သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဟောင်း Trump ကို လုပ်ကြံဖို့ကြိုးစားသူအမည် FBI ထုတ်ပြန်

နားရွက်မှာ ကျည်ဆံထိမှန်ပြီး လုံခြုံရေးတာဝန်ရှိသူတွေက သမ္မတဟောင်း Trump ကို ခေါ်ထုတ်လာစဉ်။
နားရွက်မှာ ကျည်ဆံထိမှန်ပြီး လုံခြုံရေးတာဝန်ရှိသူတွေက သမ္မတဟောင်း Trump ကို ခေါ်ထုတ်လာစဉ်။

သမ္မတဟောင်း Donald Trump ကို လုပ်ကြံဖို့ ကျိုးစားသူဟာ အသက် ၂၀ အရွယ် Matthew Crooks ဆိုသူဖြစ်ကြောင်း FBI - ပြည်ထောင်စု ထောက်လှမ်းရေးဗျူရိုက ဒီကနေ့ ဇူလိုင်လ ၁၄ ရက်နေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။

Pennsylvania ပြည်နယ်အတွင်း မဲဆွယ်စည်းရုံးပွဲ ပြုလုပ်နေတဲ့ သမ္မတဟောင်း Donald Trump ကို လုပ်ကြံဖို့ ကြိုးစားသူဟာ အသက် ၂၀ အရွယ် Thomas Matthew Crooks ဆိုသူဖြစ်တယ်လို့ FBI - ပြည်ထောင်စု ထောက်လှမ်းရေးဗျူရိုက ဒီကနေ့ ဇူလိုင်လ ၁၄ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ ဒါဟာ အမေရိကန်နိုင်ငံရေးသမိုင်းမှာ ဆယ်စုနှစ်ပေါင်းများစွာအတွင်း ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်လုပ်ရပ်တခုလည်း ဖြစ်ပါတယ်။

သမ္မတဟောင်း Trump လူထုကို မဲဆွယ်စည်းရုံးစကား ပြောကြားနေစဉ် နားရွက်ကို ထိမှန်သွားခဲ့တဲ့ ပစ်ခတ်မှုကို ကျူးလွန်ခဲ့သူ အဲဒီ Thomas Matthew Crooks ဟာ အခု မဲဆွယ်စည်းရုံးမှုပြုလုပ်နေတဲ့ Butler မြို့နဲ့ တနာရီလောက် ကားမောင်းသွားရတဲ့ Bethel Park ဆိုတဲ့ မြို့ကဖြစ်ကြောင်း FBI က ပြောပါတယ်။

မဲဆွယ်စည်းရုံးပွဲ အခမ်းအနားအပြင်မှာရှိတဲ့ အဆောက်အဦး ခေါင်မိုးပေါ်ကနေ Thomas Matthew Crooks က ရိုင်ဖယ်သေနတ်နဲ့ ပစ်ခတ်လုက်တာလို့ မျက်မြင်သက်သေတွေက ပြောဆိုပြီး သူ့ကို လုံခြုံရေးအရာရှိတွေက ပစ်ခတ် သတ်ဖြတ်လိုက်တယ်လို့ ဆိုပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စုံစမ်း စစ်ဆေးမှုတွေကို ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်တဲ့အတွက် အချက်အလက် သိရှိထားသူတွေအနေနဲ့ အာဏာပိုင်တွေကို ချက်ခြင်း အသိပေး အကြောင်းကြားကြဖို့ တိုက်တွန်းထားပါတယ်။

Pennsylvania ပြည်နယ်၊ Butler မြို့က အမိုးအကာမပါတဲ့ ကွင်းပြင်တခုအတွင်းကျင်းပတဲ့ မဲဆွယ်စည်းရုံးရေးပွဲ ပစ်ခတ်မှုအတွင်း သေနတ်သမားအပြင် စကားပြောနေတဲ့ သမ္မတဟောင်း Trump အနီးမှာထိုင်နေတဲ့ အခမ်းအနားတက်လာသူ အနည်းဆုံးတဦးလည်း သေနတ်ဒဏ်ရာနဲ့ သေဆုံးသွားပြီး နောက်ထပ် ၂ ဦးလည်း အပြင်းအထန် ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

သေနတ်သမားကို မသတ်နိုင်ခင် သမ္မတဟောင်း Trump ကို လုပ်ကြံဖို့ သေနတ်နဲ့ ၄-၅ ချက် ပစ်ခတ်ခွင့်ရခဲ့တာဟာ အံအားသင့်စရာဘဲလို့ FBI ရဲ့ Pittsburg မြို့ ဒေသဆိုင်ရာရုံးခွဲတာဝန်ခံ Kevin Rojek က ဒီကနေ့ အစောပိုင်းမှာ ပြောခဲ့ပါတယ်။

This item is part of

Forum

XS
SM
MD
LG