သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆရာ၊ ဆရာမတွေကို သေနတ်ကိုင်စေချင်တဲ့ သမ္မတ Trump


အမေရိကန်ကျောင်းတွေမှာ သေနတ်နဲ့ဝင်ပစ်တာကို တားဆီးဖို့အတွက် ဆရာဆရာမတွေကို လက်နက်တပ်ဆင်ပေးဖို့လိုတယ် ဆိုတာကို အမေရိကန်သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က သုံးရက်မြောက်ဆက်တိုက်အဖြစ် သောကြာနေ့မှာလည်းပြောပါတယ်။

ကျနော်တို့ကျောင်းတွေကို တိုက်ခိုက်ချင်သူတွေအတွက် ခက်ခဲအောင်လုပ်ဖို့ အချိန်ကျပါပြီ၊ အဲဒီလူတွေကို ကျနော်တို့ကျောင်း တွေမှာ မလိုချင်ပါဘူးလို့ ကွန်ဆာဗေးတစ်ညီလာခံတခုမှာ သမ္မတထရမ့်ပ်က သောကြာနေ့မှာပြောပါတယ်။ ကွန်ဆာဗေးတစ်ဝါဒီ နိုင်ငံရေးသမားတွေ၊ ဗျူဟာသမားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေ ထောင်ပေါင်းများစွာတက်ရောက်တဲ့ ကွန်ဆာဗေးတစ် နိုင်ငံရေး လုပ်ငန်းဆိုင်ရာ နှစ်ပတ်လည်ညီလာခံ CPAC ကို ဝါရှင်တန်ဒီစီနားက မေရီလန်းပြည်နယ်မှာ ကျင်းပနေတာပါ။

ကြာသပတေးနေ့က ပြောခဲ့သလိုပဲ ကျောင်းတွေမှာ သေနတ်နဲ့ဝင်ပစ်တာကို ကာကွယ်တားဆီးဖို့အတွက် ဆရာဆရာမ ၂၀% အထိကို လက်နက်တပ်ဆင်ပေးဖို့ သမ္မတထရမ့်ပ်က ထပ်ပြောပါတယ်။

ဒီတိုက်ခိုက်သူတွေဟာ သူရဲဘောကြောင်သူတွေဖြစ်ကြတာကြောင့် ဒီလိုလုပ်တာက အဓိက အတားအဆီးတခု ဖြစ်သွားပါမယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ဖလော်ရီဒါပြည်နယ်၊ Parkland မြို့ Marjory Stoneman Douglas အထက်တန်းကျောင်းမှာ သေနတ်နဲ့ဝင်ပစ်လို့ ကျောင်းသားကျောင်းသူနဲ့ ဝန်ထမ်း စုစုပေါင်း ၁၇ ယောက် သေဆုံးခဲ့ရပြီးတဲ့နောက် အမေရိကန်ပြည်ထောင် စုမှာ သေနတ်ကိုင်ဆောင်ခွင့် ထိန်းချုပ်ရေး ငြင်းခုန်ပြောဆိုတာတွေ တကျော့ပြန်ဖြစ်လာနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG