သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Trump နဲ့ ထိပ်တန်းအရာရှိတွေ စစ်သည်တွေကို သွားရောက်အားပေး


သမ္မတ Trump ဝါရှင်တန် ဒီစီ မြို့ပြင်မှာ ရှိတဲ့ Walter Reed စစ်ဆေးရုံမှာ တက်ရောက်ကုသနေတဲ့ ဒဏ်ရာရတဲ့ စစ်သားတွေဆီ သွားရောက်။
သမ္မတ Trump ဝါရှင်တန် ဒီစီ မြို့ပြင်မှာ ရှိတဲ့ Walter Reed စစ်ဆေးရုံမှာ တက်ရောက်ကုသနေတဲ့ ဒဏ်ရာရတဲ့ စစ်သားတွေဆီ သွားရောက်။

အမေရိကန်နိုင်ငံရဲ့ အားလပ်ရက် ထုံးစံတရပ်အဖြစ် သမ္မတ Donald Trump နဲ့ အစိုးရအဖွဲ့ အကြီးတန်း အရာရှိကြီးတွေဟာ ကမ္ဘာတလွှားက အမေရိကန် တပ်တွေ ဆီ သွားရောက်နေကြပါတယ်။

သမ္မတ Trump ဟာ ဖလော်ရီဒါက Mar-a-Lago အပမ်းဖြေစခန်းကို အားလပ်ရက် မသွားခင်မှာ ဝါရှင်တန် ဒီစီ မြို့ပြင်မှာ ရှိတဲ့ Walter Reed စစ်ဆေးရုံမှာ တက်ရောက် ကုသနေတဲ့ ဒဏ်ရာရတဲ့ စစ်သားတွေဆီ သွားရောက်ခဲ့ပါတယ်။ ဒီ ဒဏ်ရာရ စစ်သည်တော်တွေဟာ ကမ္ဘာပေါ်က ရဲစွမ်း သတ္တိ အရှိဆုံး ပုဂ္ဂိုလ်တွေဖြစ်ပြီး သူတို့အတွက် ခရစ်စမတ် နှုတ်ခွန်းဆက်သဖို့ သွားရောက်တာ ဖြစ်ကြောင်း သမ္မတက ပြောပါတယ်။

အမေရိကန် ဒုသမ္မတ Mike Pence ကတော့ ကြာသပတေးနေ့မှာပဲ အမေရိကန်ရဲ့ အရှည်ကြာဆုံး စစ်ပွဲမှာ တိုက်ပွဲဝင်နေတဲ့ တပ်သားတွေ ရှိရာ အာဖဂန်နစ်စတန် ကို သွားရောက်ခဲ့ပါတယ်။ လုံခြုံရေးတွေ တင်းတင်းကြပ်ကြပ် ချထားတဲ့ အာဖဂန်က Bagram လေတပ် အခြေစိုက် စခန်းမှာ ရှိနေတဲ့ တပ်သားပေါင်း တသောင်းခွဲလောက်ကို ကျေးဇူးတင် စကား ပြောကြားခဲ့ပြီးတဲ့ နောက်မှာ Kabul ကို သွားရောက်ပြီး အာဖဂန် သမ္မတ Ashraf Ghani နဲ့ အာဖဂန် အစိုးရအဖွဲ့အကြီးအကဲ Abdullah Abdullah တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

ရှည်လျားတဲ့ ငြိမ်းချမ်းရေး ခရီးလမ်းကို အတူလျှောက်လှမ်း ရာမှာ အာဖဂန်နစ်စတန် ငြိမ်းချမ်းမှုနဲ့ လုံခြုံမှုရှိရေးအတွက် အကူညီပေးဖို့ အမေရိကန်က သံဓိဌာန်ချထားကြောင်း ဒုသမ္မတ Pence က အာဖဂန် သမ္မတ Ghani ကို ပြောကြားခဲ့ပါတယ်။

ကာကွယ်ရေး ဝန်ကြီး Jim Mattis ကတော့ ကျူးဘားက Guantanamo Bay ရေတပ် စခန်းမှာ ရှိတဲ့ အမေရိကန် တပ်သားတွေ ဆီ သွားရောက်ခဲ့တာပါ။ ဝန်ကြီး Jim Mattis ဟာ သောကြာနေ့မှာတော့ ဖလော်ရီဒါက Mayport ရေတပ်စခန်း အပြင် မြောက် ကာရိုလိုင်းနားမှာ ရှိတဲ့ စစ်စခန်းတွေကိုလည်း သွားရောက်မှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG