သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump လူဝင်မှုကြီးကြပ်ရေး ဝါဒသစ် ဝေဖန်ခံရ


သမ္မတ Donald Trump ရဲ့ လူဝင်မှုကြီးကြပ်ရေးစနစ် ပြုပြင်ပြောင်းလဲမယ့် အစီအစဉ်ကို ဆန္ဒပြနေကြသူများ။ ဇန်နဝါရီလ ၃ ရက် Los Angeles, California, Jan.
သမ္မတ Donald Trump ရဲ့ လူဝင်မှုကြီးကြပ်ရေးစနစ် ပြုပြင်ပြောင်းလဲမယ့် အစီအစဉ်ကို ဆန္ဒပြနေကြသူများ။ ဇန်နဝါရီလ ၃ ရက် Los Angeles, California, Jan.

သမ္မတ Donald Trump ရဲ့ လူဝင်မှုကြီးကြပ်ရေးစနစ် ပြုပြင်ပြောင်းလဲမယ့် အစီအစဉ်ကို သဘောထား အပျော့အပြောင်း နှစ်ဘက်စလုံးက အပြင်းအထန်ဝေဖန်နေကြပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်တဲ့ သမ္မတ Trump ရဲ့ လုပ်ရပ်အများအပြားကို ချီးကျူးပြောကြားပြီး လူဝင်မှုကန့်သတ်တာကို လိုလားတဲ့ ဝါရှင်တန်အခြေစိုက် လူဝင်မှုလေ့လာရေးဌာနကဆိုရင် အထောက်အထားမရှိတဲ့ လူငယ် ၁.၈ သန်းကို အမေရိကန်နိုင်ငံသားပြုပေးမယ့် ကိစ္စဟာ “လွတ်ငြိမ်းချမ်းသာခွင့် ချက်ချင်း” ပေးလိုက်သလို ဖြစ်နေတယ်လို့ ဆိုပါတယ်။ တဖက်မှာတော့ အမေရိကန်နိုင်ငံသားဖြစ်ခွင့်ရသူတွေရဲ့ မိသားစုတွေခေါ်ယူခွင့်ကျတော့ အချိန်အကြာကြီး ဆွဲထားတယ်လို့လဲ အဲဒီအဖွဲ့ရဲ့ မူဝါဒညွန်ကြားရေးမှူးက ဆိုပါတယ်။

DACA ခေါ် ကလေးဘဝရောက်ရှိသူတွေကို ကင်းလွတ်ခွင့်ပေးတဲ့ အစီအစဉ်အရ ဝင်ရောက်ခွင့်ရသူတွေ နိုင်ငံသားဖြစ်ခွင့်ဟာ ၁၀ နှစ် ၁၂ နှစ် ကြာဖြစ်စေမယ့် သမ္မတ Trump ရဲ့ မူဘောင်ဟာ အမေရိကန်စီးပွားရေးမှာ လိုအပ်တဲ့ လုပ်ငန်းကျွမ်းကျင်သူတွေကို ဦးစားပေးမှာဖြစ်ပြီး ကမ္ဘာတလွှား ကံစမ်းမဲဖောက်ပြီး ဗီဇာပေးတဲ့ အစီအစဉ်ကို ရပ်ဆိုင်းမှာဖြစ်ပါတယ်။ ဒါအပြင် မက္ကဆီကို နယ်စပ်တလျောက် တံတိုင်းစိုက်ထူပြီး နယ်စပ်လုံခြုံရေးကို တိုးမြှင့်သွားမှာဖြစ်ပါတယ်။ အင်္ဂါနေ့ ပြည်ထောင်စု အခြေပြ မိန့်ခွန်းမှာ ချခင်းပြသွားတဲ့ Trump ရဲ့ ဒီအစီအစဉ်ကို ပြည်ဝင်ခွင့် လူ့အခွင့်အရေးလှုပ်ရှားသူတေါက အပြင်းအထန်ဝေဖန်နေကြပါတယ်။

Trump လူဝင်မှုကြီးကြပ်ရေး ဝါဒသစ် ဝေဖန်ခံရ
please wait

No media source currently available

0:00 0:01:20 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG