သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Trump ရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး


အမေရိကန်ပြည်ထောင်စုမှာ ဆရာဝန်အညွှန်းစာနဲ့ဝယ်ယူနိုင်ပြီး အကိုက်အခဲပျောက်ဆေး၊ ထုံဆေးလိုအသုံးပြုတဲ့ Opioid မူးယစ်ဆေးစွဲမှု ပြဿနာကို တိုက်ဖျက်မယ့် အစီအစဉ်ကို သမ္မတ Donald Trump ကတနင်္လာနေ့က ကြေညာခဲ့ပါတယ်။

မူးယစ်ဆေးကင်းစင်တဲ့ မျိုးဆက်သစ်ကို ကူညီဖန်တီးဖို့ သမ္မတက ကတိပြုခဲ့ပြီး အမေရိကန်မှာ မူးယစ်ဆေးစွဲနေတဲ့ပြဿနာကြီးကို တခါတည်းအဆုံးသတ်အောင် အတူဆောင်ရွက်ကြမယ်လို့ New Hampshire ပြည်နယ် Manchester မြို့မှာ သမ္မတ Trump ကမိန့်ခွန်းပြောကြားခဲ့ပါတယ်။

မူးယစ်ဆေးပြဿနာကိုတိုက်ဖျက်နိုင်ဖို့ မူးယစ်ဆေး ရောင်းသူတွေအပေါ် သေဒဏ်ချမှတ်တာအပါအဝင် ပြင်းပြင်းထန်ထန်အရေးယူနိုင်ဖို့ အရေးကြီးတယ်လို့လည်း သမ္မတက ပြောပါတယ်။ လက်ရှိဥပဒေအရ မူးယစ်ဆေးရောင်းသူတယောက် ရောင်းလိုက်တဲ့ဆေးကြောင့် သူ့ရဲ့ သက်တမ်းတလျှောက်မှာ ထောင်ပေါင်းများစွာ အသက်ဆုံးရှုံးသွားနိုင်ပေမဲ့ သူကတော့ သက်တမ်းတိုထောင်ဒဏ်ပဲ ကျခံရနိုင်တယ်ဆိုတာကို သမ္မတက ထောက်ပြပါတယ်။

ဥပဒေမပြင်ဆင်ဘဲ မူးယစ်ဆေးရောင်းဝယ် ဖောက်ကားသူတွေကို ဘယ်လို သေဒဏ်ချမှတ်မှာလည်းဆိုတာတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ ဒီဆုံးဖြတ်ချက်မျိုးက တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက် လိုကောင်းလိုနိုင်တယ်လို့ ဥပဒေရေးရာ ကျွမ်းကျင်သူတချို့က ပြောပါတယ်။ ဆေးဝါးအဖြစ်လည်း အသုံးပြုနေတဲ့ မူးယစ်ဆေးတွေကို အမေရိကန်နိုင်ငံသားတွေ ပထမထဲက မစွဲအောင် ဆေးရရှိမှုကို ပထမအစီအစဉ်အနေနဲ့ လျှော့ချမယ်လို့ သမ္မတကပြောပါတယ်။

မစွဲနိုင်တဲ့ အကိုက်အခဲပျောက်ဆေးတွေ ထုတ်နိုင်ဖို့ ပြည်ထောင်စုအစိုးရရန်ပုံငွေကို တိုးမြှင့်တာ။ Opioid မူးယစ်ဆေးစွဲမှု အန္တရာယ်အသိပညာပေးမှုတွေလုပ်တာ။ လိုအပ်တာထက်ပိုပြီး ဆရာဝန်ဆေးအညွှန်းပေးတာတွေကို ပထမအဆင့်အနေနဲ့ ဖြေရှင်းကိုင်တွယ်သွားမယ်လို့ သမ္မတက ပြောပါတယ်။

အစီအစဉ်အရ လာမယ့် ၃ နှစ်အတွင်း တနိုင်ငံလုံးမှာ Opioid မူးယစ်ဆေးအညွှန်းပေးတာကို ၃ ပုံ ၁ ပုံလျှော့ချသွားဖို့ ရည်ရွယ်ထားပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ Opioid အလွန်အကျွံသုံးစွဲမှုကြောင့် သေဆုံးသူ တနေ့ကို ၁၁၀ ကျော်ရှိနေပါတယ်။ သမ္မတ Trump သွားရောက်နေတဲ့ New Hampshire ပြည်နယ်ဟာ Opioid overdose ကြောင့် သေဆုံးသူနှုန်း အမေရိကန်မှာ တတိတယအများဆုံးပြည်နယ်ဖြစ်ပါတယ်။

သမ္မတ Trump ရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး
please wait

No media source currently available

0:00 0:01:46 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG