သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချီကာဂို မဲဆွယ်စည်းရုံးပွဲပျက်ရမှု Sanders ကို Trump အပြစ်တင်

ချီကာဂို မဲဆွယ်စည်းရုံးပွဲပျက်ရမှု Sanders ကို Trump အပြစ်တင်
ချီကာဂို မဲဆွယ်စည်းရုံးပွဲပျက်ရမှု Sanders ကို Trump အပြစ်တင်

ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်း ဖြစ်ရေး ယှဉ်ပြိုင်နေသူ Bernie Sanders နဲ့ သူ့ကို ထောက်ခံသူတွေရဲ့ ရည်ရွယ်ချက်ရှိရှိ ကြိုတင်ကြံစည်ချက်ကြောင့် သောကြာနေ့တုန်းက ချီကာဂိုက မဲဆွယ်စည်းရုံးရေးကို ဖျက်ဖို့ ဖြစ်လာရတာလို့ ရီပတ်ပလီကန် သမ္မတလောင်း ဖြစ်ရေး ယှဉ်ပြိုင်နေတဲ့ Donald Trump က ပြောဆိုပြီး Bernie Sanders နဲ့ ထောက်ခံသူတွေကို ပြစ်တင်ပြောဆိုလိုက်ပါတယ်။

Donald Trump ကို ထောက်ခံသူတွေနဲ့ ကန့်ကွက်သူတွေကြား ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တာကြောင့် ရဲတပ်ဖွဲ့က ဖြန်ဖြေပေးခဲ့ရပြီး လူ ၅ ဦးကိုလည်း ဖမ်းဆီးခဲ့ရပါတယ်။ ဆန္ဒပြသူ အများအပြားက Bernie – Bernie လို့ အော်ဟစ် ကြွေးကြော်ခဲ့ကြပြီး ဒီမိုကရက် ကိုယ်စားလှယ် Bernie Sanders ရဲ့ ဆိုင်းဘုတ်တွေကို ဝှေ့ယမ်းခဲ့ကြပါတယ်။

မနေ့ စနေနေ့က အိုဟိုင်းယိုး ပြည်နယ် Cleveland မှာ ပြုလုပ်တဲ့ စည်းရုံးပွဲ တခုမှာလည်း Donald Trump က ဆိုရှယ်လစ်ဝါဒီ ဗားမောင့် အထက်လွှတ်တော်အမတ် Bernie Sanders ကို ကျနော်တို့ရဲ့ ကွန်မြူနစ် မိတ်ဆွေကြီးလို့ လှောင်ပြောင် သရော် ပြောဆိုခဲ့ပါတယ်။ ဒီလူတွေ ဘယ်က ရောက်လာတာလဲ။ ဟာ ဒီလူတွေဟာ Bernie ရဲ့ လူထုဘဲ။ ဟေ့ - Bernie ခင်ဗျားလူတွေကို တန်းစီခိုင်းပါဗျာ - လို့ Donald Trump က ပြောဆိုခဲ့ပါတယ်။

Bernie Sanders က ဆန္ဒပြကြဖို့ စည်းရုံး လုပ်ဆောင်ခဲ့တယ်ဆိုတာ မဟုတ်ဘူးလို့ မနေ့ စနေနေ့က ကြေညာချက်ထုတ် ငြင်းဆိုပြီး Donald Trump ရဲ့ တင်းမာတဲ့ အပြောအဆိုတွေကိုလည်း ပြစ်တင်ပြောဆိုခဲ့ပါတယ်။ Donald Trump ရဲ့ စည်းရုံးပွဲမှာ အကြမ်းဖက်မှုတွေ ဖြစ်ခဲ့ရတဲ့ အကြောင်းရင်းက လက်တင်အမေရိကန် နွယ်ဖွားတွေ၊ မူဆလင်တွေ၊ အမျိုးသမီးတွေ၊ မသန်စွမ်း လူတွေကို ခွဲခြားဆက်ဆံမှု အမုန်းပွားမှုတွေကို လှုံ့ဆော်နေတဲ့ ကိုယ်စားလှယ်တယောက် ဖြစ်နေတာကြောင့်လို့လည်း Bernie Sanders ရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

This item is part of
XS
SM
MD
LG