သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားဆီက ချက်ချင်းအဖြေရဖို့ Donald Trump မျှော်လင့်


G-7 ထိပ်သီးစည်းဝေးပွဲမှာ သမ္မတ Donald Trump စကားပြောစဉ်။ (ဇွန် ၉၊ ၂၀၁၈)
G-7 ထိပ်သီးစည်းဝေးပွဲမှာ သမ္မတ Donald Trump စကားပြောစဉ်။ (ဇွန် ၉၊ ၂၀၁၈)

လာမယ့် ဇွန်လ ၁၂ ရက်နေ့ စင်္ကာပူနိုင်ငံမှာ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ တွေ့ဆုံမယ့်ပွဲဟာ တကြိမ်တည်းပဲဖြစ်ပြီး နျူကလီယားလက်နက်ဖျက်သိမ်းရေးကိစ္စကို ဆွေးနွေးမှာဖြစ်တယ်လို့ သမ္မတထရမ့်က စနေနေ့က ပြောကြားခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲမှာ Kim Jong Un အနေနဲ့ နျူကလီယားလက်နက် ဖျက်သိမ်းရေး ဘယ်လောက် အလေးအနက် ထားလဲဆိုတာ သူ့ကိုတွေ့ပြီးတာနဲ့ ချက်ချင်း သိရလိမ့်မယ်လို့ မျှော်လင့်ကြောင်း သမ္မတထရမ့်က သတင်းထောက်တွေကို ပြောပါတယ်။

ကနေဒါနိုင်ငံက Quebec မှာ ကျင်းပနေတဲ့ G7 စက်မှုထိပ်သီးအစည်းအဝေးက မထွက်ခွာခင်မှာ သူက အဲဒီလို ပြောကြားခဲ့တာဖြစ်ပါတယ်။

Kim နဲ့ တွေ့ဆုံမယ့်ကိစ္စဟာ ငြိမ်းချမ်းရေးတာဝန်ထမ်းဆောင်ခြင်းဖြစ်ပြီး မြောက်ကိုရီးယားနိုင်ငံ အနာဂတ် အတွက် အကောင်းမြင်တယ်လို့လည်း ဆိုပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ သိပ်တိုတောင်းတဲ့ အချိန်ကာလ အတွင်း အံမခန်းဒေသတခုဖြစ်လာလိမ့်မယ်လို့လည်း သမ္မတထရမ့်က ပြောပါတယ်။ ထရမ့်အစိုးရကတော့ ကိုးရီးယားကျွန်းဆွယ်မှာ နျူကလီယားဖျက်သိမ်းရေးကို အပြီးသတ်ဆောင်ရွက်နိုင်ဖို့ မျှော်လင့်နေပြီး အပြန်အလှန်အားဖြင့် မြောက်ကိုရီးယားကတော့ နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုတွေကနေ သက်သာရာရဖို့ မျှော်လင့်နေတယ်လို့ ယူဆရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG