သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ပြန်လွတ်လာတဲ့ ကန်အကျဉ်းသားတွေကို သမ္မတ Trump ကိုယ်တိုင်လေဆိပ်မှာကြို


မြောက်ကိုရီးယားမှာ ဖမ်းဆီးခံခဲ့ရပြီးနောက် ပြန်လည်လွတ်မြောက်လာတဲ့ အမေရိကန်နိုင်ငံသား ၃ ယောက် ဒီနေ့ကြာသပတေးနေ့ မနက်ပိုင်းက အမေရိကန်ကို ပြန်ရောက်လာချိန်မှာ သမ္မတ Donald Trump သွားရောက်ကြိုဆို။

မြောက်ကိုရီးယားမှာ ဖမ်းဆီးခံခဲ့ရပြီးနောက် ပြန်လည်လွတ်မြောက်လာတဲ့ အမေရိကန်နိုင်ငံသား ၃ ယောက် ဒီနေ့ကြာသပတေးနေ့ မနက်ပိုင်းက အမေရိကန်ကို ပြန်ရောက်လာချိန်မှာ သမ္မတ Donald Trump သွားရောက်ကြိုဆိုခဲ့ပြီး၊ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေး ခြေလှမ်းသစ်တွေ စတင်ပြီဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။

ဝါရှင်တန်ဒီစီနဲ့ ကပ်လျက် မေရီလန်းပြည်နယ်က Andrews လေတပ်စခန်းကို သွားရောက် ကြိုဆိုရာမှာတော့ သမ္မတ Trump ဟာ သမ္မတကတော် Melania နဲ့အတူ လွတ်မြောက်လာသူတွေ လိုက်ပါလာတဲ့ လေယာဉ်ပေါ်တက်ပြီး နှုတ်ဆက်ခဲ့ကြတာပါ။ စစ်လေယာဉ်ပေါ်က ဆင်းလာတဲ့ လွတ်မြောက်လာသူ ၃ ဦးကိုတော့ ဒုသမ္မတ Mike Pence နဲ့ နိုင်ငံခြားရေးဝန်ကြီး Mike Pompeo တို့ကလည်း နှုတ်ဆက်ခဲ့ကြပါတယ်။

လွတ်မြောက်လာသူ ၃ ဦးနဲ့ လက်ဆွဲနှုတ်ဆက်ပြီး နောက်မှာပဲ သမ္မတ Trump က ဖမ်းဆီးခံခဲ့ရသူတွေကို မမျှော်လင့်ပဲ ပြန်လွှတ်ပေးလိုက်တဲ့အတွက် မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Unကို ကျေးဇူးတင်စကား ပြောကြားခဲ့တာပါ။

ဖမ်းဆီးခံခဲ့ရသူ ၃ ဦးကိုတော့ မြောက်ကိုရီးယားခေါင်းဆောင်နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo တလအတွင်း ဒုတိယအကြိမ်အဖြစ် မိနစ် ၉၀ ကြာ တွေ့ဆုံခဲ့တဲ့ မနေ့တုန်းကပဲ ပြန်လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင်နဲ့ သမ္မတ Trump တို့ ထိပ်သီးတွေ့ဆုံဖို့ ရှိနေချိန်မှာပဲ ဖမ်းဆီးထားသူတွေ ပြန်လည်လွတ်မြောက်လာကြတာပါ။

ထိပ်သီးတွေ့ဆုံမယ့် နေရာနဲ့ အချိန်ကိုတော့ မကြာခင် ရက်ပိုင်းအတွင်း ကြေညာမယ့်အကြောင်း သမ္မတ Trump ကပြောခဲ့ပေမဲ့၊ ဖြစ်နိုင်ချေရှိတဲ့ နေရာအဖြစ် အစောပိုင်းမှာ ပြောခဲ့ဖူးတဲ့ တောင်-မြောက် ကိုရီးယား ၂ နိုင်ငံ နယ်စပ်က စစ်မဲ့ဇုန်ဒေသမှာတော့ တွေ့ဖြစ်မှာမဟုတ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ထိပ်သီးတွေ့ဆုံဖို့ ဖြစ်နိုင်ချေ အရှိဆုံးက စင်္ကာပူနိုင်ငံ ဖြစ်ကြောင်းလည်း အိမ်ဖြူတော် တာဝန်ရှိသူတွေက ပြောဆိုထားကြတာပါ။ သမ္မတ Trump ကတော့ ထိပ်သီးတွေ့ဆုံရာမှာ မြောက်ကိုရီးယား အနေနဲ့ နျူကလီးယား ကင်းစင်ရေး သဘောတူလက်ခံလာဖို့ ရည်ရွယ်ထားကြောင်း ပြောပါတယ်။

ပြန်လွတ်လာတဲ့ ကန်အကျဉ်းသားတွေကို သမ္မတ Trump ကိုယ်တိုင်လေဆိပ်မှာကြို
please wait

No media source currently available

0:00 0:01:46 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG