သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား ကို တရုတ် ရေနံပို့တယ်လို့ Donald Trump စွပ်စွဲ


အမေရိကန်သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်။
အမေရိကန်သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်။

မြောက်ကိုရီးယားကို ရေနံတွေ သင်္ဘောနဲ့ပို့ဖို့ တရုတ်က စီစဉ်ပေးနေတယ်ဆိုပြီး အမေရိကန်သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က တရုတ်နိုင်ငံကို ကြာသပတေးနေ့မှာ စွပ်စွဲ ပြောဆိုလိုက်ပါတယ်။ မြောက်ကိုရီးယားကို ရေနံတင်ပို့တာ ကန့်သတ်ထားတဲ့ ကုလသမဂ္ဂရဲ့ ဒဏ်ခတ်အရေးယူမှုကို ချိုးဖောက်တာမရှိဘူးလို့ တရုတ် ဘက်က အခိုင်အမာပြောထားတဲ့ကြားမှာပဲ အခုလို စွပ်စွဲလိုက်တာပါ။

“လက်ပူးလက်ကျပ် မိလိုက်ပြီ၊ မြောက်ကိုရီးယားကို ရေနံဝင်နိုင်အောင် တရုတ်ကလုပ်ပေးနေတာ တကယ့်ကို စိတ်ပျက်စရာပဲ၊ ဒီလိုသာ ဆက်ဖြစ်နေရင် မြောက်ကိုရီးယားပြဿနာအတွက် အေးဆေးတဲ့အဖြေမျိုးဆိုတာ ဘယ်တော့မှ ရှိနိုင်မှာမဟုတ်ဘူး” လို့ သမ္မတထရမ့်ပ်က Twitter မှာရေးတာပါ။

မြောက်ကိုရီးယားက မကြာသေးခင်ကပဲ တာဝေးဒုံးကျည် ပစ်လွှတ်စမ်းသပ်တာကို တုန့်ပြန်တဲ့အနေနဲ့ မြောက်ကိုရီးယားကိုဝင်တဲ့ ရေနံကို ကန့်သတ်ဖို့ရည်ရွယ်တဲ့ ဒဏ်ခတ်အရေးယူမှုအသစ်တွေကို ပြီးခဲ့တဲ့သီတင်းပတ်မှာပဲ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ချမှတ်ခဲ့တာပါ။

နိုဝင်ဘာလတုန်းက မြောက်ကိုရီးယား စမ်းသပ်ပစ်လွှတ်ခဲ့တဲ့ နောက်ဆုံးထုတ် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်ဟာ အမေရိကန်နိုင်ငံ ရဲ့ ဘယ်နေရာကိုမဆို ထိမှန်အောင်ပစ်နိုင်စွမ်းရှိတယ်လို့ အမေရိကန်ကျွမ်းကျင်သူ အများအပြားက သတိပေးထားပါတယ်။

မြောက်ကိုရီးယားအပေါ် ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်တွေအကုန်လုံးကို လိုက်နာလုပ်ဆောင်နေတယ်လို့ တရုတ်က အကြိမ်ကြိမ် ပြောထားပေမဲ့ အားနည်းချက်တွေ ဆက်ရှိနေတုန်းပဲလို့ အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့က သံသယရှိကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG