သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်သမ္မတ ရွေးကောက်ပွဲ မဲဆွယ်မှုအခြေအနေ


Donald Trump နဲ့ Hillary Clinton တို့ မဲဆွယ်စည်းရုံးစဉ်
Donald Trump နဲ့ Hillary Clinton တို့ မဲဆွယ်စည်းရုံးစဉ်

နိုဝင်ဘာ ၈ရက်နေ့ကျရင် အမေရိကန်ပြည်ထောင်စုမှာ သမ္မတရွေးကောက်ပွဲတွေ ကျင်းပတော့မှာပါ။ အခုလို တဖြည်းဖြည်း နီးလာတဲ့ အချိန်မှာ သမ္မတလောင်းတွေ ကလည်း ပြည်သူတွေရဲ့ ထောက်ခံမှုကိုရဖို့ နည်းမျိုးစုံနဲ့ အကြိတ်အနယ် မဲဆွယ်နေ ပါတယ်။ ဒီမဲဆွယ်စည်းရုံး မှုတွေရဲ့ နောက်ဆုံးအခြေအနေ ဘယ်လိုရှိသလဲ ကြည့် ရအောင်ပါ။

မေး - မနန္ဒာချမ်း ။ ။ ကိုဇော်ဝင်းလှိုင်ရေ၊ အမေရိကန် သမ္မတရွေးကောက် ပွဲကလည်း တဖြည်းဖြည်း နီးလာနေပြီဆိုတော့ မဲဆွယ် စည်းရုံးမှုတွေမှာလည်း ကိုယ်စားလှယ်ေ လာင်းတွေက အရှိန်မြင့် လုပ်ဆောင်နေကြတယ်နော်။ အခု သမ္မတလောင်း ၂ ဦး ကြားက မဲဆွယ် စည်းရုံးမှု အခြေအနေတွေ ဘယ်အဆင့်ရောက်နေပြီလဲ ပြော ပါဦးရှင့်။

ဖြေ - ကိုဇော်ဝင်းလှိုင်။ ။ အမေရိကန်သမ္မတလောင်း ၂ ယောက်ဖြစ်ကြတဲ့ ဒီမိုကရက်ပါတီက Hillary Clinton နဲ့ ရီပတ်ဘလီကန်ပါတီက Donald Trump တို့ ၂ ယောက်ကြားက မဲဆွယ် စည်းရုံးမှု အခြေအနတွေကတော့ ဒီသီတင်းပတ်ထဲမှာ အတော်လေး ဆိုးရွားတဲ့ အခြေအနေကို ရောက်သွားခဲ့တယ်လို့ ပြောရမှာပဲဗျ။

အခုဆိုရင် တယောက်နဲ့ တယောက် ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေပါ လုပ်လာနေကြ ပြီလေ။ ပြိုင်ဖက်လူဟာ သမ္မတမဖြစ်သင့်တဲ့သူဆိုတာမျိုး မဲဆန္ဒရှင်တွေအကြား အကြောက်တရားဝင်လာအောင် အပြိုင်အဆိုင် မဲဆွယ် စည်းရုံးနေကြတယ်လေ။ ပြီး ခဲ့တဲ့ရက်ပိုင်းအတွင်း ထူးခြားတဲ့ ပြောင်းလဲမှုကတော့ Trump က အာဖရိကန်-အမေရိကန် လို့ခေါ်တဲ့ အမေရိကန် လူမဲတွေ သူ့ကို မဲပေးကြဖို့အတွက် စည်းရုံး မှုတွေ အရှိန်မြင့် လုပ်လာတာကို တွေ့ရတယ်။

မေး။ Trump ကို လူမဲတွေရော၊ လက်တီနိုးတွေရော၊ တခြား လူဖြူမဟုတ်တဲ့ လူနည်း စုတွေကရော မကြိုက်ကြဘူး မဟုတ်လား။ ဒီလူတွေရဲ့ မဲတွေက သမ္မတေ ရွးကောက်ပွဲမှာ ဘယ်လောက် အရေးပါသလဲရှင့်။

ဖြေ။ ရွေးကောက်ပွဲတွေမှာ မဲတပြားတိုင်းက အရေးပါတာပဲ မနန္ဒာရဲ့။ ကိုယ့်ကို ထောက်ခံမှုများလေ၊ ကိုယ့်အတွက် အနိုင်ရဖို့ အခွင့်အရေး ပိုရှိလေပဲလေ။ Trump အပေါ် လူဖြူမဟုတ်တဲ့သူတွေက မထောက်ခံ ကြတာ၊ ထောက်ခံမှု နည်း တာကတော့ သူ့ရဲ့ ရပ်တည်ချက်၊ အပြောအဆိုတွေနဲ့ ဆိုင်တယ်။

Trump ဟာ လူဖြူမဟုတ်တဲ့သူတွေကို မုန်းတီးရေး လှုပ်ရှား ရပ်တည်နေတဲ့ အစွန်းေ ရာက်တွေနဲ့ နီးစပ်မှုရှိတယ်လို့ အစောပိုင်းက စွပ်စွဲ ပြောဆိုခံနေရတဲ့ကြားကပဲ Alt-Right လှုပ်ရှားမှုလို့ခေါ်တဲ့ ယဉ်ကျေးမှုပေါင်းစုံ ပါဝင်တာ၊ အမေရိကန် ပြည်ထောင်စုထဲကို တခြားလူမျိုးတွေ လာရောက် ရွေ့ပြောင်းနေထိုင်တာတွေကို ဆန့်ကျင်တဲ့အဖွဲ့ရဲ့ အကြီးအကဲကို သူ့ရဲ့ မဲဆွယ်စည်းရုံးမှုအဖွဲ့ မန်နေဂျာအဖြစ် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ ခန့်လိုက်တယ်လေ။ ဆိုတော့ အရင်ကတည်းက လူမျိုးခြားတွေကို မုန်းပါတယ်လို့ အမြင်ခံနေရတဲ့ Trump အပေါ် ကျန်တဲ့လူတွေက ပိုပြီးတောင် ထောက်ခံဖို့ ဝေးသွားသလို ဖြစ်နေတယ်။

မေး။ သူ့ရဲ့ လူဝင်မှုကြီးကြပ်ရေးပေါ်လစီတွေကရောရှင့်၊ အစောပိုင်းမှာ တရား မဝင်နေထိုင်နေသူတွေ အားလုံးကို မောင်းထုတ်မယ်၊ မက္ကဆီကိုနဲ့ အမေရိကန် နယ်စပ်မှာ တံတိုင်းဆောက်မယ်ဆိုပြီး ပြောဆိုခဲ့တာတွေ ဒီရက်ထဲမှာ နည်းနည်း လေသံပြောင်းသွားတယ်ဆို။

ဖြေ။ ဟုတ်တယ်ဗျ။ လေသံပြောင်းတယ်၊ ရပ်တည်ချက်ပြောင်းလာတယ် တူတူ ပဲပေါ့နော်။ အမေရိကန်နိုင်ငံထဲမှာ တရားမဝင် ရောက်နေကြတဲ့ လက်တီနိုး ၁၁ သန်းလောက်ကို အစောပိုင်းက လုံးဝမောင်းထုတ်မယ်လို့ Trump က ကြွေးကြော် ခဲ့တယ်။ တကယ်တော့ သူ ဒီအဆင့်အထိ ရောက်လာတာဟာ အဲဒီလို တရား မဝင်နေထိုင်သူတွေကို မောင်းထုတ်မယ်ဆိုတဲ့ ကြွေးကြော်သံကြောင့်လို့ နိုင်ငံရေး သုံးသပ်သူတွေက ယူဆကြတယ်လေ။

အခုတော့ သူက အဲဒီလူတွေကိစ္စကို ပြန်စဉ်းစားမယ်၊ ပြန်စီစစ်မယ်။ တချို့နေခွင့်ရှိ သူတွေကို နေထိုင်ခွင့်ပြုမယ်ဆိုတဲ့ ပုံစံမျိုးပြောလာတယ်။ ဒီနေရာမှာ ထူးခြားတာက သူအရင်က ပြောခဲ့တဲ့ မောင်းထုတ်ပစ်မယ်ဆိုတဲ့ မူကိုလဲ သူက လုံးလုံးကြီး ပစ် ပယ်မယ်လို့ ပြောတာ မဟုတ်ဘူး။ နှစ်ဖက်ခွ သဘောမျိုး ရပ်တည်လာတာပေါ့။

Trump က သူသမ္မတဖြစ်ရင် လူမဲတွေအတွက် အတတ်နိုင်ဆုံး အလုပ်အကိုင်တွေ ရနိုင်အောင်၊ စီးပွား တိုးတက်အောင် လုပ်ပေးမယ်၊ ဒါကြောင့် သူ့ကို မဲပေးကြပါ ဆိုပြီး ဒီရက်ပိုင်းအတွင်း မဲဆွယ် စည်းရုံးနေတာဟာ လူမဲတွေရဲ့ မဲတွေကို ရနိုင်ဖို့ ဆိုတာထက် အခုချိန်ထိ ဘယ်သူ့ကို မဲပေးရမလဲလို့ မဆုံးဖြတ်ရသေးတဲ့ လူဖြူတွေ ကို စည်းရုံးနေတာလို့ တချို့ နိုင်ငံရေးအကဲခတ်တွေ သုံးသပ်ကြတာက သုံးသပ် ကြတယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ အစောပိုင်းမှာ သူပြောခဲ့တာတွေဟာ အစွန်းရောက် လွန်းတဲ့အတွက် Hillary Clinton ကို မကြိုက်ပေမယ့်လည်း Trump ကိုတော့ အဲဒီအချက်ကြောင့် မဲမပေးချင်ဘူးလို့ - ဖြစ်နေတဲ့သူတွေ အများကြီး ရှိတာ ကိုး။ အဲဒီလူတွေကို Trump က စည်းရုံးနေတာတဲ့။

ဒါပေမယ့် သူက အပြောအဆိုကလည်းမတတ်၊ နောက် စောစောက ပြောခဲ့သလို သူ့ဘေးနားရှိတဲ့သူတွေကလည်း လူမျိုးခြား မုန်းတီးရေး လုပ်တဲ့သူတွေဆိုတော့ သူ့အနေနဲ့ ဘယ်လောက်ပဲ စည်းရုံး စည်းရုံး သူ့ကို ထောက်ခံကြမှာမဟုတ်ဘူးလို့ ယူဆကြတယ်။ အခုချိန်ထိလဲ လူထုစစ်တမ်းတွေမှာ သူ့ကို ထောက်ခံတဲ့ လူမဲ အရေ အတွက်က ၂% လောက်ပဲ ရှိတယ်တဲ့။ ဒီထက်လဲ ပိုလာမှာ မဟုတ်ဘူးလို့ ပြော ကြတယ်။

မေး။ Trump ကိစ္စကတော့ ဟုတ်ပါပြီ။ Hillary Clinton ကရောရှင့်။ အခုချိန်ထိ သူက လူထုစစ်တမ်းတွေမှာ Trmpm ထက် သာတယ်ဆိုပေမယ့် သူ့ကို မကြိုက်တဲ့ သူတွေလည်း အများကြီး ရှိတယ်မဟုတ်လား။

ဖြေ။ အခု ရွေးကောက်ပွဲ ဝင်ကြမယ့် သမ္မတလောင်း ၂ ယောက်စလုံးဟာ အမေရိ ကန်နိုင်ငံရေး သမိုင်းတလျှောက်မှာ လူကြိုက် အနဲဆုံးတွေဆိုပြီး ဒီမှာရှိတဲ့ သတင်း ဌာနတွေ အားလုံးက ပြောကြတယ်လေ။ ဒါဆို သူတို့ ဘယ်အဆင့်မှာ ရှိတယ် ဆိုတာကို ခန့်မှန်းလို့ ရတာပေါ့နော်။ Hillary Clinton ဟာ အုပ်ချုပ်ရေးပိုင်းမှာ Trump ထက် အတွေ့အကြုံ ရှိတယ်ဆိုပေမယ့် သူ့ရဲ့ Email အရှုပ်တော်ပုံ ကိစ္စ၊ နောက် Clinton Foundation ကို ငွေလှုတဲ့ ကိစ္စတွေမှာ မရိုးသားမှုတွေ အများကြီးတွေ့ရတယ်ဆိုပြီး လူအတော်များများက မကြိုက်ကြတာ။ သူမအပေါ် ယုံကြည်မှု နဲကြတာလေ။ အဲဒီ အားနဲချက်ကိုတွေက Trump အုပ်စုကလည်း အမိအရ ဆုပ်ကိုင်ပြီး သူမကို ထိုးနှက်နေကြတာပဲလေ။

မေး။ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ရောရှင့်။ ကိုယ်စားလှယ်နှစ်ယောက်အကြားမှာ ဘာတွေများ ပြောဆိုကြတာတွေ ရှိလဲ။

ဖြေ ။ အခုချိန်ထိတော့ နိုင်ငံခြားရေး ပေါ်လစီကို ပြောကြတဲ့အခါမှာ မြန်မာနိုင်ငံ အကြောင်းရယ်လို့တော့ သီးခြား ပြောဆိုကြတာတွေတော့ မရှိသေးဘူးဗျ။ Hillary Clinton ကတော့ မြန်မာနိုင်ငံကို ရောက်ဘူးတယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ရင်းနှီးပြီးသားဖြစ်တယ်ဆိုတဲ့ အမြင်မျိုး အမေရိကန်မှာရှိနေကြတဲ့ မြန်မာတွေကြားမှာ ရှိကြတယ်လေ။ ဒါပေမယ့် မြန်မာတွေကြားမှာလည်း Donald Trump ကို ထောက် ခံသူတွေ ရှိကြတာပဲ။ ဆိုတော့ ကိုယ့်ပုဂ္ဂိုလ် တဦးချင်းစီရဲ့ နိုင်ငံရေး အမြင်ပေါ် မူတည်ပြီး သမ္မတလောင်း ၂ ယောက်စလုံးကို တမျိုးစီ ကြိုက်နှစ်သက်တဲ့သူတွေ ရှိကြတာပေါ့ဗျာ။

အမေရိကန်သမ္မတရွေးကောက်ပွဲ
please wait

No media source currently available

0:00 0:05:02 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG