သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Trump အခြန္မွတ္တမ္းတခ်ဳိ႕လႊတ္ေတာ္ထုတ္ျပန္ဖို႔ရွိ  


ရီပတ္ဘလီကင္သမၼတေဟာင္း ေဒၚနယ္ထရမ့္

[[Zawgyi/Unicode]]

သမၼတေဟာင္း Donald Trump အခြန္ေဆာင္မွတ္တမ္း တစိတ္တပိုင္း တည္းျဖတ္ထားတာေတြကို ထုတ္ျပန္ ဖို႔ ေအာက္လႊတ္ေတာ္ေကာ္မတီက မေန႔ ဒီဇင္ဘာ ၂၀ ရက္ေန႔ ေႏွာင္းပိုင္းမွာ မဲခြဲ ဆုံးျဖတ္လိုက္ပါတယ္။ ဒါဟာ ေ႐ြးေကာက္ပြဲျပန္ဝင္ဖို႔ ရည္႐ြယ္ထားတဲ့ Donald Trump အေပၚ သူ မျဖစ္ေစခ်င္တဲ့ အေသးစိတ္ စစ္ေဆးတာေတြ ႀကဳံလာရႏိုင္ပါတယ္။

အခြန္၊ ဝင္ေငြနဲ႔ ဘ႑ာကိစၥေတြ စုံစမ္းစစ္ေဆးတဲ့ သီးျခား ေကာ္မတီတခုက ၂၀၁၅ ကေန ၂၀၂၁ ခုႏွစ္ၾကား သမၼတေဟာင္း Tump ေ႐ြးေကာက္ပြဲ ဝင္ခဲ့တဲ့ႏွစ္ေတြနဲ႔ သမၼတတာဝန္ယူခဲ့တဲ့ႏွစ္ေတြအတြင္း အခြန္ေဆာင္ ထားတဲ့ မွတ္တမ္းအက်ဥ္းခ်ဳပ္ကို ထုတ္ျပန္ဖို႔ မဲခြဲဆုံးျဖတ္ခဲ့တာပါ။ လွ်ဳိ႕ဝွက္ထားသင့္တဲ့ ကိုယ္ေရးကိုယ္တာ အခ်က္အလက္ေတြကို ဖ်က္ၿပီး အခြန္မွတ္တမ္းေတြကို ရက္ပိုင္းတြင္း ထုတ္ျပန္မယ့္အေၾကာင္း ဒီမိုကရက္လႊတ္ေတာ္အမတ္တဦးျဖစ္တဲ့ ေကာ္မတီဥကၠ႒ Richard Neal က ေျပာပါတယ္။

ေရွ႕ႏွစ္ ဇႏၷဝါရီလ လႊတ္ေတာ္သက္တမ္းအသစ္စတင္တဲ့အခါ ရီပတ္ဗလစ္ကန္ပါတီဝင္ေတြ ေအာက္လႊတ္ေတာ္ကို အမ်ားစု ထိန္းခ်ဳပ္ေတာ့မွာျဖစ္တဲ့အတြက္ ဒီမိုကရက္ေတြအေနနဲ႔ ဒီကိစၥကို ရက္ပိုင္းအတြင္း လုပ္ေဆာင္မယ့္ပုံ ရွိပါတယ္။

Donald Trump ရဲ႕ အခြန္မွတ္တမ္းေတြဟာ သူ႔ရဲ႕ အိမ္ၿခံေျမေရာင္းဝယ္တဲ့လုပ္ငန္းနဲ႔ သမၼတတာဝန္ ထမ္းေဆာင္ခဲ့မႈၾကား အက်ဳိးစီးပြားျခင္း ထိပ္တိုက္ ထိေတြ႔မႈရွိႏိုင္ေျခကို ဖြင့္ခ်မယ္ ဖြင့္မခ်ဘူးဆိုတာေတာ့ မေသခ်ာသလို သမၼတတာဝန္ယူခ်ိန္အတြင္း အခြန္ဘယ္ေလာက္ေပးေဆာင္ခဲ့တယ္ဆိုတာလည္း မသိရေသးပါဘူး။

Trump အခြန္ေပးေဆာင္ခဲ့တဲ့မွတ္တမ္းေတြဟာ အေသးစိတ္မဟုတ္ဘဲ သမန္ကာလွ်ံကာ တြက္ခ်က္ထားတဲ့ မွတ္တမ္းေတြလို႔လည္း လႊတ္ေတာ္အမတ္ေတြက ေျပာဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္

========================

[[Unicode]]

Trump အခွန်မှတ်တမ်းတချို့လွှတ်တော်ထုတ်ပြန်ဖို့ရှိ

သမ္မတဟောင်း Donald Trump အခွန်ဆောင်မှတ်တမ်း တစိတ်တပိုင်း တည်းဖြတ်ထားတာတွေကို ထုတ်ပြန် ဖို့ အောက်လွှတ်တော်ကော်မတီက မနေ့ ဒီဇင်ဘာ ၂၀ ရက်နေ့ နှောင်းပိုင်းမှာ မဲခွဲ ဆုံးဖြတ်လိုက်ပါတယ်။ ဒါဟာ ရွေးကောက်ပွဲပြန်ဝင်ဖို့ ရည်ရွယ်ထားတဲ့ Donald Trump အပေါ် သူ မဖြစ်စေချင်တဲ့ အသေးစိတ် စစ်ဆေးတာတွေ ကြုံလာရနိုင်ပါတယ်။

အခွန်၊ ဝင်ငွေနဲ့ ဘဏ္ဍာကိစ္စတွေ စုံစမ်းစစ်ဆေးတဲ့ သီးခြား ကော်မတီတခုက ၂၀၁၅ ကနေ ၂၀၂၁ ခုနှစ်ကြား သမ္မတဟောင်း Tump ရွေးကောက်ပွဲ ဝင်ခဲ့တဲ့နှစ်တွေနဲ့ သမ္မတတာဝန်ယူခဲ့တဲ့နှစ်တွေအတွင်း အခွန်ဆောင် ထားတဲ့ မှတ်တမ်းအကျဉ်းချုပ်ကို ထုတ်ပြန်ဖို့ မဲခွဲဆုံးဖြတ်ခဲ့တာပါ။ လျှို့ဝှက်ထားသင့်တဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ဖျက်ပြီး အခွန်မှတ်တမ်းတွေကို ရက်ပိုင်းတွင်း ထုတ်ပြန်မယ့်အကြောင်း ဒီမိုကရက်လွှတ်တော်အမတ်တဦးဖြစ်တဲ့ ကော်မတီဥက္ကဋ္ဌ Richard Neal က ပြောပါတယ်။

ရှေ့နှစ် ဇန္နဝါရီလ လွှတ်တော်သက်တမ်းအသစ်စတင်တဲ့အခါ ရီပတ်ဗလစ်ကန်ပါတီဝင်တွေ အောက်လွှတ်တော်ကို အများစု ထိန်းချုပ်တော့မှာဖြစ်တဲ့အတွက် ဒီမိုကရက်တွေအနေနဲ့ ဒီကိစ္စကို ရက်ပိုင်းအတွင်း လုပ်ဆောင်မယ့်ပုံ ရှိပါတယ်။

Donald Trump ရဲ့ အခွန်မှတ်တမ်းတွေဟာ သူ့ရဲ့ အိမ်ခြံမြေရောင်းဝယ်တဲ့လုပ်ငန်းနဲ့ သမ္မတတာဝန် ထမ်းဆောင်ခဲ့မှုကြား အကျိုးစီးပွားခြင်း ထိပ်တိုက် ထိတွေ့မှုရှိနိုင်ခြေကို ဖွင့်ချမယ် ဖွင့်မချဘူးဆိုတာတော့ မသေချာသလို သမ္မတတာဝန်ယူချိန်အတွင်း အခွန်ဘယ်လောက်ပေးဆောင်ခဲ့တယ်ဆိုတာလည်း မသိရသေးပါဘူး။

Trump အခွန်ပေးဆောင်ခဲ့တဲ့မှတ်တမ်းတွေဟာ အသေးစိတ်မဟုတ်ဘဲ သမန်ကာလျှံကာ တွက်ချက်ထားတဲ့ မှတ်တမ်းတွေလို့လည်း လွှတ်တော်အမတ်တွေက ပြောဆိုပါတယ်။

XS
SM
MD
LG