သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ကို သမ္မတ Trump ချီးကျူး


ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheikh Hasina
ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheikh Hasina

မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခိုလှုံကြတဲ့ ရိုဟင်ဂျာတွေ အရေးနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ် Sheikh Hasina ရဲ့ ပုဂ္ဂိုလ်ရေး ဦးဆောင်မှုကို အမေရိကန်သမ္မတ Donald Trump က ချီးကျူးပြောဆိုလိုက်ပါတယ်။

မတ်လ ၂၆ ရက် တနင်္လာနေ့မှာ ကျရောက်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် တနင်္ဂနွေနေ့မှာ ပေးပို့တဲ့ သဝဏ်လွှာမှာ သမ္မတထရမ့်ပ်က အဲဒီလို ချီးကျူူးထားတာပါ။

ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခိုလှုံလာသူ ရိုဟင်ဂျာအမျိုးသား၊ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေကို အကူအညီပေးရာမှာ ဝန်ကြီးချုပ် Hasina ရဲ့ ဦးဆောင်မှုဟာ အရေးပါပြီး လိုအပ်နေသူတွေကို အကူညီပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း သမ္မတ Trump က ပြောကြားထားတာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်သမ္မတ Md Abdul Hamid နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေအနေနဲ့လည်း အခုလို လိုအပ်နေသူတွေကို ကူညီခဲ့တာအတွက် အမေရိကန်ပြည်ထောင်စုက လေးစားဂုဏ်ယူကြောင်းနဲ့ လွတ်လပ်ရေးအခါသမယမှာ စိတ်ချမ်းမြေ့စေဖို့လည်း ဆုမွန်ကောင်း တောင်းပေးခဲ့တာပါ။

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်သမ္မတနဲ့ ဝန်ကြီးချုပ်တို့ဆီ သီးသန့်စာတွေ ရေးသားပေးပို့ရာမှာ အမေရိကန်နဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံဆက်ဆံရေး သိပ်ကို ကောင်းမွန်ပြီး၊ နှစ်နိုင်ငံ အနီးကပ်ပူးပေါင်းဆောင်ရွက်မှုတွေကနေ လုံခြုံရေးနဲ့ သာယာဝပြောရေး ရေရှည်တည်တံ့ဖို့ အထောက်အကူ ဖြစ်စေတယ်လို့လည်း သမ္မတ Trump က ပြောပါတယ်။

ရခိုင်ပြည်နယ်ကနေ ထွက်ပြေးလာတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာမူစလင်တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက လက်ခံထားတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG