သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Afghan စစ်ပွဲရှေ့ဆက်အစီအစဉ် သမ္မတ Trump ပြောမည်


Paktia ခရိုင်အတွင်းရှိ အမေရိကန်စစ်သား

အာဖဂန်နစ္စတန်နိုင်ငံနဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုဘက်က ရှေ့ဆက် ဘယ်လို လုပ်ဆောင်သွားမယ် ဆိုတာနဲ့ ပတ်သက်ပြီး အချက်လက်တွေကို တနင်္လာနေ့ည မိန့်ခွန်းမှာ ပြောကြားပါလိမ့်မယ်။

သမ္မတ ထရမ့်အနေနဲ့ တောင်အာရှ ဒေသနဲ့ အာဖဂမ်နစ္စတန်နိုင်ငံအတွင်း အမေရိကန်ရဲ့ ပါဝင်ပတ်သက်မှုတွေနဲ့ပတ်သက်လို့ ရှေ့ဆက်သွားမယ့် အစီအစဉ်ရဲ့ နောက်ဆုံး အခြေအနေကို ဝါရှင်တန်ဒီစီ မြို့တော်ရဲ့ အနောက်တောင်ဘက်မှာရှိတဲ့ ဖေါ့တ်မေယာ စစ်အခြေစိုက်စခန်းကနေ ကမ္ဘာ့စံတော်ချိန် အင်္ဂါနေ့ တနာရီ 0100 UTC မှာ မိန့်ခွန်း ပြောကြားမှာ ဖြစ်တယ်လို့ သမ္မအိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။

မစ္စတာထရမ့်အနေနဲ့ အာဖဂန်နစ္စတန်နိုင်ငံနဲ့ ပတ်သက်ပြီး ကျင့်သုံးမယ့် မဟာဗျူဟာ အသစ်ကို ဆုံးဖြတ်ချက်ချလိုက်ပြီး ဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျိမ်းစ် မက်တစ်စ် က တနင်္ဂနွေနေ့မှာ ပြောကြားပါတယ်။ ဒါပေမယ့် အသေးစိတ်အချက်လက်တွေကိုတော့ သူက မပြောပါဘူး။ ဒီ မဟာဗျူဟာအသစ်ဟာ အာဖဂန်နစ္စတန်နိုင်ငံအတွက်သာမကပါဘူး၊ အပြည့်အ၀ ကျင့်သုံးမယ့် တောင်အာရှဆိုင်ရာ မဟာဗျူဟာ ဖြစ်ပါတယ်လို့ ဝန်ကြီး မက်တစ်စ် က ပြောပါတယ်။

လေ့လာသိရှိရတာကတော့ အမေရိကန်စစ်တပ်အနေနဲ့ သူ့ရဲ့တာဝန်ကို ဆက်လက်ပြီး ဆောင်ရွက်သွားမယ်လို့ မျှော်လင့်ရကြောင်း အာဖဂန်နစ္စတန်နိုင်ငံမှာရှိတဲ့ အမေရိကန်တပ်ဖွဲ့အကြီးအကဲ ဗိုလ်ချုပ်ကြီး ဂျွန် နစ်ကိုးလ်ဆင်း က အဖဂန်စစ်တပ်ရဲ့ အထူးစစ်ဆင်ရေး တပ်ဖွဲ့အသစ်မှာ တနင်္ဂနွေနေ့က ပြောကြားလိုက်တာပါ။ "ကျုပ်တို့ဟာခင်ဗျားတို့နဲ့ အတူရှိနေပါတယ်၊ ကျုပ်တို့ဟာ ခင်ဗျားတို့နဲ့ အတူ ဆက်ပြီးရှိနေပါလိမ့်မယ်"လို့ သူကပြောကြားခဲ့ပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံအရေးကိစ္စဟာ သမ္မတထရမ့်ရဲ့ အစိုးရအဖွဲ့အတွင်း သိသိသာသာ အငြင်းအခုံ ဆွေးနွေးခဲ့ကြရတဲ့ အရေးကိစ္စ ဖြစ်ပါတယ်။

Afghan စစ်ပွဲရှေ့ဆက်အစီအစဉ် သမ္မတ Trump ပြောမည်
please wait

No media source currently available

0:00 0:01:26 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG