သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုန်သွယ်ရေးအငြင်းပွားမှုတွေ G-7 ညီလာခံမှာ ဖြေရှင်းနိုင်ဖို့ သမ္မတ Trump မျှော်လင့်


ကနေဒါနိုင်ငံမှာ ကျင်းပတဲ့ G7 ထိပ်သီးဆွေးနွေးပွဲသို့ မထွက်ခွာမီ သတင်းထောက်များနှင့် တွေ့ဆုံနေသော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်။ (ဇွန် ၈၊ ၂၀၁၈)
ကနေဒါနိုင်ငံမှာ ကျင်းပတဲ့ G7 ထိပ်သီးဆွေးနွေးပွဲသို့ မထွက်ခွာမီ သတင်းထောက်များနှင့် တွေ့ဆုံနေသော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်။ (ဇွန် ၈၊ ၂၀၁၈)

အမေရိကန်အနေနဲ့ မဟာမိတ်နိုင်ငံတွေနဲ့ ကုန်သွယ်ရေးမှာ မညီမျှမမျှဖြစ်နေတဲ့ သဘောတူညီချက်တွေကို ကနေဒါနိုင်ငံ Quebec မြို့မှာကျင်းပနေတဲ့ G-7 ထိပ်သီးဆွေးနွေးပွဲမှာ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ မျှော်လင့်တယ်လို့ သမ္မတ Donald Trump က ပြောဆိုလိုက်ပါတယ်။

သဘောတူညီချက် မရဘူးဆိုရင်လည်း အမေရိကန်အတွက် ပိုတောင် ကောင်းနိုင်ပါတယ် ဆိပြီးတော့လည်း ထိပ်သီးဆွေးနွေးပွဲအတွက် အိမ်ဖြူတော်ကနေ မထွက်ခွာခင် သူ့ရဲ့တွီတာလူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။ ကနေဒါ၊ ဥရောပသမဂ္ဂနဲ့ မက္ကဆီကိုနိုင်ငံတွေကနေ အမေရိကန်ပြည်ထောင်စုထဲတင်သွင်းတဲ့ သံမဏိနဲ့ အလူမီနီယံသတ္တုတွေအပေါ် Trump က အခွန်စည်းကျပ်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်လို့ အမေရိကန်ရဲ့ အရင်းနှီးဆုံး မဟာမိတ်တွေကတော့ Trump နဲ့ ထိပ်တိုက် ရင်ဆိုင်ဖို့ ပြင်ဆင်ကြတာဖြစ်ပါတယ်။

Trump အနေနဲ့ ပြင်သစ်သမ္မတ Emmanuel Macron နဲ့ အရင်ဆုံးတွေ့ဆုံပြီး အဲဒီနောက် G-7 စက်မှု အင်အားကြီး နိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ ဆွေးနွေးပွဲကို တက်ရောက်မှာ ဖြစ်သလို ကနေဒါသမ္မတ Justin Trudeau နဲ့လည်း သီးသန့် တွေ့ဆုံမှာပါ။ ထိပ်သီးဆွေးနွေးပွဲမတိုင်ခင် တရက်မှာတော့ Trump က - ကနေဒါဝန်ကြီးချုပ် Trudeau ကို ဝေဖန်ထိုးနှက်ခဲ့သလို အိမ်ဖြူတော်ကလည်း အခု ထိပ်သီးဆွေးနွေးပွဲအတွင်း တချို့ ဆွေးနွေးပွဲတွေကို သမ္မတ Trump တက်ရောက်မှာ မဟုတ်ဘူးလို့ ကြေညာခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG