေနခ်ိန္ မွာပဲ အခုလို ျပည္ေထာင္စု တရား႐ုံးခ်ဳပ္က ဆံုးျဖတ္ခ်က္ခ်လိုက္တာပါ။ သမၼတေဟာင္း Trump ရဲ႕ ၆ ႏွစ္စာ အခြန္ေဆာင္မွတ္တမ္းကို ဝင္ေငြနဲ႔ အခြန္စည္းၾကပ္ေရးဆိုင္ရာ ေအာက္လႊတ္ေတာ္ေကာ္မတီက ေတာင္းခံထားတာကို ေအာက္တရား႐ုံးတခုခြင့္ျပဳခဲ့ၿပီးေနာက္ ျပည္ေထာင္စုတရားရံုးခ်ဳပ္က ဆံုးျဖတ္ေပးဖို႔ သမၼတ Trump ကေလွ်ာက္ထားခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း သမၼတသက္တမ္းဝက္ လႊတ္ေတာ္ေ႐ြးေကာက္ပြဲေတြၿပီးတဲ့ေနာက္ ေအာက္လႊတ္ေတာ္ကို ရီပတ္ပလင္ကန္ပါတီက ျပန္လည္ထိန္းခ်ဳပ္ေတာ့မွာမို႔ အခု ေကာ္မတီကေန ဒီလုပ္ငန္းေတြ အဆုံးသတ္ႏိုင္ဖို႔ အခ်ိန္သိပ္မက်န္ေတာ့ပါဘူး။ သမၼတေဟာင္း Trump ရဲ႕ ေျပာခြင့္ရသူကေတာ့ ဒါနဲ႔ပတ္သက္လို႔ ခ်က္ျခင္းတုံ႔ျပန္ျခင္း မရွိေသးပါဘူး။

သမၼတ Trump ဟာ သူ႔ပိုင္ဆိုင္မႈေတြနဲ႔ သူ႔ရဲ႕အိမ္ၿခံေျမလုပ္ငန္း အေသးစိတ္ေတြကို လွ်ိဳ႕ဝွက္ထားၿပီး ႏွစ္စဥ္ အခြန္မွတ္တမ္းေတြကိုလည္း ထုတ္ျပန္မေပးခဲ့ပါဘူး။ အေမရိကန္သမိုင္းမွာ ႏွစ္ေပါင္း ၄၀ အတြင္း အခြန္မွတ္တမ္းေတြကို လူသိရွင္ၾကား ထုတ္ျပန္ျခင္းမရွိတဲ့ တဦးတည္းေသာ သမၼတလည္းျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

=================

[[Unicode]]

Trump ရဲ့အခွန်ဆောင်မှတ်တမ်းတွေ လွှတ်တော်ကော်မတီ ကြည့်ခွင့်ရ

အမေရိကန်သမ္မတဟောင်း Donald Trump ရဲ့ အကောက်ခွန်မှတ်တမ်းတွေကို အောက်လွှတ်တော်ကော်မတီတခုက ကြည့်ရှုစစ်ဆေးနိုင်ဖို့ ပြည်ထောင်စုတရားရုံးချုပ်က ခွင့်ပြုလိုက်ပါတယ်။

ဒီမိုကရက်အမတ်တွေဦးဆောင်တဲ့ အောက်လွှတ်တော်ကော်မတီဟာ နိုင်ငံရေးပယောဂပါတယ်လို့ ရီပတ်ပလကန်သမ္မတဟောင်း Trump က ပြောဆိုနေချိန် မှာပဲ အခုလို ပြည်ထောင်စု တရားရုံးချုပ်က ဆုံးဖြတ်ချက်ချလိုက်တာပါ။ သမ္မတဟောင်း Trump ရဲ့ ၆ နှစ်စာ အခွန်ဆောင်မှတ်တမ်းကို ဝင်ငွေနဲ့ အခွန်စည်းကြပ်ရေးဆိုင်ရာ အောက်လွှတ်တော်ကော်မတီက တောင်းခံထားတာကို အောက်တရားရုံးတခုခွင့်ပြုခဲ့ပြီးနောက် ပြည်ထောင်စုတရားရုံးချုပ်က ဆုံးဖြတ်ပေးဖို့ သမ္မတ Trump ကလျှောက်ထားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း သမ္မတသက်တမ်းဝက် လွှတ်တော်ရွေးကောက်ပွဲတွေပြီးတဲ့နောက် အောက်လွှတ်တော်ကို ရီပတ်ပလင်ကန်ပါတီက ပြန်လည်ထိန်းချုပ်တော့မှာမို့ အခု ကော်မတီကနေ ဒီလုပ်ငန်းတွေ အဆုံးသတ်နိုင်ဖို့ အချိန်သိပ်မကျန်တော့ပါဘူး။ သမ္မတဟောင်း Trump ရဲ့ ပြောခွင့်ရသူကတော့ ဒါနဲ့ပတ်သက်လို့ ချက်ခြင်းတုံ့ပြန်ခြင်း မရှိသေးပါဘူး။

သမ္မတ Trump ဟာ သူ့ပိုင်ဆိုင်မှုတွေနဲ့ သူ့ရဲ့အိမ်ခြံမြေလုပ်ငန်း အသေးစိတ်တွေကို လျှို့ဝှက်ထားပြီး နှစ်စဉ် အခွန်မှတ်တမ်းတွေကိုလည်း ထုတ်ပြန်မပေးခဲ့ပါဘူး။ အမေရိကန်သမိုင်းမှာ နှစ်ပေါင်း ၄၀ အတွင်း အခွန်မှတ်တမ်းတွေကို လူသိရှင်ကြား ထုတ်ပြန်ခြင်းမရှိတဲ့ တဦးတည်းသော သမ္မတလည်းဖြစ်ပါတယ်။

XS
SM
MD
LG