သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရအသုံးစရိတ် လွှတ်တော်ဥပဒေကြမ်း Trump အသေအချာစီစစ်မည်


Rohingya refugee children make their way during monsoon rainfall in Kutupalong refugee camp in Ukhia, Bangladesh.
Rohingya refugee children make their way during monsoon rainfall in Kutupalong refugee camp in Ukhia, Bangladesh.

သောကြာနေ့မှာ နောက်တခါ အစိုးရယန္တရား တစိတ်တပိုင်းထပ်ပိတ်ရတာကို ရှောင်နိုင်ဖို့ အတွက် အမေရိကန်နဲ့ မက္ကဆီကိုကြား နယ်စပ်တံတိုင်း တည်ဆောက်ရေးနဲ့ ပတ်သက်ပြီး ပါတီကြီး ၂ ရပ်စလုံးက သဘောတူညီချက် ရထားတဲ့ အဆိုပြုချက်အသစ်ကို အတည်ပြု ပေးဖို့ လက်မှတ် ထိုးမယ်မထိုးဘူး သူဆုံးဖြတ်ချက် မချရသေးဘူးလို့ သမ္မတ Donald Trump က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

သဘောတူချက်ထဲမှာ သူတို့ကို ဒုက္ခပေးမယ့် အချက်တွေကို ရှာဖွေရအုံးမှာ ဖြစ်ပြီး အခုထိတော့ မရှာရသေးဘူးလို့ ကိုလံဘီယာသမ္မတ Ivan Duque နဲ့ သမ္မတအိမ်ဖြူမှာ တွေ့ဆုံစဉ် သတင်းထောက်တွေရဲ့အမေးကို သမ္မတ Trump က ပြန်လည် ဖြေကြားခဲ့တာပါ။

ဒါပေမယ့်လည်း ရီပတ်ဘလစ်ကင်နဲ့ ဒီမိုကရက်တွေပါဝင်တဲ့ ကော်မတီရဲ့ နယ်စပ် လုံခြုံရေး ဆိုင်ရာ သဘောတူညီချက်နဲ့ ပတ်သက်ပြီး ကျေနပ်မှု ရှိကြောင်း ပြတဲ့အနေနဲ့ ရံပုံငွေ စုစုပေါင်းဟာ အမေရိကန်ဒေါ်လာ ၂၃ ဘီလျံ လောက်အထိ ဖြစ်လာတာမို့ ဒါဟာ ၈% ပိုများလာတာဖြစ်ကြောင်း သမ္မတက ပြောပါတယ်။

ဒါ့အပြင် သမ္မတ Trump က ဒီမိုကရက်တွေဟာ တံတိုင်းကာဖို့ ရံပုံငွေ ချထားရေးဆိုရင် ကပ်စေးနှဲတဲ့ သူတွေလို့ ဆိုပါတယ်။

အစိုးရယန္တရား တစိတ်တပိုင်း ပိတ်ထားတာဟာ သိပ်ဆိုးဝါးကြောင်းနဲ့ နောက်တချီ အစိုးရယန္တရား တစိတ်တပိုင်း ထပ်ပိတ်တာကို မမြင်လိုဘူးလို့လည်း သမ္မတက ပြောပါတယ်။

ပါတီကြီး ၂ ရပ်စလုံးက လွှတ်တော်အမတ်တွေက သမ္မတ Trump ကို တံတိုင်းဆောက်ဖို့ သူတောင်းဆိုတဲ့ ဒေါ်လာ ၅.၇ ဘီလျံအစား ရံပုံငွေ လေးပုံတပုံတောင် မပြည့်ဘဲ ချထားပေးတဲ့ သဘောတူညီချက်ကို ရခဲ့တာ ဖြစ်ပါတယ်။

အစိုးရအသုံးစရိတ် လွှတ်တော်ဥပဒေကြမ်း Trump အသေအချာစီစစ်မည်
please wait

No media source currently available

0:00 0:01:17 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG