သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေးအတွက် မြောက်ကိုရီးယားအသင့်ရှိဟု Donald Trump ယူဆ


မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းက အမေရိကန် သမ္မတနဲ့ တွေ့ဆုံဆွေးနွေးလိုတဲ့ ဆန္ဒကို ထုတ်ဖော် ကြေညာခဲ့ပြီး နောက်မှာတော့ မြောက်ကိုရီးယားဟာ ငြိမ်းချမ်းရေးအတွက် အဆင်သင့်ရှိနေပြီလို့ ယုံကြည်တဲ့ အကြောင်း အမေရိကန် သမ္မတ Donald Trump က ပြောဆိုလိုက်ပါတယ်။

ပင်ဆယ်လ်ဗေးနီးယား ပြည်နယ် အနောက်ပိုင်းက လေယာဉ်ထားရာ ရုံမှာ မနေ့ စနေနေ့ညက လုပ်တဲ့ နိုင်ငံရေး စည်းရုံပွဲတခုမှာ သမ္မတ Trump က ပြောဆိုခဲ့တာပါ။ ကမ္ဘာတလွှားကို နျူးကလီးယား လက်နက်တွေနဲ့ ခြိမ်းခြောက်နေတဲ့ ကင်ဂျုံအွန်း အနေနဲ့ အခုတော့ ဒုံးကျည်တွေ ပစ်လွှတ်တော့မှာ မဟုတ်ဘူးလို့ အမေရိကန် သမ္မတ Trump က ပြောဆိုခဲ့တာပါ။ မြောက်ကိုရီးယားနဲ့ အမေရိကန် ခေါင်းဆောင် နှစ်ဦးတို့ကြား မကြုံစဖူး မျက်နှာချင်းဆိုင်တွေ့ဆုံ ဆွေးနွေးဖို့ စီစဉ်နေကြချိန်မှာဘဲ သမ္မတ Trump က ပြောဆိုတာ ဖြစ်ပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ တွေ့ဆုံတဲ့ အခါမှာ ချက်ချင်း ထပြန်လာတာ ဒါမှမဟုတ်လည်း နှစ်ယောက် ထိုင်ပြီး ကမ္ဘာကြီးအတွက် အကြီးကျယ်ဆုံး သဘောတူညီချက်တခုကို ဆောင်ရွက်နိုင်တာမျိုးလည်း ဖြစ်နိုင်ကြောင်း သမ္မတ Trump က ထပ်လောင်း ပြောဆိုပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ မကြာခင်က ကျင်းပခဲ့တဲ့ ဆောင်းရာသီ အိုလံပစ်ပွဲတော် အောင်မြင်ခဲ့တဲ့ အပေါ်မှာလည်း သမ္မတ Trump က အမှတ်ယူပါတယ်။ နျူးကလီးယားနဲ့ တိုက်ခိုက်မယ့် အရေး ခြိမ်းခြောက်မှုကို လျှော့ချနိုင်ရေး သူ့အနေနဲ့ မဆောင်ရွက်ခဲ့ဘူးဆိုရင် လုံး၀ အောင်မြင်ခဲ့မှာ မဟုတ်ဘူးလို့ သမ္မတ Trump က ပြောဆိုခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG