သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားကို ရုရှားကူညီတယ်လို့ သမ္မတ Trump စွပ်စွဲ


အမေရိကန်သမ္မတ Donal Trump က သူရဲ့ အိမ်ဖြူတော်မှာ ရိုက်တာသတင်းဌာနကို တွေ့ဆုံအင်တာဗျူးပေးနေစဉ် (ဇန်နဝါရီ ၁၇ ၂၀၁၈)
အမေရိကန်သမ္မတ Donal Trump က သူရဲ့ အိမ်ဖြူတော်မှာ ရိုက်တာသတင်းဌာနကို တွေ့ဆုံအင်တာဗျူးပေးနေစဉ် (ဇန်နဝါရီ ၁၇ ၂၀၁၈)

နိုင်ငံတကာက အရေးယူမှုတွေကို မြောက်ကိုရီးယား ရှောင်လွှဲလို့ရအောင် ရုရှားက ကူညီနေတယ်လို့ အမေရိကန် သမ္မတ Donald Trump က စွပ်စွဲလိုက်ပါတယ်။ ဒါ့အပြင် မြောက်ကိုရီးယားဟာ အမေရိကန်ပြည်ထောင်စုကိုပါ ရောက်နိုင်တဲ့ ပဲ့ထိမ်းတပ် ဒုံးကျည်တွေ ထုတ်ချင် နေတဲ့ သူ့ဆန္ဒအတိုင်း နေ့စဉ်တိုးတက်လာဖို့ လုပ်နေတယ်လို့ လည်း ပြောပါတယ်။

သမ္မတရဲ့ Oval Office ရုံးခန်းမှာ ရိုက်တားစ် သတင်းဌာနကို ဗုဒ္ဓဟူးနေ့ က တွေ့ဆုံမေးမြန်းခွင့် ပေးခဲ့ရာမှာ သမ္မတက တရုတ်ရဲ့ လုပ်ရပ်ကို ချီးကြူးခဲ့တာပါ။ မြောက်ကိုရီးယားကို ရေနံနဲ့ ကျောက်မီးသွေး တင်ပို့မှုတွေ ကန့်သတ်ပြီး မြောက်ကိုရီးယား ဘက်က နိုင်ငံတကာရဲ့ ဆန္ဒကို လိုက်လျောလာအောင် တရုတ်က အကူညီတွေ တိုးပေးနေချိန်မှာပဲ ရုရှားကတော့ တရုတ်ရဲ့ ကန့်သတ်မှုကြောင့် လစ်ဟာနေတာတွေကို လိုက်ဖြည့်ဖို့ လုပ်နေပုံရတယ်လို့ လည်း ပြောပါတယ်။

မြောက်ကိုရီးယား နဲ့ ပတ်သက်ပြီး ရုရှားဆီက အကူအညီကို မရကြောင်းနဲ့ တရုတ်ရဲ့ ကူညီနေမှုကို ရုရှားက ပျက်စီးအောင် လုပ်နေတယ် လို့လည်း ပြောပါတယ်။ ဒါ့အပြင် ရုရှားသမ္မတ Vladimir Putin က နိုင်ငံတကာရဲ့ မြောက်ကိုရီးယား အပေါ် အရေးယူမှုတွေ အားပျော့အောင် တမင်တကာ လုပ်နေပုံရတယ်လို့လည်း ဆိုပါတယ်။

ရိုက်တားစ် သတင်းဌာနကို သမ္မတ Trump က လူတွေ့မေးမြန်းခွင့် တနာရီလောက်ပေးခဲ့တာ ဖြစ်ပါတယ်။ မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong-Un နဲ့ မျက်နှာချင်းဆိုင် တိုက်ရိုက်ဆွေးနွေးဖို့ ရှိမရှိမေးမြန်းရာမှာတော့ မျက်နှာချင်းဆိုင် ဆွေးနွေးဖို့ ဆန္ဒရှိလာနိုင်တယ်လို့ ပြောပါတယ်။ ဒါပေမယ့် အဲဒီလို တွေ့ဆုံလို့ ပြဿနာကို ဖြေရှင်းနိုင်ဖို့ကတော့ သိပ်မသေချာဘူးလို့ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG