သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump ဖောင်ဒေးရှင်း မသမာမှု အလားအလာ New York ပြည်နယ်အစိုးရ စုံစမ်း


ရီပတ်ဘလစ်ကန်ပါတီရဲ့ သမ္မတလောင်း Donald Trump ဟာ သူ့မိသားစု တည်ထောင်ထားတဲ့ Trump Foundation ငွေတွေကို ၂၀၀၈ ခုနှစ်ကစပြီး ပရဟိတအတွက် တခါမှမသုံးခဲ့ဘဲ၊ တကြိမ်မှာဆိုရင် သူ့လုံးရပ်အတိုင်း ဆွဲထားတဲ့ သူ့ရဲ့ပုံတူပန်းချီကား တချပ် ဝယ်ရာမှာ သုံးစွဲခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်လာခဲ့ပြီးတဲ့ နောက်မှာ နယူးယောက်ပြည်နယ် အစိုးရက စုံစမ်းစစ်ဆေးမှုတွေ စတင်လုပ်ဆောင်ခဲ့ပါတယ်။

Trump Foundation မသမာဖို့ လုပ်နေတဲ့ အလားအလာနဲ့ ပတ်သက်ပြီး စိုးရိမ်မှုကြောင့် စောင့်ကြည့်နေတာဖြစ်ကြောင်း နယူးယောက်ရှေ့နေချုပ် Eric Schneiderman က အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။ Trump တက္ကသိုလ်မှာ အိမ်ခြံမြေလုပ်ငန်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သင်တန်းတွေအတွက် ကျောင်းလခ ဒေါ်လာ ထောင်ပေါင်းများစွာပေးပြီး တက်ကြတဲ့ ကျောင်းသားတွေ စာသိပ်မသင်ရတာမျိုး ရှိနေတယ်ဆိုတဲ့ စွပ်စွဲမှုတွေ ရှိခဲ့ပေမဲ့ Trump ကတော့ ဒါကို ငြင်းဆိုပါတယ်။

မိသားစုရဲ့ ဖောင်ဒေးရှင်းတွေဟာ Trump မှာရော သူ့ရဲ့ပြိုင်ဘက် ဒီမိုကရက်တစ်ပါတီက သမ္မတလောင်း Hillary Clinton မှာပါ ရှိတာပါ။

ရီပတ်ဘလစ်ကန်ပါတီကလည်း မစ္စစ် Clinton ဟာ သူ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ နိုင်ငံခြာရေးဝန်ကြီး တာဝန်ထမ်းဆောင်ချိန်မှာ သူ့ရဲ့ Clinton ဖောင်ဒေးရှင်းကို အလှူငွေ ထည့်ဝင်ကြတဲ့ ငွေကြေးချမ်းသာသူတွေကို နိုင်ငံခြားရေးဌာနက အရာရှိတွေဆီ ပေါက်ရောက်အောင် လုပ်ပေးခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။

Trump ဟာ ပရဟိတလုပ်ငန်းအတွက် လျာထားတဲ့ငွေထဲက ဒေါ်လာ ၂ သောင်းကို ၆ ပေနီးပါးရှိတဲ့ သူ့ပုံတူ ပန်းချီကားကြီးအတွက် သုံးခဲ့တယ်လို့ ဝါရှင်တန်ပို့စ် သတင်းစာကြီးက ရေးသားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG