သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Kim Jong Un တွေ့ဆုံမယ့်ကိစ္စ အိမ်ဖြူတော်ကာကွယ်


အိမ်ဖြူတော်ပြောခွင့်ရ Sarah Huckabee Sanders သတင်းစာရှင်းလင်းနေစဉ်

သမ္မတ Donald Trump က မြောက်ကိုရီးယားခေါင်းဆောင် Kim Jong-Un နဲ့ မျက်နှာချင်းဆိုင်တွေ့ဆုံဖို့ သဘောတူလိုက်တာမှာ ဘယ်လို အလျှော့ပေး လိုက်လျောတာမျိုးမှ မရှိခဲ့ဘူးလို့ သမ္မတအိမ်ဖြူတော်က သောကြာနေ့မှာ အလေးအနက် ပြောပါ တယ်။

အရင် အမေရိကန်အစိုးရတွေတုန်းကမရှိခဲ့တဲ့ အင်အားအနေအထားနဲ့ လုပ်ဆောင်နေ တယ်လို့ အိမ်ဖြူတော်ပြောခွင့်ရ Sarah Huckabee Sanders ကဆိုပြီး Trump အစိုးရက အမြင့်မားဆုံး ဖိအားပေးတာကြောင့် မြောက်ကိုရီးယားဟာ ချိနဲ့တဲ့အနေအထား ရောက်လာပြီလို့ပြောပါတယ်။

မြောက်ကိုရီးယားဘက်က ခိုင်မာတဲ့ အဆင့်တွေနဲ့ လုပ်ဆောင်ချက်တွေကို မတွေ့ရဘဲနဲ့တော့ ဒီတွေ့ဆုံပွဲကို သမ္မတက လုပ်မှာ မဟုတ်ဘူးလို့လည်း ပြောခွင့်ရ Sanders ကပြောပါတယ်။ နျူကလီးယားနဲ့ ပဲ့ထိန်းဒုံးကျည် စမ်းသပ်တာတွေကို ရပ်ဆိုင်းထားမယ်လို့ ကိုရီးယားနှစ်နိုင်ငံကြား ထိပ်သီးအစည်းအဝေးအတွင်း မြောက်ကိုရီးယားက ကတိပြုခဲ့တယ်လို့ တောင်ကိုရီးယား တာဝန်ရှိသူတွေ ကပြောပါတယ်။ မြောက်ကိုရီးယားကို နျူကလီးယားကင်းမဲ့တဲ့ နိုင်ငံဖြစ်အောင် လုပ်ဖို့အတွက် သူလိုချင်တဲ့ အခွင့်အလန်းကို သမ္မတ ရလာတာဖြစ်တယ်လို့ ပြောခွင့်ရ Sanders ကပြောပါတယ်။

သမ္မတTrump က ကင်မ် ဂျူံ-အွန်းနဲ့တွေ့ဆုံဖို့ သဘောတူတယ်လို့ တောင်ကိုရီးယား တာဝန်ရှိသူတွေက အိမ်ဖြူတော်ရှေ့မှာ ကြာသပတေးနေ့က ကြေညာတာပါ။ သမ္မတTrump ဘက်က ရုတ်တရက် အခုလို လက်ခံလိုက်တာဟာ သက်ဆိုင်ရာ အမေရိကန်အစိုးရဌာနတွေပါဝင်ပြီး လအတော်ကြာ ပြင်ဆင်မှုကနေ ဖြစ်လာတာလို့ အိမ်ဖြူတော်က အခိုင်အမာပြောပါတယ်။

Kim Jong Un တွေ့ဆုံမယ့်ကိစ္စ အိမ်ဖြူတော်ကာကွယ်
please wait

No media source currently available

0:00 0:02:53 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG