သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာကာသထဲ အချိန်အကြာဆုံးရှိသူကို Trump ဖုန်းဆက်ချီးကျူး


အာကာသထဲ အချိန်အကြာဆုံးရှိသူကို Trump ဖုန်းဆက်ချီးကျူး
အာကာသထဲ အချိန်အကြာဆုံးရှိသူကို Trump ဖုန်းဆက်ချီးကျူး

အမျိုးသမီးအာကာသယာဉ်မှူး Peggy Whitson ဟာ အာကာသထဲမှာ ရက်ပေါင်း ၅၃၄ ရက်ကြာ အများဆုံး နေထိုင်သူ အမေရိကန် နိုင်ငံသားအဖြစ် ဒီကနေ့ပဲ စံချိန် ချိုးလိုက်ပါတယ်။

နိုင်ငံတကာ အာကာသစခန်းကို လတ်တလော ကြီးကြပ်နေတဲ့ အာကာသယာဉ်မှူး Peggy Whitson ကို အမေရိကန်သမ္မတ Donald Trump နဲ့ သမီး Ivanka Trump တို့က ဒီကနေ့ နိုင်ငံတကာ အာကသစခန်းကို တိုက်ရိုက် ဗွီဒီယို ဖုန်းခေါ်ပြီး ချီးကျူးစကား ပြောပါတယ်။

အသက် ၅၇ နှစ်အရွယ် အာကာသယာဉ်မှူး Whitson ဟာ အတွေ့အကြုံ အရင့်ကျက်ဆုံး အမေရိကန် အာကာသယာဉ်မှူးတဦး ဖြစ်ပြီး လာမယ့် စက်တင်ဘာလကျရင် ကမ္ဘာ့ မြေပြင်ကို ပြန်လည် ဆင်းသက်လာမယ့်သူ ဖြစ်ပါတယ်။

အဲဒီအချိန်ကျရင်တော့ သူဟာ အာကသထဲမှာ ရက်ပေါင်း ၆၆၆ ရက် နေထိုင်ဖူးသူ ဖြစ်ပါလိမ့်မယ်။ ဒီလို စံချိန်ချိုးခွင့်ရတာဟာ သူ့အတွက် ကြီးကြီးမားမား ဂုဏ်ယူစရာကြီးတခု ဖြစ်ပါတယ်လို့ အာကသယာဉ်မှူး Whitson က သမ္မတ Trump ကို ပြောပါတယ်။

အာကာသစခန်းက သူ့ရဲ့ အတွေ့အကြုံတွေကိုလည်း မစ် Whitson က သမ္မတ Trump နဲ့ သမီးဖြစ်သူ Ivanka Trump တို့ကို ပြောပြခဲ့ပါတယ်။

အာကာသထဲ အချိန်အကြာဆုံးရှိသူကို Trump ဖုန်းဆက်ချီးကျူ
please wait

No media source currently available

0:00 0:00:39 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG